ပေးရတဲ့စျေးနဲ့တန်ပီးလက်ရာလေးလည်းကောင်းပါတယ်ဒီထက်မကရောင်းရပါစေ
Wakema Burmese & Asian Fusion မှ ဖြေကြားချက်
3 days ago
အဆင်ပြေတာသိရလို့ဝမ်းသာပါတယ်။ နောက်လည်းလိုအပ်ရင်ဝယ်ယူစားသုံးနိုင်ပါတယ်ရှင်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
ဝက်လက်စွပ်ပြုတ်အရသာ အတော်ကောင်းပါတယ်။
မရရှိနိုင်ပါ
ဝက်လက်စွပ်ပြုတ်
ငပိရည်နှင့်တို့စရာ
MMK 2,200
Wakema Burmese & Asian Fusion မှ ဖြေကြားချက်
2 months ago
စားရတာ အဆင်ပြေတာသိရလို့ဝမ်းသာပါတယ်။ မှာယူစားသုံးပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်
vey delicious and tasty
ငပိရည်နှင့်တို့စရာ
MMK 2,200
ထမင်းဖြူ+ပုစွန်ကြော်+အရန်ဟင်း
MMK 4,900
Wakema Burmese & Asian Fusion မှ ဖြေကြားချက်
3 weeks ago
Thank you so much for your feedback and for your purchase. Wishing you a lovely and pleasant day ahead!
ပုံမှန်ဆို အပြင်ထမင်းဆိုင်တွေက အချိုမှုန့်သုံးတာအရမ်းများတယ်။ ဒီဆိုင်ကတော့ လွန်လွန်ကြူးကြူးမသုံးဘူးပြောရမယ်၊ စားကြည့်လိုက်ရင် သိသာပါတယ်။ ဟင်းချက်လက်ရာလည်း ကောင်းတယ်။
ထမင်းဖြူ+ကြက်သားဟင်း+အရန်ဟင်း
MMK 4,900
Wakema Burmese & Asian Fusion မှ ဖြေကြားချက်
2 months ago
စားရအဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ်ရှင့်။ ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်
အရသာကောင်းပြီး စျေးတန်ပါတယ် ဒီနေ့ပဲနှပ်က နည်းနည်းမာပါတယ်
Wakema Burmese & Asian Fusion မှ ဖြေကြားချက်
3 months ago
စားရတာအဆင်ပြေတယ်ဆိုလို့ဝမ်းသာပါတယ်ရှင့်။ နောက်နေ့ပဲနှပ်လေး မမာဖို့ ပြောပေးပါ့မယ်။
ပထမဆုံး မှာစားဖူးတာပါ..တခြား မြန်မာထမင်းဟင်းဆိုင်ထက်ပါဝင်မှုကတော်တော်နည်းပါတယ်
Wakema Burmese & Asian Fusion မှ ဖြေကြားချက်
3 months ago
Portion လေးနည်းသွားတယ်ဆိုလို့စိတ်မကောင်းပါဘူးရှင့်။ မနက်ကမှာတာ ဝက်သားအဆီနဲ့အသားမျှထည့်ခိုင်းတာ ဒီနေ့အဆီတုံးသတ်သတ်မရှိလို့ ရှိတာပဲထည့်ပေးလိုက်ရလို့ ပဲပင်ပေါက်ကြော်တပွဲအပိုလက်ေဆာင်ထည့်ပေးလိုက်ပါသေးတယ်ရှင့်။ feedback လေးအတွက်ကျေးဇူးပါရှင့်
ကုလားပဲနှပ်က မကောင်းတော့ဘူး ၊ အနံ့နည်းနည်းထွက်ပြီး အရသာပါပြောင်းနေတယ်။ ကျန်တာတွေကတော့ အဆင်ပြေပါတယ်။
Wakema Burmese & Asian Fusion မှ ဖြေကြားချက်
2 months ago
နောက်မဖြစ်အောင် သေချာပြန်ပြောလိုက်ပါ့မယ်ရှင့်။ အဆင်မပြေဖြစ်သွားလို့တောင်းပန်ပါတယ်။ဝယ်ယူစားသုံးတဲ့အတွက်ရော feedback လေးအတွက်ပါ ကျေးဇူးပါရှင့်
ဘဲဉဟင်းမှာတာ ကြက်ဉကို အနှစ်နဲ့နယ်ပေးလိုက်တယ် ကြက်ဉက ပြုတ်ထားတဲ့အဖြူရောင်တောင်မပျောက် ဝက်သားဟင်းကလဲ မဲသဲနေတာပဲ
Wakema Burmese & Asian Fusion မှ ဖြေကြားချက်
3 days ago
မှာစားရတာ အဆင်မပြေဖြစ်သွားလို့ တောင်းပန်ပါတယ်ရှင့်။ ဆိုင်မှာက ဘဲဥဟင်းမရောင်းဘဲ ကြက်ဥဟင်းပဲ ရောင်းပါတယ်။ ဝက်သားကလည်း ဝက်ချိုချက်ချက်ထားလို့ပါ တူးပြီး မဲနေတာမျိုးလုံးဝမဟုတ်ပါဘူးရှင့်
ပုစွန်အသေး ၂ ကောင်ကို မတန်တရာ ရောင်းစား တူသောအကျိုးပေးမယ် တခါစားပေါ
Wakema Burmese & Asian Fusion မှ ဖြေကြားချက်
3 months ago
ပုစွန်က ထမင်းနဲ့ set မှာတာထမင်းရယ်၊ ရိုးရိုးပုစွန်မဟုတ်ဘဲပုစွန်ထုပ်ရယ်၊ အရန်ဟင်းရယ်ထည့်ပေးတာ ကော်မရှင်တွေ၊ပရိုမိုးရှင်းနဲ့အခွန်အခတွေပါမှ3000ပဲရလို့ပါ။ ဒီဆိုင်မှာ မှာရရတာအဆင်မပြေတာသိရလို့ဝမ်းနည်းပါတယ်ရှင့်။ ပုစွန်ထုပ်မို့ပါ
လက်ဖက်ထမင်းသုပ်အရသာမကောင်းပ့
ပေးရတဲ့ဈေးနဲ့မတန်ပါ အမဲသားက သေးသေးလေးနှစ်တုံးရယ် ထမင်းက ၃လုတ်စာလောက်လေးရယ် စေတနာပါပါလေးတော့ရောင်းပေးသင့်ပါတယ်
Wakema Burmese & Asian Fusion မှ ဖြေကြားချက်
2 months ago
အမဲသားက ထမင်းဟင်း set နဲ့မှာလို့ တယောက်စာပဲထည့်ပေးတာပါ။ ထမင်းရယ် အသားဟင်းရယ် အရန်ဟင်းရယ် သုံးမျိုးပေါင်းကို ဆိုင်ကရောင်းတဲ့ ဟင်းပွဲတပွဲစာနဲ့ရောင်းပေးထားပါတယ်ရှင်။ ဟင်းပဲသတ်သတ်ဝယ်ရင်တော့ ပုံမှန်တပွဲစာ portion နဲ့ရပါတယ်ရှင့်