ကိုယ်ရေးအချက်အလက် ကာကွယ်မှုဆိုင်ရာ မူဝါဒ
လေးစားရပါသော သုံးစွဲသူများခင်ဗျား၊ လူကြီးမင်းတို့အနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက် ထိန်းသိမ်းကာကွယ်မှုအပေါ် စိတ်ဝင်စားမှုရှိသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့၏ Delivery ဝက်ဘ်ဆိုက်များ၊ အက်ပလီကေးရှင်းများနှင့် ဆက်စပ်ဝန်ဆောင်မှုများ (အောက်တွင် “Platform” ဟု စုပေါင်း ရည်ညွှန်း ထားသည်) နှင့်ပတ်သက်သော အချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ကိုယ်ရေး ကိုယ်တာအချက်အလက် ထိန်းသိမ်းကာကွယ်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ချက်များကို လွယ်ကူစွာ နားလည်နိုင်စေရန် ရှင်းလင်းတင်ပြလိုပါသည်။ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက် များကို လုံခြုံစိတ်ချစွာ ထိန်းသိမ်းထားရှိပြီး အကောင်းဆုံးဝန်ဆောင်မှု ပေးအပ်နိုင်ရန်မှာ ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်ပါသည်။ ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ရိုးသားမှုတို့သည် ကျွန်ုပ်တို့၏ အဓိက စံနှုန်းများဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအပေါ် လူကြီးမင်း၏ ယုံကြည်မှုသည် လူကြီးမင်းအား အကောင်းဆုံးဝန်ဆောင်မှု ပေးအပ်နိုင်စေသော အကြောင်းရင်းဖြစ်ပါသည်။၁။ ကျွန်ုပ်တို့ မည်သူဖြစ်သနည်း
ကျွန်ုပ်တို့သည် DH (Myanmar) Co., Ltd. (“ကျွန်ုပ်တို့”) ဖြစ်သော်လည်း foodpanda Myanmar ဟူသော အမည်ကိုသာ အများအားဖြင့် အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ Platform ပေါ်တွင် ဆောင်ရွက်သော လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သို့စီမံခန့်ခွဲမည်၊ မည်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မည်နှင့် မည်သည့်နည်းလမ်းများဖြင့် အသုံးပြုမည်ကို ဆုံးဖြတ်ပိုင်ခွင့် ရှိသော အချက်အလက်ထိန်းချုပ်သူ (Data Controller) အဖြစ် တာဝန်ယူဆောင်ရွက်ပါသည်။ “အချက်အလက်ထိန်းချုပ်သူ” ဆိုသည်မှာ ဥပဒေရေးရာ အသုံးအနှုန်းတစ်ခု ဖြစ်ပါသည်။ ဤအချက်အလက်များ အားလုံးကို လူကြီးမင်းအား အသိပေးရန် ဥပဒေအရ လိုအပ်သော်လည်း မိတ်ဖက်ဆက်ဆံရေးတိုင်းသည် ရိုးသားမှုရှိသင့်သည်ဟူသော ယုံကြည်ချက်ဖြင့်လည်း အသိပေးခြင်း ဖြစ်ပါသည်။ foodpanda Myanmar ရှိ အချက်အလက်ကာကွယ်ရေးနှင့် ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက dataprotection@foodpanda.com.mm သို့ အီးမေးလ်ပေးပို့၍ ကျွန်ုပ်တို့၏ အချက်အလက် ကာကွယ်ရေး အရာရှိထံ မည်သည့်အချိန်တွင်မဆို ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် Delivery Hero Group ၏ ကြီးမားကျယ်ပြန့်၍ စိတ်ဝင်စားဖွယ်ကောင်းသော မိသားစုဝင်တစ်ဦးလည်း ဖြစ်ပါသည်။ မိသားစုတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်အချို့ကို အတူတကွ ချမှတ်ပါသည်။ ကျွန်ုပ်တို့၏ မိခင်ကုမ္ပဏီဖြစ်သော Delivery Hero SE, Oranienburger Straße 70, 10117 Berlin နှင့် foodpanda Myanmar တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သို့စီမံခန့်ခွဲမည်နှင့် မည်သည့်ရည်ရွယ်ချက်များသည် သင့်တော်သည်ဟု ယူဆကြောင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပူးတွဲဆုံးဖြတ်ပါသည်။ ဥပဒေအရ ဆိုရလျှင် foodpanda Myanmar နှင့် Delivery Hero SE တို့သည် ဤပူးတွဲအချက်အလက် စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် ပူးတွဲတာဝန်ရှိပြီး ဤကိုယ်ရေးကိုယ်တာအချက်အလက် ထိန်းသိမ်းကာကွယ်မှုဆိုင်ရာ မူဝါဒတွင် ဖော်ပြထားသော စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လူကြီးမင်းအနေဖြင့် နှစ်ဖက်စလုံးထံ လူကြီးမင်း၏ အခွင့်အရေးများကို တောင်းဆိုနိုင်ပါသည်။ အချက်အလက်ကာကွယ်ရေးနှင့် ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက DH (Myanmar) Co., Ltd. (“ကျွန်ုပ်တို့”) သည် လူကြီးမင်း၏ ဆက်သွယ်ရန်နေရာအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Platform ကို လည်ပတ်ကြည့်ရှုခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် အော်ဒါမှာယူခြင်း ပြုလုပ်သည့်အခါ လူကြီးမင်းသည် ဤကိုယ်ရေးကိုယ်တာအချက်အလက် ထိန်းသိမ်းကာကွယ်မှု ဆိုင်ရာ မူဝါဒကို သဘောတူပါသည်။ ဤမူဝါဒသည် ကျွန်ုပ်တို့၏ Platform ကို အသုံးပြုခြင်းမှ တစ်ဆင့် ကျွန်ုပ်တို့ရရှိသော ကိုယ်ရေးကိုယ်တာ အချက်အလက်အားလုံးနှင့် သက်ဆိုင်ပါသည်။ ကျွန်ုပ်တို့နှင့် မသက်ဆိုင်သော တတိယပုဂ္ဂိုလ်များက ထိန်းချုပ်ထားသော ကျွန်ုပ်တို့၏ Platform မှ ချိတ်ဆက်ထားနိုင်သော ဝက်ဘ်ဆိုက်တစ်ခုခု (“တတိယပုဂ္ဂိုလ်ဆိုက်များ”) နှင့်မျှ သက်ဆိုင်ခြင်း မရှိပါ။ ထိုကဲ့သို့သော ကိစ္စရပ်များတွင် သက်ဆိုင်ရာ တတိယပုဂ္ဂိုလ်ဆိုက်များတွင် သတ်မှတ်ထား သော သက်ဆိုင်ရာ ကိုယ်ရေးကိုယ်တာအချက်အလက် ထိန်းသိမ်းကာကွယ်မှုဆိုင်ရာ မူဝါဒများကို အသုံးပြုမည်ဖြစ်ပါသည်။ ၂။ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်သည် လူကြီးမင်း၏ အခွင့်အရေးဖြစ်ပြီး ရွေးချယ်မှုသည် လူကြီးမင်းလက်ဝယ် ရှိပါသည်။ သုံးစွဲသူတစ်ဦးအနေဖြင့် မည်သည့်အချက်အလက်များကို ကျွန်ုပ်တို့နှင့် မျှဝေလိုသည်ကို ရွေးချယ်ခွင့်ရှိပါသည်။ သို့သော် ကျွန်ုပ်တို့၏ Platform တွင် အကောင့်ဖွင့်သည့်အခါ ကျွန်ုပ်တို့၏ အသုံးပြုမှု စည်းမျဉ်းစည်းကမ်းများကို လက်ခံရန် လိုအပ်ကြောင်း သိရှိစေလိုပါသည်။ ဥပဒေအရဆိုရလျှင် လူကြီးမင်းသည် အသုံးပြုမှုစည်းမျဉ်းစည်းကမ်းများနှင့်အညီ Platform ကို အသုံးပြုခွင့်ရှိသော စာချုပ်တစ်ခုကို ကျွန်ုပ်တို့နှင့် ချုပ်ဆိုခြင်းဖြစ်သည်။ ဤစာချုပ်အရ ကျွန်ုပ်တို့၏တာဝန်များကို ဆောင်ရွက်နိုင်ရန်အတွင် လူကြီးမင်းထံမှ အချက်အလက်အချို့ လိုအပ်ပါသည်။ သို့သော် ထိုအချက်အလက်များကို ပေးအပ်မည်လော၊ သို့မဟုတ် ကျွန်ုပ်တို့၏ Platform ကို အသုံးမပြုဘဲ နေမည်လော ဆိုသည်မှာ လူကြီးမင်း၏ ရွေးချယ်မှုသာ ဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့နှင့် မျှဝေမည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းချုပ်စီမံ ရန် အောက်ပါအဆင့်များကို ဆောင်ရွက်နိုင်ပါသည် - ကွတ်ကီးများနှင့် ဝက်ဘ်ခြေရာခံခြင်း။ ။ လူကြီးမင်း၏ စက်ပစ္စည်း သို့မဟုတ် ဝက်ဘ်ဘရောက်ဇာ တွင် ကွတ်ကီးများနှင့် အခြားဝက်ဘ်ခြေရာခံခြင်း နည်းပညာများကို ငြင်းပယ်နိုင်ပါသည် (ကျွန်ုပ်တို့၏ သဘောတူညီချက် စီမံခန့်ခွဲမှုမှတစ်ဆင့်လည်း ဆောင်ရွက်နိုင်ပါသည်)။ ဝက်ဘ်ခြေရာခံခြင်းကို ပိတ်ထားပါက လူကြီးမင်းသည် တစ်ဦးချင်းအလိုက် စီစဉ်ထားသော အကြောင်းအရာများ၊ ကမ်းလှမ်းချက်များ သို့မဟုတ် ကြော်ငြာများကို တွေ့မြင်ရတော့မည် မဟုတ်ပါ။ တိုက်ရိုက်စျေးကွက်ရှာဖွေခြင်း။ ။ ကျွန်ုပ်တို့ထံမှ သတင်းလွှာများကို လက်ခံရယူလိုခြင်း မရှိပါက မည်သည့်အချိန်တွင်မဆို စာရင်းမှပယ်ဖျက်နိုင်ပါသည်။ ထိုသို့ပယ်ဖျက်ပါက ကျွန်ုပ်တို့အနေဖြင့် စိတ်ဝင်စားဖွယ် ကမ်းလှမ်းချက်များကို လူကြီးမင်းထံ ပေးပို့နိုင်တော့မည် မဟုတ်ပါ။ လူကြီးမင်းအနေဖြင့် dataprotection@foodpanda.com.mm သို့ အီးမေးလ်ဖြင့် တောင်းဆိုချက် ပေးပို့ခြင်းဖြင့် သီးခြားရည်ရွယ်ချက်များ (ဥပမာ – စျေးကွက်ရှာဖွေခြင်း) အတွက် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စီမံခန့်ခွဲခြင်းအတွက် လူကြီးမင်း၏ သဘောတူညီချက်ကို ရုပ်သိမ်းနိုင်ပါသည်။ ၃။ လူကြီးမင်း၏ ဥပဒေဆိုင်ရာအခွင့်အရေးများ လက်လှမ်းမီသိရှိခွင့် လူကြီးမင်းအကြောင်း၊ ကျွန်ုပ်တို့သိမ်းဆည်းထားသော အချက်အလက်များနှင့် ၎င်းတို့ကို မည်သို့စီမံခန့်ခွဲသည်ကို သိရှိခွင့်ရှိပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ လက်လှမ်းမီသိရှိခွင့် တောင်းဆိုချက်ကို လက်တွေ့ ဆောင်ရွက်နိုင်သလောက် မြန်မြန်ဆန်ဆန် တုံ့ပြန်ပါမည်။ ပြင်ဆင်ခွင့် သိမ်းဆည်းထားသော အချက်အလက်များ မှားယွင်းနေကြောင်း သတိပြုမိပါက ပြင်ဆင်ပေးရန် ကျွန်ုပ်တို့ထံ တောင်းဆိုနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ပြင်ဆင်ခွင့် တောင်းဆိုချက်ကို လက်တွေ့ဆောင်ရွက်နိုင်သလောက် မြန်မြန်ဆန်ဆန် တုံ့ပြန်ပါမည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များ စီမံခန့်ခွဲခြင်းအတွက် သဘောတူညီချက်ကို ရုပ်သိမ်းခွင့် လူကြီးမင်းအနေဖြင့် မည်သည့်အချိန်တွင်မဆို မည်သည့်ရည်ရွယ်ချက် တစ်ခုချင်းစီအတွက်ဖြစ်စေ၊ ရည်ရွယ်ချက်အားလုံးအတွက်ဖြစ်စေ မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းအတွက် သဘောတူညီချက်ကို ရုပ်သိမ်းနိုင်ပါသည်။ ရုပ်သိမ်း လိုကြောင်း တောင်းဆိုချက်ကို လက်ခံရရှိသည့်အခါ လူကြီးမင်း၏ တောင်းဆိုချက်ကို စီမံဆောင်ရွက် ရန်နှင့် ၎င်း၏အကျိုးသက်ရောက်မှုများကို လူကြီးမင်းအား အကြောင်းကြားရန်အတွက် လူကြီးမင်းနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးအပေါ် သက်ရောက်မှုနှင့် တောင်းဆိုချက်၏ ရှုပ်ထွေးမှုအပေါ် မူတည်၍ ကျိုးကြောင်းဆီလျော်သော အချိန်ကာလတစ်ခု လိုအပ်နိုင်ပါသည်။ တောင်းဆိုချက်၏ သဘော သဘာဝနှင့် အတိုင်းအတာပေါ်မူတည်၍ ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းအား ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နိုင်မည့် အနေအထား မရှိနိုင်ကြောင်းနှင့် ထိုကဲ့သို့သော အခြေအနေများတွင် လူကြီးမင်း၏ တောင်းဆိုချက်ကို စီမံဆောင်ရွက်ခြင်း မပြီးဆုံးမီ လူကြီးမင်းအား အကြောင်းကြားမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ တောင်းဆိုချက်ကို လက်တွေ့ဆောင်ရွက်နိုင်သလောက် မြန်မြန် ဆန်ဆန် စီမံ ဆောင်ရွက်ပါမည်။ လူကြီးမင်း၏ အခွင့်အရေးများကို ကျင့်သုံးရန်အတွက် လူကြီးမင်းအနေဖြင့် dataprotection@foodpanda.com.mm သို့ မည်သည့်အချိန်တွင်မဆို အီးမေးလ်ဖြင့် တောင်းဆိုချက် ပေးပို့နိုင်ပြီး ကျွန်ုပ်တို့သည် ထိုတောင်းဆိုချက်များကို ဤကိုယ်ရေးကိုယ်တာ အချက် အလက် ထိန်းသိမ်းကာကွယ်မှုဆိုင်ရာ မူဝါဒနှင့် သက်ဆိုင်ရာဥပဒေများအောက်ရှိ ကျွန်ုပ်တို့၏ တာဝန် ဝတ္တရားများနှင့်အညီ စီမံဆောင်ရွက်ပါမည်။ လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့၏ Platform ပေါ်ရှိ လူကြီးမင်း၏ အသုံးပြုသူပရိုဖိုင်မှတစ်ဆင့်လည်း အကောင့်ကို ဖျက်သိမ်းနိုင်ပါသည်။ ၄။ ကျွန်ုပ်တို့စီမံဆောင်ရွက်သော ကိုယ်ရေးကိုယ်တာအချက်အလက်များ အကျဉ်းချုပ် ဤအပိုင်းတွင် ကျွန်ုပ်တို့က လူကြီးမင်းအကြောင်း စီမံဆောင်ရွက်သော ကိုယ်ရေးကိုယ်တာ အချက် အလက် အမျိုးအစားများအကြောင်း အထွေထွေ အချက်အလက်များကို တွေ့နိုင်ပါသည်။ လူကြီးမင်း နားလည်စေရန်အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုသည်မှာ လူကြီးမင်းကို တိုက်ရိုက် ဖော်ထုတ်နိုင်သော အချက်အလက်များ (အမည် သို့မဟုတ် ဓာတ်ပုံ ကဲ့သို့) သို့မဟုတ် လူကြီးမင်းကို သွယ်ဝိုက်၍ ဖော်ထုတ်နိုင်စေသော အချက်အလက်များ (ဥပမာ - လူကြီးမင်းပရိုဖိုင်ထဲရှိ ကိုယ်ရေး ကိုယ်တာ အချက်အလက်များနှင့် ချိတ်ဆက်ထားသော အသုံးပြုသူ ID) ဖြစ်ပါသည်။ နောက်အပိုင်းတွင် ကျွန်ုပ်တို့၏ စီမံဆောင်ရွက်မှုလုပ်ငန်းများအကြောင်း ပိုမိုအသေးစိတ်သော အချက် အလက်များကို တွေ့ရှိရမည်ဖြစ်သော်လည်း Platform ပေါ်ရှိ ကျွန်ုပ်တို့၏ အချက်အလက် စီမံ ဆောင်ရွက်မှုလုပ်ငန်းများကို အဓိကကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများဖြင့် အကျဉ်းချုပ် ဖော်ပြနိုင်ပါသည် - က။ ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) ဤတွင် လူကြီးမင်း၏ အမည်၊ အီးမေးလ်လိပ်စာ၊ စကားဝှက်၊ တယ်လီဖုန်းနံပါတ်၊ ပို့ဆောင်ရမည့် လိပ်စာများ၊ စိတ်ဝင်စားမှုများ၊ အသက်တို့ ပါဝင်ပါသည်။ ဤအမျိုးအစားကို အဘယ်ကြောင့် စီမံဆောင်ရွက်သနည်း။ ဤအချက်အလက်များသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအတွက် မရှိမဖြစ်လိုအပ်သော လူကြီးမင်း၏ မူလအချက်အလက်များ ဖြစ်ပါသည်။ အီးမေးလ်လိပ်စာ/တယ်လီဖုန်းနံပါတ်နှင့် စကားဝှက် မရှိဘဲ ပရိုဖိုင်တစ်ခု ဖန်တီးနိုင်မည် မဟုတ်ပါ။ လူကြီးမင်း၏ အမည်နှင့်အတူ ဤအရာများသည် လူကြီးမင်း၏ မူလအချက်အလက်များ ဖြစ်ပါသည်။ လူကြီးမင်းသည် အသက် မပြည့်သေးသူ မဟုတ်ကြောင်း သေချာစေရန် လူကြီးမင်း၏ အသက်ကို သိရှိရန် လိုအပ်ပါသည်။ ခ။ ပို့ဆောင်ရေးအချက်အလက်များ ဤတွင် လူကြီးမင်း၏ အမည်၊ ပို့ဆောင်ရမည့်လိပ်စာ၊ ဖုန်းနံပါတ်၊ အော်ဒါ အသေးစိတ် အချက် အလက်များနှင့် အော်ဒါ ID တို့ ပါဝင်ပါသည်။ လူကြီးမင်းသည် ကျွန်ုပ်တို့၏ အချိန်မရွေး တောင်းဆို နိုင်သော pandago ဆိုင်ကယ်ပို့ဆောင်ရေးဝန်ဆောင်မှု (“pandago”) ကို အသုံးပြုနေပါက ပို့သူနှင့် လက်ခံသူ (ကိုယ်တိုင်မဟုတ်ပါက) တို့၏ အမည်များ၊ သွားရောက် ယူဆောင်ရမည့်/ပို့ဆောင်ရမည့် လိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များလည်း ပါဝင်ပါမည်။ ဤအမျိုးအစားကို အဘယ်ကြောင့် စီမံဆောင်ရွက်သနည်း။ အချက်အလက်အနည်းဆုံးရယူရမည့်မူအရ ကျွန်ုပ်တို့သည် လူကြီးမင်း၏ အော်ဒါကို ပြင်ဆင် ပေးရန်နှင့် ပို့ဆောင်ပေးရန် သို့မဟုတ် လူကြီးမင်း တောင်းဆိုထားသော ဝန်ဆောင်မှုများကို ပေးအပ်ရန်အတွက် လိုအပ်သော အချက်အလက်များကိုသာ ကျွန်ုပ်တို့၏ Rider များ၊ ဆိုင်များနှင့် စားသောက်ဆိုင်များ (အခြေအနေပေါ်မူတည်၍) အား ပေးအပ်ပါသည်။ ဂ။ အော်ဒါမှတ်တမ်းအချက်အလက်များ ဤတွင် လူကြီးမင်း၏ အော်ဒါမှတ်တမ်း၊ ရွေးချယ်ထားသော ဆိုင်များ သို့မဟုတ် စားသောက်ဆိုင်များ (အခြေအနေပေါ်မူတည်၍)၊ ငွေတောင်းခံလွှာများ၊ အော်ဒါ ID၊ အော်ဒါများအပေါ် မှတ်ချက်များ၊ ငွေပေးချေမှု နည်းလမ်းဆိုင်ရာ အချက်အလက်များ၊ ပို့ဆောင်ရမည့်လိပ်စာ၊ အောင်မြင်သော အော်ဒါများနှင့် ပယ်ဖျက်ထားသော အော်ဒါများ ပါဝင်ပါသည်။ ဤအမျိုးအစားကို အဘယ်ကြောင့် စီမံဆောင်ရွက်သနည်း။ လူကြီးမင်း အော်ဒါတင်သည့်အချိန်တိုင်း ဤအချက်အလက်များကို လူကြီးမင်း၏ ပရိုဖိုင်သို့ ထည့်သွင်းပါမည်။ လူကြီးမင်းသည် ဤအချက်အလက်များ အားလုံးကို လူကြီးမင်း၏ ပရိုဖိုင်တွင် မည်သည့်အချိန်၌မဆို ကြည့်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဤအချက်အလက်များကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ တိုးတက်စေရန်နှင့် Platform ကို လူကြီးမင်းစိတ်ဝင်စားမှုများနှင့်အညီ အကောင်းဆုံးဖြစ်စေရန် အသုံးပြုပါမည်။ ဃ။ တည်နေရာအချက်အလက်များ ဤတွင် လူကြီးမင်း၏ လိပ်စာ၊ စာတိုက်သင်္ကေတ၊ မြို့၊ နိုင်ငံနှင့် လူကြီးမင်း၏ စက်ပစ္စည်း၏ လောင်ဂျီတွဒ်နှင့် လတ္တီတွဒ်တို့ ပါဝင်ပါသည်။ ဤအမျိုးအစားကို အဘယ်ကြောင့် စီမံဆောင်ရွက်သနည်း။ လူကြီးမင်း၏ အော်ဒါများကို ပို့ဆောင်နိုင်ရန် (သို့မဟုတ် ယူထားသော စားသောက်ဆိုင် သို့မဟုတ် ဆိုင်က လူကြီးမင်းထံသို့ ပို့ဆောင်နိုင်ရန်) ဤအချက်အလက်များ လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ Rider အက်ပ် ကဲ့သို့သော အခြားချိတ်ဆက်ထားသော စနစ်များတွင် ပို့ဆောင်ရမည့်လိပ်စာကို စီမံ ဆောင်ရွက်နိုင်ရန်နှင့် လူကြီးမင်း၏ လိပ်စာကို ကျွန်ုပ်တို့၏ Rider များ သို့မဟုတ် စားသောက် ဆိုင်များ၏ Rider များအား ပြသနိုင်ရန် လောင်ဂျီတွဒ်နှင့် လတ္တီတွဒ်ကို အလိုအလျောက် ဖန်တီး ပါသည်။ င။ စက်ပစ္စည်းအချက်အလက်များနှင့် အသုံးပြုမှုအချက်အလက်များ ဤတွင် လူကြီးမင်း၏ စက်ပစ္စည်း ID၊ စက်ပစ္စည်းခွဲခြားမှတ်သားချက်၊ လည်ပတ်မှုစနစ်နှင့် သက်ဆိုင်ရာဗားရှင်း၊ အသုံးပြုသည့်အချိန်၊ ပြင်ဆင်သတ်မှတ်ချက်များနှင့် လူကြီးမင်း၏ IP လိပ်စာတို့ ပါဝင်ပါသည်။ ဤအမျိုးအစားကို အဘယ်ကြောင့် စီမံဆောင်ရွက်သနည်း။ လူကြီးမင်းက ကျွန်ုပ်တို့၏ Platform ကို အသုံးပြုသည့်အချိန်တိုင်း ဤအချက်အလက်များကို နည်းပညာဆိုင်ရာ အကြောင်းပြချက်များကြောင့် သိမ်းဆည်းထားပါသည်။ ကျွန်ုပ်တို့သည် ဤအချက် အလက်များ၏ အစိတ်အပိုင်းများကို သံသယဖြစ်ဖွယ်အပြုအမူများကို စောစီးစွာ တွေ့ရှိရန်နှင့် ကျွန်ုပ်တို့၏ Platform ကို ကာကွယ်ရန်အတွက်လည်း အသုံးပြုပါသည်။ စ။ ဖောက်သည်ဝန်ဆောင်မှုအချက်အလက်များ ဤတွင် လူကြီးမင်း၏ အမည်၊ လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာနှင့် လူမှုမီဒီယာများမှ ID များ (ရှိပါက) ပါဝင်ပါသည်။ ဤအမျိုးအစားကို အဘယ်ကြောင့် စီမံဆောင်ရွက်သနည်း။ လူကြီးမင်း ကျွန်ုပ်တို့ထံ ဆက်သွယ်လာပါက ကျွန်ုပ်တို့သည် မည်သူနှင့်စကားပြောနေသည်နှင့် ဆက်သွယ်လာသည့် အကြောင်းရင်းကို ကူညီနိုင်ရန် မည်သည့်အကြောင်းအရာများ ပြောဆိုဆွေး နွေးခဲ့သည်ကို သိရှိရန် လိုအပ်သောကြောင့် ဤအချက်အလက်များကို စုဆောင်းပါသည်။ ဤသည်မှာ လူကြီးမင်းက ကျွန်ုပ်တို့၏ ပရိတ်သတ်စာမျက်နှာများတွင် မှတ်ချက်ရေးသားထားခြင်း အပေါ်တွင် လည်း သက်ရောက်ပါသည်။ ကျွန်ုပ်တို့သည် ဤအချက်အလက်များကို ကျွန်ုပ်တို့၏ Platform ပေါ်ရှိ လူကြီးမင်း၏ ပရိုဖိုင်အချက်အလက်များနှင့် ပေါင်းစပ်ခြင်း မပြုသော်လည်း လူကြီးမင်း၏ လူမှုမီဒီယာ ID ဖြင့် လူကြီးမင်းကို ဆက်လက်ဖော်ထုတ်နိုင်ပါသည်။ ဆ။ စျေးကွက်ရှာဖွေရေးဆက်သွယ်မှုနှင့် ဆက်သွယ်ရေးအချက်အလက်များ ဤတွင် လူကြီးမင်း၏ အမည်၊ အီးမေးလ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်နှင့် စက်ပစ္စည်း ID တို့ ပါဝင် ပါသည်။ ဤအမျိုးအစားကို အဘယ်ကြောင့် စီမံဆောင်ရွက်သနည်း။ လူကြီးမင်းသည် ကျွန်ုပ်တို့ထံမှ အီးမေးလ်သတင်းလွှာ၊ SMS သို့မဟုတ် အက်ပ်အတွင်း အသိပေးချက် များ ရရှိလိုပါက ကျွန်ုပ်တို့သည် လူကြီးမင်းထံသို့ မက်ဆေ့ချ်များ ပေးပို့ရန် အချို့သော အချက်အလက် များ လိုအပ်ပါသည်။ လူကြီးမင်းအား “ဟေ့လူ” ဟု လိပ်မူခြင်းအစား အမည်နာမဖြင့် လိပ်မူခြင်းက ဖောက်သည်ဆက်ဆံရေး ပိုမိုကောင်းမွန်သည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ ဤအမျိုးအစားကို ဥပမာအားဖြင့် ထုတ်ကုန်တစ်ခုကို ပို့ဆောင်ပေး၍ မရနိုင် သောအခါ အခြားရွေးချယ်စရာတစ်ခုကို ကမ်းလှမ်းလိုသည့်အခါတွင် လူကြီးမင်းအား ဆက်သွယ်ရန် အတွက်လည်း အသုံးပြုပါသည်။ ဇ။ ငွေပေးချေမှုအချက်အလက်များ ဤတွင် ငွေပေးချေမှုနည်းလမ်းနှင့် လျှို့ဝှက်ကုဒ်သွင်းထားသော၊ အမည်ဝှက်သုံးထားသော ခရက်ဒစ် ကတ် အချက်အလက်များ ပါဝင်ပါသည်။ ဤအမျိုးအစားကို အဘယ်ကြောင့် စီမံဆောင်ရွက်သနည်း။ လူကြီးမင်း၏ ငွေပေးချေမှုများကို စတင်ဆောင်ရွက်ရန်နှင့် မှာယူထားသော အော်ဒါများနှင့် တွဲဖက် သတ်မှတ်ရန် ဤအချက်အလက်များကို လိုအပ်ပါသည်။ နောင်တွင်မှာယူမည့် အော်ဒါများအတွက် လူကြီးမင်း၏ ငွေပေးချေမှုအချက်အလက်များကို သိမ်းဆည်းထားရန် (လူကြီးမင်းက ထိုသို့ သိမ်းဆည်းရန် သဘောတူညီချက် ပေးပါက) လည်း ဤအချက်အလက်များကို လိုအပ်ပါသည်။ ၅။ ကျွန်ုပ်တို့၏ အသေးစိတ်စီမံဆောင်ရွက်မှုလုပ်ငန်းများနှင့် စီမံဆောင်ရွက်မှုရည်ရွယ်ချက်များ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သက်ဆိုင်ရာ အချက်အလက် ကာကွယ်ရေး ဥပဒေများနှင့်အညီသာ စီမံဆောင်ရွက်ပါသည်။ ကိုယ်ရေးကိုယ်တာ အချက်အလက် စီမံဆောင်ရွက်ခြင်းဆိုင်ရာ စည်းမျဉ်းများအားလုံးကို ထည့်သွင်းစဉ်းစားထားကြောင်း အထူးဂရုပြု အလေးထားပါသည်။ ထို့ကြောင့် လူကြီးမင်း၏ အချက်အလက်များကို ဥပဒေနှင့်ညီညွတ်ပြီး လူကြီးမင်းက စီမံဆောင်ရွက်မည်ဟု ကျိုးကြောင်းဆီလျော်စွာ မျှော်လင့်နိုင်မှသာ စီမံဆောင်ရွက် ပါသည်။ လူကြီးမင်းအား ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် လူကြီးမင်း၏ ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို စီမံဆောင်ရွက်ရန် မရှိမဖြစ် လိုအပ်ပါသည်။ လူကြီးမင်းသည် ဤအချက်အလက်အချို့ကို လူကြီးမင်း၏ စက်ပစ္စည်းပေါ်တွင် ထည့်သွင်းခြင်းဖြင့် တက်ကြွစွာ ပေးအပ်ပါသည်။ အခြားအချက်အလက်များကို လူကြီးမင်းက ကျွန်ုပ်တို့၏ Platform များကို အသုံးပြုနေသည့်အခါ အလိုအလျောက် စုဆောင်းပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အောက်ပါရည်ရွယ်ချက်များ (“ရည်ရွယ်ချက်များ”) အတွက် စီမံဆောင်ရွက်ပါသည် - ၁။ လူကြီးမင်း၏ အကောင့်ဖန်တီးခြင်းနှင့် လည်ပတ်ခြင်း၊ အော်ဒါများ ပို့ဆောင်ခြင်း က။ အကောင့်ဖန်တီးခြင်း ဖောက်သည်အကောင့်တစ်ခု ဖန်တီးသည့်အခါ လူကြီးမင်း၏ မူလအချက်အလက်များကို ထည့်သွင်း ရန် တောင်းဆိုခံရပါမည်။ ဤသည်မှာ လုံးဝ မရှိမဖြစ် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤအချက်အလက်များမရှိဘဲ ကျွန်ုပ်တို့သည် ဖောက်သည်ပရိုဖိုင်တစ်ခု ဖန်တီး၍ မရနိုင်ပါ။ လူကြီးမင်း၏ အီးမေးလ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်သည် အထူးအရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်လိုသည့်အခါ ကျွန်ုပ်တို့၏စနစ်တွင် လူကြီးမင်းကို ဖော်ထုတ်ရန် ဤအချက်အလက်များကို အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် လူကြီးမင်း၏ စကားဝှက်ကို ဂရုတစိုက် ရွေးချယ်ပါရန် တောင်းဆိုလိုပါသည်။ ဝက်ဘ်ဆိုက် အများအပြားတွင် စကားဝှက်တစ်ခုတည်းကို အသုံးမပြုပါနှင့်။ လူကြီးမင်း၏ စကားဝှက်တွင် အနည်းဆုံး စာလုံး ၁၂ လုံး၊ အနည်းဆုံး စာလုံးသေး တစ်လုံး၊ စာလုံးကြီး တစ်လုံး၊ အထူးသင်္ကေတ (!?#,%& စသည်) တစ်ခုနှင့် ဂဏန်း တစ်လုံး ပါဝင်သင့်ပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) စက်ပစ္စည်းအချက်အလက်များနှင့် အသုံးပြုမှုအချက်အလက်များ ခ။ ရှိပြီးသားအကောင့်သို့ ဝင်ရောက်ခြင်း လူကြီးမင်းတွင် ရှိပြီးသားဖောက်သည်အကောင့်တစ်ခုရှိပါက ဝင်ရောက်ရန်အတွက် လူကြီးမင်း၏ အီးမေးလ်လိပ်စာနှင့် စကားဝှက်ကို ထည့်သွင်းရန် လိုအပ်ပါမည်။ မှတ်ပုံတင်နေစဥ် စကားဝှက် မှားယွင်းစွာ အကြိမ်ကြိမ် ထည့်သွင်းခြင်းကဲ့သို့သော ပုံမှန်မဟုတ်သည့်အခြေအနေများကို တွေ့ရှိပါက လူကြီးမင်းနှင့် ကျွန်ုပ်တို့အား ထိခိုက်မှုမဖြစ်စေရန် သင့်လျော်သော ဆောင်ရွက်ချက်များ ပြုလုပ် ပါမည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) ဂ။ Facebook ဖြင့် တစ်ကြိမ်တည်း ဝင်ရောက်ခြင်း လူကြီးမင်းတွင် Facebook ပရိုဖိုင်တစ်ခုရှိပါက Meta Platforms, Inc. က လည်ပတ်သော လူမှုကွန်ရက် Facebook ၏ “Facebook Connect” လူမှုပလပ်အင်ကို အသုံးပြု၍ တစ်ကြိမ်တည်း ဝင်ရောက်ခြင်း နည်းပညာဖြင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တွင် ဖောက်သည် အကောင့်တစ်ခု မှတ်ပုံတင်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်ပေါ်ရှိ “Facebook Connect” ၏ လူမှုပလပ်အင်များကို Facebook လိုဂိုပါရှိသော အပြာရောင်ခလုတ်နှင့် “Facebook ဖြင့် ဆက်လက်ဆောင်ရွက်ရန်” စာသားဖြင့် မှတ်သားနိုင်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်ပေါ်ရှိ ဤ “Facebook Connect” ခလုတ်ကို အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် လူကြီးမင်း၏ Facebook အသုံးပြုသူအချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တွင် ဝင်ရောက်ခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်းလည်း ပြုလုပ်နိုင်ပါသည်။ Facebook နှင့် အချက်အလက် ဖလှယ်မှုဆိုင်ရာ သက်ဆိုင်ရာ မှတ်ချက်အပေါ် အခြေခံ၍ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် မစတင်မီ လူကြီးမင်းက အတိအလင်း သဘောတူညီချက်ပေးမှသာ Facebook ပေါ်ရှိ “Facebook Connect” ခလုတ်ကို အသုံးပြုသည့်အခါ Facebook ပေါ်ရှိ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေး ဆက်တင်များပေါ် မူတည်၍ လူကြီးမင်း၏ ပရိုဖိုင်တွင် သိမ်းဆည်းထားသော အထွေထွေနှင့် အများပြည်သူကြည့်ရှုနိုင်သော အချက်အလက်များကို ကျွန်ုပ်တို့ ရရှိပါမည်။ ဤအချက်အလက်များတွင် အသုံးပြုသူ ID၊ အမည်၊ ပရိုဖိုင်ဓာတ်ပုံ၊ အသက်နှင့် ကျား/မ တို့ ပါဝင်ပါသည်။ Facebook ဝင်ရောက်ခြင်းနှင့်ပတ်သက်သော နောက်ထပ်အချက်အလက်များကို https://www.facebook.com/privacy/explanation တွင် တွေ့နိုင်ပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) Facebook ပရိုဖိုင်အချက်အလက်များ ဃ။ Google ဖြင့် တစ်ကြိမ်တည်းဝင်ရောက်ခြင်း လူကြီးမင်းတွင် Google အကောင့်တစ်ခုရှိပါက ဤအကောင့်ကို အသုံးပြု၍ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုသို့ ဝင်ရောက်နိုင်ပါသည်။ ဥရောပရှိ အသုံးပြုသူများအတွက် Google အကောင့်များကို Google LLC, 1600 Amphitheatre Parkway, Mountain View, CA 94043 (“Google”) ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော Google Ireland Ltd, Gordon House, Barrow Street, Dublin 4, Ireland (“Google Ireland”) က ပေးအပ်ပါသည်။ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်ပေါ်ရှိ “Google ဖြင့်ဆက်လက်ဆောင်ရွက်ရန်” ခလုတ်ကို အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် လူကြီးမင်း၏ Google အသုံးပြုသူအချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တွင် ဝင်ရောက်ခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်ပါသည်။ Google နှင့် အချက်အလက်ဖလှယ်မှုဆိုင်ရာ သက်ဆိုင်ရာမှတ်ချက်အပေါ် အခြေခံ၍ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် မစတင်မီ လူကြီးမင်းက အတိအလင်း သဘောတူညီချက် ပေးမှသာ လူကြီးမင်း၏ Google အသုံးပြုသူ ID၊ အသုံးပြုသူအမည်နှင့် အီးမေးလ်လိပ်စာကို ကျွန်ုပ်တို့ ရရှိပါမည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ Google စကားဝှက်ကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ဘဲ လူကြီးမင်း၏ Google အကောင့်သို့လည်း ဝင်ရောက်နိုင်မည်မဟုတ်ပါ။ Google ဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုသို့ ဝင်ရောက်သည့်အခါ Google နှင့် အချက်အလက်မျှဝေမှုအကြောင်း ပိုမိုလေ့လာ နိုင်ရန် ဤနေရာရှိ Google ၏ ရှင်းလင်းချက်များကို ပြန်လည်သုံးသပ်နိုင်ပါသည် – https://support.google.com/accounts/answer/112802 Google က ပေးပို့လာသော အချက်အလက်များကို အသုံးပြုသူအကောင့်တစ်ခု ဖန်တီးရန် လိုအပ်သော အချက်အလက်များအတွက်သာ ကျွန်ုပ်တို့က သိမ်းဆည်းပြီး စီမံဆောင်ရွက်ပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) ဆက်သွယ်ရန်အချက်အလက်များ Google ID နှင့် ဆက်စပ်အကောင့်အချက်အလက်များ င။ Apple ဖြင့် တစ်ကြိမ်တည်းဝင်ရောက်ခြင်း လူကြီးမင်းထံတွင် Apple အကောင့်တစ်ခုရှိပါက ဤအကောင့်ကို အသုံးပြု၍ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုသို့ ဝင်ရောက်နိုင်ပါသည်။ ဥရောပရှိ အသုံးပြုသူများအတွက် Apple အကောင့်များကို Apple Inc., One Apple Park Way, Cupertino, CA 95014, United States ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော Apple Computer Limited, Hollyhill Industrial Estate, Cork, Ireland (“Apple Ireland”) က ပေးအပ်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်ပေါ်ရှိ “Apple ဖြင့် ဆက်လက်ဆောင်ရွက်ရန်” ခလုတ်ကို အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် မိမိ၏ Apple အသုံးပြုသူအချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တွင် ဝင်ရောက်ခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်း ပြုလုပ်နိုင် ပါသည်။ Apple နှင့် အချက်အလက်ဖလှယ်မှုဆိုင်ရာ သက်ဆိုင်ရာမှတ်ချက်အပေါ် အခြေခံ၍ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်မစတင်မီ လူကြီးမင်းက အတိအလင်းသဘောတူညီချက်ပေးမှသာ လူကြီးမင်း၏ Apple အသုံးပြုသူ ID၊ အသုံးပြုသူအမည်နှင့် အီးမေးလ်လိပ်စာကို ကျွန်ုပ်တို့ ရရှိပါမည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ Apple စကားဝှက်ကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ဘဲ လူကြီးမင်း၏ Apple အကောင့်သို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပါ။ Apple ဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုသို့ ဝင်ရောက်သည့်အခါ Apple နှင့် အချက်အလက် မျှဝေမှုအကြောင်း ပိုမိုလေ့လာနိုင်ရန် ဤနေရာရှိ Apple ၏ ရှင်းလင်းချက်များကို ပြန်လည်သုံးသပ်နိုင်ပါသည် – https://support.apple.com/en-us/ht204053 Apple က ပေးပို့လာသော အချက်အလက်များကို အသုံးပြုသူအကောင့်တစ်ခုဖန်တီးရန် လိုအပ်သော အချက်အလက်များအတွက်သာ ကျွန်ုပ်တို့က သိမ်းဆည်းပြီး စီမံဆောင်ရွက်ပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) ဆက်သွယ်ရန်အချက်အလက်များ Apple ID နှင့် ဆက်စပ်အီးမေးလ်လိပ်စာ စ။ လူကြီးမင်း၏ ပရိုဖိုင်စီမံခန့်ခွဲခြင်း လူကြီးမင်းသည် မည်သည့်အချိန်တွင်မဆို လူကြီးမင်း၏ ပရိုဖိုင်သို့ဝင်ရောက်ပြီး အမည်၊ အီးမေးလ် လိပ်စာ သို့မဟုတ် တယ်လီဖုန်းနံပါတ် ကဲ့သို့သော လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက် များကို ပြောင်းလဲနိုင်ပါသည်။ လူကြီးမင်း၏ ယခင်အော်ဒါများကိုလည်း ကြည့်ရှုနိုင်ပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) တည်နေရာအချက်အလက်များ အော်ဒါမှတ်တမ်းအချက်အလက်များ စက်ပစ္စည်းအချက်အလက်များနှင့် အသုံးပြုမှုအချက်အလက်များ စျေးကွက်ရှာဖွေရေးဆက်သွယ်မှုနှင့် ဆက်သွယ်ရေးအချက်အလက်များ ငွေပေးချေမှုအချက်အလက်များ ဆ။ အော်ဒါစီမံဆောင်ရွက်ခြင်း လူကြီးမင်း အောင်မြင်စွာမှတ်ပုံတင်ပြီး အော်ဒါတင်ရန် ဆုံးဖြတ်သည်နှင့် ဤအချက်အလက်များကို လူကြီးမင်း၏ ပရိုဖိုင်တွင် သိမ်းဆည်းပြီး လူကြီးမင်း၏ အော်ဒါကို ကျွန်ုပ်တို့ထံ တင်သွင်းနိုင်စေရန် နောက်ထပ်လုပ်ငန်းစဉ်များတွင် စီမံဆောင်ရွက်ပါမည်။ လူကြီးမင်း၏ အော်ဒါကို တင်သွင်းသည့်အခါ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့၏ နောက်ကွယ်ရှိစနစ်သို့ ပေးပို့ပြီး နောက်ထပ်စီမံဆောင်ရွက်မှုအတွက် အခြားစနစ်များသို့ လွှဲပြောင်းပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) အော်ဒါအချက်အလက်များ ပို့ဆောင်ရေးအချက်အလက်များ တည်နေရာအချက်အလက်များ စက်ပစ္စည်းအချက်အလက်များနှင့် အသုံးပြုမှုအချက်အလက်များ ၁။ လူကြီးမင်း၏ စျေးဝယ်ယူမှုကို နောက်မှအသုံးပြုရန် သိမ်းဆည်းခြင်း လူကြီးမင်း၏ ပရိုဖိုင်သို့ဝင်ရောက်ပြီး ရွေးချယ်မှုပြုလုပ်ပြီးနောက် ထုတ်ကုန်များကို လူကြီးမင်း၏ ပရိုဖိုင်တွင် သိမ်းဆည်းထားပါမည်။ လူကြီးမင်း၏ ဘရောက်ဇာ သို့မဟုတ် အက်ပ်ကို မတော်တဆ ပိတ်မိပါက လူကြီးမင်းအော်ဒါ၏ နောက်ဆုံးအဆင့်မှ ဆက်လက် ဆောင်ရွက်နိုင်ပါသည်။ မတော်တဆ ပိတ်မိသော ဘရောက်ဇာများ သို့မဟုတ် အက်ပ်များဖြင့် လူကြီးမင်း၏ အော်ဒါကို အဆင်ပြေစွာ ဆက်လက်ဆောင်ရွက်နိုင်သော ပိုမိုကောင်းမွန်သည့် အော်ဒါတင် အတွေ့အကြုံကို ပေးအပ်နိုင်ရန် ဤအချက်အလက်များကို ကျွန်ုပ်တို့ သိမ်းဆည်းထားပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) စက်ပစ္စည်းအချက်အလက်များနှင့် အသုံးပြုမှုအချက်အလက်များ အော်ဒါအချက်အလက်များ ၂။ အော်ဒါပို့ဆောင်ခြင်း လူကြီးမင်းက အော်ဒါကို အောင်မြင်စွာတင်သွင်းပြီးနောက် လူကြီးမင်း၏ အော်ဒါကို မြန်ဆန်စွာ ပို့ဆောင်ပေးနိုင်စေရန် နောက်ကွယ်တွင် လုပ်ငန်းစဉ်အများအပြားကို ဆောင်ရွက်နေပါသည်။ ဤတွင် လူကြီးမင်း၏ အစားအစာကို ပြင်ဆင်နေသော စားသောက်ဆိုင် သို့မဟုတ် လူကြီးမင်း၏ ပစ္စည်းများကို ပြင်ဆင်နေသော ဆိုင်များနှင့်လည်းကောင်း၊ လူကြီးမင်း၏ အော်ဒါကို ပို့ဆောင်ပေးမည့် Rider နှင့်လည်းကောင်း လူကြီးမင်း၏ အော်ဒါအချက်အလက်များကို မျှဝေခြင်း ပါဝင်ပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပို့ဆောင်ရေးအချက်အလက်များ ဇ။ အော်ဒါကိုစစ်ဆေးရန် Rider များ၊ စားသောက်ဆိုင်များ သို့မဟုတ် ဆိုင်များမှ ဖုန်းခေါ်ဆိုနိုင်စေခြင်း လူကြီးမင်း ရွေးချယ်ထားသော ထုတ်ကုန်တစ်ခုကို ပို့ဆောင်ပေး၍ မရနိုင်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ Rider များက လူကြီးမင်းပေးထားသော ပို့ဆောင်ရမည့်လိပ်စာတွင် လူကြီးမင်းကို ဆက်သွယ်၍ မရခြင်း ဖြစ်ပါက ပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်စေရန် လူကြီးမင်းထံ ဖုန်းခေါ်ဆိုရန် ၎င်းတို့အား ညွှန်ကြားထားပါသည်။ စားသောက်ဆိုင်များနှင့် Rider များ နှစ်ဦးစလုံးသည် လူကြီးမင်း၏ ကိုယ်ရေး ကိုယ်တာအချက်အလက်များအပေါ် မည်သည့်တောင်းဆိုပိုင်ခွင့်မျှမရှိဘဲ မည်သည့်အကြောင်း ကိစ္စအတွက်မျှ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတွက် အသုံးပြုခွင့်မရှိပါ။ အကယ်၍ လူကြီးမင်း၏ သဘောတူညီချက်မရှိဘဲ စားသောက်ဆိုင်၊ ဆိုင် သို့မဟုတ် Rider တစ်ဦးဦးက လူကြီးမင်းအား ဆက်သွယ်လာပါက အကူအညီစင်တာရှိ အက်ပ်အတွင်း ဖောက်သည်ဝန်ဆောင်မှု ချိတ်ဆက်လုပ်ဆောင်ချက်မှတစ်ဆင့် ကျွန်ုပ်တို့ထံ တိုင်ကြားပေးပါရန် တောင်းဆိုပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပို့ဆောင်ရေးအချက်အလက်များ ဈ။ ငွေပေးချေမှုနည်းလမ်းများကို သိမ်းဆည်းခြင်း အော်ဒါတင်သည့်လုပ်ငန်းစဉ်ကို လူကြီးမင်းအတွက် ပိုမိုအဆင်ပြေစေရန် လူကြီးမင်းနှစ်သက်သော ငွေပေးချေမှု နည်းလမ်းကို သိမ်းဆည်းထားရန် ကမ်းလှမ်းပါသည်။ ဆိုလိုသည်မှာ နောက်တစ်ကြိမ် အော်ဒါတင်သည့်အခါ လူကြီးမင်း၏ ငွေပေးချေမှုအချက်အလက်များကို ထပ်မံထည့်သွင်းရန်မလိုပါ။ လူကြီးမင်း၏ ငွေပေးချေမှုအချက်အလက်များကို လုံခြုံစွာသိမ်းဆည်းထားမည်ဖြစ်ပြီး အချိန်တိုင်း တွင် လျှို့ဝှက်ကုဒ်သွင်းထားရှိကြောင်း သေချာစေပါမည်။ စားသောက်ဆိုင်များနှင့် ဆိုင်များသည် လူကြီးမင်း၏ ငွေပေးချေမှုအချက်အလက်များကို မည်သည့်အခါမျှ လက်ခံရရှိမည်မဟုတ်ပါ။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ငွေပေးချေမှုအချက်အလက်များ ၂။ လိမ်လည်မှုရှာဖွေခြင်း၊ ကာကွယ်ခြင်းနှင့် ကျွန်ုပ်တို့၏ Platform လုံခြုံရေး ကျွန်ုပ်တို့၏ဖောက်သည်များနှင့် Platform ကို ဖြစ်နိုင်ချေရှိသော တိုက်ခိုက်မှုများမှ ကာကွယ်ရန် အတွက် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်များနှင့် မိုဘိုင်းအက်ပလီကေးရှင်းများပေါ်ရှိ လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်လျက်ရှိပါသည်။ Platform ကို လုံခြုံအောင်ထိန်းသိမ်းရန်နှင့် လူကြီးမင်းအတွက် ဘေးကင်းလုံခြုံသော အော်ဒါတင်ခြင်းအတွေ့အကြုံကို အာမခံပေးရန် သံသယဖြစ်ဖွယ်အပြုအမူပုံစံများကို စောစီးစွာတွေ့ရှိပြီး တတ်နိုင်သမျှစောစီးစွာ ကာကွယ်နိုင်စေရန် အမျိုးမျိုးသော နည်းပညာဆိုင်ရာအစီအမံများကို အသုံးပြုပါသည်။ ဤရည်မှန်းချက်ကို ရရှိစေရန် ဆော့ဖ်ဝဲအခြေပြု စောင့်ကြည့်ရေးယန္တရားအများအပြား တစ်ပြိုင်နက်တည်းလည်ပတ်နေပြီး ဖြစ်နိုင်ချေရှိသော တိုက်ခိုက်သူများက ကျွန်ုပ်တို့၏ Platform ကို ထိခိုက်စေခြင်းမှ ကာကွယ်ပါသည်။ ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်သည် အလိုအလျောက်ဖြစ်ပြီး ကျွန်ုပ်တို့၏ Platform ပေါ်ရှိ လူကြီးမင်း မှတ်ပုံတင်ထားသောအကောင့်အသုံးပြုမှုအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ ထိုကဲ့သို့သော မည်သည့်ဆုံးဖြတ်ချက်မဆို လူကြီးမင်းအတွက် အပျက်သဘောဆောင်သော ရလဒ်တစ်ခုသို့ ဦးတည်ပြီး လူကြီးမင်းသည် ရလဒ်နှင့်သဘောမတူညီပါက dataprotection@foodpanda.com.mm သို့ ဆက်သွယ်နိုင်ပါသည်။ ထိုကဲ့သို့သောကိစ္စတွင် ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိစ္စရပ်၏အခြေအနေများကို တစ်ဦးချင်းအကဲဖြတ်သုံးသပ်ပါမည်။ ကျွန်ုပ်တို့၏ လိမ်လည်မှုရှာဖွေခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အဲလ်ဂိုရစ်သမ်များအားလုံးသည် လူသားများ၏ပြန်လည်သုံးသပ်မှုကို အမြဲဖွင့်ထားပါသည်။ အမှားတစ်ခုခုရှိနေသည်ဟု လူကြီးမင်းထင်မြင်ပါက ကျွန်ုပ်တို့သည် စစ်ဆေးကြည့်ရှုရန်နှင့် လိုအပ်ပါက ပြင်ဆင်မှုများပြုလုပ်ရန် ဝမ်းမြောက်စွာဆောင်ရွက်ပေးပါမည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – တည်နေရာအချက်အလက်များ ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) စက်ပစ္စည်းအချက်အလက်များနှင့် အသုံးပြုမှုအချက်အလက်များ ငွေပေးချေမှုအချက်အလက်များ အော်ဒါအချက်အလက်များ ဘောက်ချာအချက်အလက်များ ၃။ တိုက်ရိုက်စျေးကွက်ရှာဖွေရေး က။ အီးမေးလ်နှင့်/သို့မဟုတ် စာတိုမက်ဆေ့ချ်ဖြင့် သတင်းလွှာများနှင့် အသုံးပြုသူစစ်တမ်းများ ကျွန်ုပ်တို့၏ Platform တွင် အကောင့်ဖွင့်စဉ်က ကျွန်ုပ်တို့ထံမှ စျေးကွက်ရှာဖွေရေး အကြောင်း အရာများ ရယူရန် သဘောတူညီထားပါက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ Platform ပေါ်တွင် ကမ်းလှမ်း ထားသော ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများနှင့် အလားတူ ပုံမှန်ကမ်းလှမ်းချက်များကို အီးမေးလ်၊ SMS သို့မဟုတ် အခြားစာတိုမက်ဆေ့ချ်ဖြင့် တစ်ခါတစ်ရံ ပေးပို့နိုင်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အမြဲတိုးတက်အောင် ကြိုးပမ်းလျက်ရှိပါသည်။ လူကြီးမင်းထံမှ အကျိုးရှိသော အကြံပြုချက်များသည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တိုက်ရိုက်စျေးကွက်ရှာဖွေရေး သတင်းလွှာများတွင် လူကြီးမင်းထံမှ ရိုးသားသော အကြံပြုချက်များကို တောင်းခံသည့် စစ်တမ်းများလည်း ပါဝင်နိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ ဖောက်သည်စစ်တမ်းများကိုလည်း ပေးပို့ပြီး လူကြီးမင်း၏ ထင်မြင်ချက်ကို ပေးပါရန် တောင်းဆိုပါမည်။ လူကြီးမင်း၏အကောင့်ကို မှတ်ပုံတင်စဉ်က ကျွန်ုပ်တို့ထံမှ စျေးကွက်ရှာဖွေရေး အကြောင်းအရာများ ရယူရန် သဘောတူညီထားခြင်း မရှိပါက မည်သည့် တိုက်ရိုက်စျေးကွက်ရှာဖွေရေး အီးမေးလ်များကိုမျှ လက်ခံရရှိမည်မဟုတ်ပါ။ လူကြီးမင်းသည် ထိုကဲ့သို့သော အီးမေးလ်များကို လက်ခံရယူခြင်းမှ မည်သည့်အချိန်တွင်မဆို ရပ်စဲနိုင် ပါသည်။ ထိုသို့ဖြစ်ပါက လူကြီးမင်း၏ ကန့်ကွက်ချက်ကို စဉ်ဆက်မပြတ် လိုက်နာနိုင်စေရန် လူကြီးမင်း၏ ဆက်သွယ်ရန် အချက်အလက်များကို တိုက်ရိုက်စျေးကွက်ရှာဖွေရေး လက်ခံ ရယူခြင်းကို ကန့်ကွက်ထားသော ဖောက်သည်များစာရင်းတွင် သိမ်းဆည်းထားပါမည်။ စျေးကွက်ရှာဖွေရေး အကြောင်းအရာများ အားလုံးကို ပေးပို့ရန်အတွက် လူကြီးမင်း၏ သဘော တူညီချက်ကို မည်သည့်အချိန်တွင်မဆို အကူအညီစင်တာရှိ အက်ပ်အတွင်း ဖောက်သည်ဝန်ဆောင်မှု လုပ်ဆောင်ချက်မှတစ်ဆင့် ကျွန်ုပ်တို့ထံ တောင်းဆိုချက်တင်ပြ၍ ရုပ်သိမ်းနိုင်ပြီး ကျွန်ုပ်တို့သည် လူကြီးမင်း၏ တောင်းဆိုချက်ကို လုပ်ငန်းရက် ၁၀ ရက်အတွင်း အကျိုးသက်ရောက်စေရန် ကြိုးပမ်း ပါမည်။ စျေးကွက်ရှာဖွေရေးရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ သဘောတူညီချက်ကို ရုပ်သိမ်း ခြင်းသည် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်နှင့် အက်ပ်တွင် ပေးအပ်သောဝန်ဆောင်မှုများကို အသုံးပြုနိုင်စွမ်း အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပါ။ လူကြီးမင်းသည် ကျွန်ုပ်တို့၏အီးမေးလ်များအဆုံးရှိ “စာရင်းမှပယ်ဖျက်ရန်” ခလုတ်ကို နှိပ်ခြင်းဖြင့် လည်း အီးမေးလ်မှတစ်ဆင့်ပေးပို့သော ကျွန်ုပ်တို့၏ စျေးကွက်ရှာဖွေရေးသတင်းလွှာကို လက်ခံရယူ ခြင်းမှ ရပ်စဲနိုင်ပါသည်။ ကျွန်ုပ်တို့၏သတင်းလွှာများနှင့် စစ်တမ်းများ၏အကြောင်းအရာများသာမက သတင်းလွှာများကို ဒီဇိုင်းရေးဆွဲရန်နှင့် ဖောက်သည်အုပ်စုများကို ခွဲခြားရန် အသုံးပြုသော နည်းပညာများနှင့် စံသတ်မှတ် ချက်များလည်း ကွဲပြားပါသည်။ ဥပမာအားဖြင့် ဖောက်သည်အုပ်စုတစ်စုသည် ဖောက်သည်များ မှာယူလေ့ရှိသော စားသောက်ဆိုင်များမှ အထူးလျှော့စျေးများကို မြှင့်တင်ကြော်ငြာသည့် အထူး သတင်းလွှာတစ်စောင်ကို လက်ခံရရှိနိုင်ပါသည်။ အခြားသတင်းလွှာများသည် ဆူရှီ၊ အိန္ဒိယအစား အစာ သို့မဟုတ် ပီဇာကဲ့သို့သော သီးခြားအရသာတစ်ခုနှင့် သက်ဆိုင်သော သီးခြားထုတ်ကုန်များကို ရည်ညွှန်းနိုင်ပါသည်။ လူကြီးမင်းအတွက် ဤသီးသန့်ပြုလုပ်ထားသော ကမ်းလှမ်းချက်များကို ဖန်တီးရန် လူကြီးမင်း၏ အော်ဒါမှတ်တမ်းနှင့် ပို့ဆောင်ရမည့်လိပ်စာများမှ အချက်အလက် အမျိုးမျိုး ကို အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ တိုက်ရိုက်စျေးကွက်ရှာဖွေရေး လှုပ်ရှားမှုများ၏ ထိရောက်မှုကို အကဲဖြတ်ရန် အမည်ဝှက်သုံးထားသော ပုံစံဖြင့် အဓိကစွမ်းဆောင်ရည်ညွှန်းကိန်းများကို မှတ်တမ်း တင်နေကြောင်းကိုလည်း သိရှိစေလိုပါသည်။ ဤတွင် ကျွန်ုပ်တို့၏ တိုက်ရိုက်စျေးကွက်ရှာဖွေရေး မက်ဆေ့ချ်များအတွက် ဖွင့်ကြည့်နှုန်းနှင့် နှိပ်ဝင်ကြည့်နှုန်းအကြောင်း စုပေါင်းအချက်အလက်များ ပါဝင်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့က လူကြီးမင်း၏ အချက်အလက်များကို အလိုအလျောက်စီမံဆောင်ရွက်သော ပရိုဖိုင်ဖန်တီးခြင်းလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ သီးခြားဖောက်သည်အုပ်စု ခွဲခြားမှုသည် လူကြီးမင်း အပေါ် ဥပဒေဆိုင်ရာ အကျိုးသက်ရောက်မှုရှိမည်မဟုတ်သလို၊ ထိုနည်းတူ သိသာထင်ရှားသော သက်ရောက်မှုလည်း ရှိမည်မဟုတ်ပါ။ လူကြီးမင်း သတိပြုမိမည့် တစ်ခုတည်းသော အကျိုး သက်ရောက်မှုမှာ လူကြီးမင်း၏ စိတ်ဝင်စားမှုများနှင့် အစားအစာ ကြိုက်နှစ်သက်မှုများနှင့် ကိုက်ညီ အောင် ပြုလုပ်ထားသော စိတ်ဝင်စားဖွယ် ကမ်းလှမ်းချက်များကို ကျွန်ုပ်တို့၏ Platform များပေါ်တွင် တွေ့မြင်ရခြင်းသာ ဖြစ်ပါမည်။ သို့သော်လည်း ဤအလိုအလျောက် ဆုံးဖြတ်ချက်ချခြင်းသည် လူကြီးမင်းအတွက် အပျက်သဘော ဆောင်သော ရလဒ်တစ်ခုသို့ ဦးတည်ပြီး လူကြီးမင်းက သဘောမတူညီပါက dataprotection@foodpanda.com.mm သို့ ဆက်သွယ်နိုင်ပါသည်။ ထိုကဲ့သို့သော ကိစ္စတွင် ကျွန်ုပ်တို့သည် လူကြီးမင်းအား စိတ်ကြိုက်ပြုပြင်ထားသော သတင်းလွှာ ဆက်သွယ်ရေးများမှ ပယ်ဖျက်ပေးမည်ဖြစ်ပြီး လူကြီးမင်းသည် ရှေ့ဆက်၍ ထိုကဲ့သို့သော မက်ဆေ့ချ်များကို လက်ခံရရှိ တော့မည်မဟုတ်ပါ။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) တည်နေရာအချက်အလက်များ အော်ဒါအချက်အလက်များ စက်ပစ္စည်းအချက်အလက်များနှင့် အသုံးပြုမှုအချက်အလက်များ သတိပြုရန်။ ။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း လူကြီးမင်းသည် အထက်ဖော်ပြပါ ကြော်ငြာ ရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ အီးမေးလ်လိပ်စာ အသုံးပြုခြင်းကို မည်သည့်အချိန်တွင်မဆို အခမဲ့ ကန့်ကွက်ခွင့်ရှိပြီး သတင်းလွှာအဆုံးရှိ “စာရင်းမှပယ်ဖျက်ရန်” ခလုတ်ကို အသုံးပြုခြင်း သို့မဟုတ် dataprotection@foodpanda.com.mm သို့ ဆက်သွယ်ခြင်းဖြင့် နောင်တွင် အကျိုး သက်ရောက်မှုရှိစေရန် လူကြီးမင်း၏ မက်ဆေ့ချ်ဦးစားပေးမှုများကို ပြောင်းလဲနိုင်ပါသည်။ ခ။ အက်ပ်အသိပေးချက်များ ကျွန်ုပ်တို့၏ အက်ပ်ကို အသုံးပြုသည့်အခါ စားသောက်ဆိုင်အသစ်များ သို့မဟုတ် ကမ်းလှမ်းချက်များ အကြောင်း လူကြီးမင်းအား အသိပေးရန် အားကောင်းသော စိတ်ပါဝင်စားမှုရှိပါသည်။ လူကြီးမင်းအား အံ့သြသင့်ဖွယ်ရာ ဖောက်သည်အတွေ့အကြုံပေးရန် အမြဲကြိုးပမ်းနေပါသည်။ ဤရည်မှန်းချက်ကို ရရှိစေရန် ကျွန်ုပ်တို့သည် မိတ်ဖက်စားသောက်ဆိုင်များနှင့် လူကြီးမင်းအတွက် အလွန် ကောင်းမွန်သော ကမ်းလှမ်းချက်များကို ညှိနှိုင်းဆောင်ရွက်ပါသည်။ ဤကမ်းလှမ်းချက်များ အကြောင်း လူကြီးမင်းအား အသိပေးရန် လူကြီးမင်းသည် လူကြီးမင်း၏ စက်ပစ္စည်းများပေါ်တွင် ဤလုပ်ဆောင်ချက်ကို သက်ဝင်စေရန် ရွေးချယ်ထားပါက အက်ပ်အတွင်း အသိပေးချက်များ သို့မဟုတ် ဖိနှိပ်အသိပေးချက်များကို ပေးပို့နိုင်ပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – တည်နေရာအချက်အလက်များ ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) အော်ဒါအချက်အလက်များ ၄။ အွန်လိုင်းစျေးကွက်ရှာဖွေရေး ကျွန်ုပ်တို့သည် အံ့သြဖွယ်ကောင်းသော ဖောက်သည်အတွေ့အကြုံကို ပေးအပ်ကြောင်းနှင့် ကျွန်ုပ်တို့ ၏ Platform သို့ လာရောက်တိုင်း တန်ဖိုးရှိကြောင်း ဖြစ်နိုင်ချေရှိသော ဖောက်သည်များကို ယုံကြည် စေရန်မှာ ကျွန်ုပ်တို့၏ အဓိကစီးပွားရေး ဦးစားပေးချက်များထဲမှ တစ်ခုဖြစ်ပါသည်။ ဖြစ်နိုင်သမျှ ဖောက်သည်အများဆုံးထံ ရောက်ရှိစေရန် ကျွန်ုပ်တို့သည် အွန်လိုင်းစျေးကွက်ရှာဖွေရေးနယ်ပယ်တွင် အလွန်တက်ကြွပြီး ဖောက်သည်အသစ်များကို ကျွန်ုပ်တို့၏ Platform သို့ ဆွဲဆောင်ရန် အောက်ပါ အွန်လိုင်းစျေးကွက်ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ပါသည် - က။ ဦးတည်ထားသောအုပ်စု သတ်မှတ်ခြင်း အခြေခံအားဖြင့် ဦးတည်ထားသောအုပ်စုသတ်မှတ်ခြင်းဆိုသည်မှာ သီးခြားဦးတည်အုပ်စုများအတွက် အထူးပြုလုပ်ထားသော အွန်လိုင်းကြော်ငြာများ (ဥပမာ၊ ဝက်ဘ်ဆိုက်များပေါ်တွင် ဘန်နာများ ပြသ ခြင်း သို့မဟုတ် လူမှုမီဒီယာဝန်ဆောင်မှု အချိန်ပြမျဉ်းများတွင် ကြော်ငြာများ ပေးပို့ခြင်း) ကို ပြသခြင်း ကိုသာ ဆိုလိုပါသည်။ လူကြီးမင်း၏ စိတ်ဝင်စားမှုများအတွက် အမှန်တကယ် သက်ဆိုင်ပြီး လူကြီးမင်း၏ အွန်လိုင်းအတွေ့အကြုံကို တန်ဖိုးပေါင်းထည့်ပေးသော ကြော်ငြာများကိုသာ လူကြီးမင်းထံ ပေးပို့ရန် ကြိုးပမ်းပါသည်။ ကျွန်ုပ်တို့၏ ဦးတည်ထားသော အုပ်စုသတ်မှတ်ခြင်း လုပ်ငန်းစဉ်တွင် ပထမအဆင့်အနေဖြင့် တည်နေရာ၊ အသက်အရွယ် သို့မဟုတ် အစားအစာ ကြိုက်နှစ်သက်မှုများကဲ့သို့သော သတ်မှတ်ချက် များအပေါ် အခြေခံ၍ ဦးတည်အုပ်စုတစ်ခုကို သတ်မှတ်ပြီး ဒုတိယအဆင့်အနေဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးသူများအား ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်များ/အက်ပ်များနှင့် တတိယပုဂ္ဂိုလ် ထုတ်ဝေသူများက ပိုင်ဆိုင်ပြီး လည်ပတ်သော အွန်လိုင်းပိုင်ဆိုင်မှုများနှစ်ခုစလုံးပေါ်တွင် သတ်မှတ် ထားသော ဦးတည်အုပ်စုအား ကျွန်ုပ်တို့၏ကြော်ငြာကို ပြသရန် တာဝန်ပေးအပ်ပါသည်။ ရည်ရွယ် ထားသော ဦးတည်အုပ်စုများကို ပိုမိုကောင်းမွန်စွာ သတ်မှတ်နိုင်ရန် ဖောက်သည်အမျိုးအစားများကို အစိတ်အပိုင်းလိုက်ခွဲခြားပြီး ပေါ်တယ်အမျိုးမျိုးတွင် ကြော်ငြာအမျိုးမျိုး ထည့်သွင်းပါသည်။ ဤရည်ရွယ်ချက်အတွက် အမည်ဝှက်သုံးထားသော အချက်အလက်များကိုသာ အသုံးပြုပါမည်။ ဆိုလိုသည်မှာ သတ်မှတ်ထားသော ဦးတည်အုပ်စုများအတွင်းရှိ တစ်သီးပုဂ္ဂလများကို ဖော်ထုတ်နိုင် မည်မဟုတ်ပါ။ ခ။ ပြန်လည်ဦးတည်ထားသောအုပ်စုသတ်မှတ်ခြင်း လူကြီးမင်းသည် ကျွန်ုပ်တို့၏ Platform ကို လာရောက်လည်ပတ်ပြီး ဥပမာအားဖြင့် လူကြီးမင်း၏ စျေးဝယ်ခြင်းတွင် အော်ဒါတစ်ခုထည့်သွင်းထားပြီးပါက ဤအချက်အလက်ကို ကွတ်ကီးများနှင့် အခြားဝက်ဘ်ခြေရာခံခြင်း နည်းပညာများမှတစ်ဆင့် သိမ်းဆည်းထားပါသည်။ လူကြီးမင်းသည် အခြားဝက်ဘ်ဆိုက်များကို ဆက်လက်ရှာဖွေကြည့်ရှုပါက ကျွန်ုပ်တို့၏ ကြော်ငြာမိတ်ဖက်များသည် လူကြီးမင်း၏ အော်ဒါကို မပြီးဆုံးသေးကြောင်း ကျွန်ုပ်တို့ကိုယ်စား လူကြီးမင်းအား သတိပေးပါမည်။ လူကြီးမင်းသည် ကျွန်ုပ်တို့၏ အံ့သြသင့်ဖွယ်ရာ ဖောက်သည်အတွေ့အကြုံကို လက်လွတ်သွားစေ လိုခြင်း မရှိပါ။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – စက်ပစ္စည်းအချက်အလက်များနှင့် အသုံးပြုမှုအချက်အလက်များ တည်နေရာအချက်အလက်များ ဂ။ ကွတ်ကီးများနှင့် ဝက်ဘ်ခြေရာခံခြင်း ကျွန်ုပ်တို့၏ အွန်လိုင်းစျေးကွက် ရှာဖွေရေးလုပ်ငန်းများအရ ကွတ်ကီးများနှင့် အခြားဝက်ဘ် ခြေရာခံခြင်း နည်းပညာများကိုလည်း အသုံးပြုပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဤနည်းပညာများသည် လူကြီးမင်း၏စက်ပစ္စည်းကို မှတ်မိစေပြီး လူကြီးမင်း၏ စိတ်ဝင်စားမှုများနှင့် သက်ဆိုင်သော ကြော်ငြာအမျိုးအစားများကိုသာ လူကြီးမင်း၏ထံပေးပို့ရန် ကူညီပေးပါသည်။ အခြေခံမူအရ ကျွန်ုပ်တို့၏ ဝက်ဘ်ခြေရာခံခြင်း နည်းပညာများသည် လူကြီးမင်း၏ စက်ပစ္စည်း အချက်အလက်များနှင့် အသုံးပြုမှု အချက်အလက်များကို အမည်ဝှက်သုံးထားသော ပုံစံဖြင့်သာ စီမံ ဆောင်ရွက်ပါမည်။ ဆိုလိုသည်မှာ ဤအချက်အလက်များအပေါ် အခြေခံ၍ လူကြီးမင်းကို လူတစ်ဦးအဖြစ် ဖော်ထုတ်နိုင်မည် မဟုတ်ဘဲ ကျွန်ုပ်တို့၏ Platform ပြင်ပရှိ လူကြီးမင်း၏ အပြန် အလှန်ဆက်သွယ်မှုများကိုလည်း ကျွန်ုပ်တို့နှင့်ရှိသော လူကြီးမင်း၏ အသုံးပြုသူအကောင့်နှင့် ချိတ်ဆက်နိုင်မည်မဟုတ်ပါ။ လူကြီးမင်းလိုအပ်သည့် အချက်အလက်များအားလုံးကို ပေးအပ်ရန် ကျွန်ုပ်တို့၏ ဝက်ဘ်ခြေရာခံခြင်း နည်းပညာများ၏ အသေးစိတ် အချက်အလက်များသာမက ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် ဝက်ဘ်ခြေရာခံခြင်းနည်းပညာများ အသုံးပြုခြင်းကို မည်သို့လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် အတိအကျ ရှင်းပြထားသော ပြည့်စုံသော ကွတ်ကီးများ၊ SDKS နှင့် ဝက်ဘ်ခြေရာခံခြင်းမူဝါဒကို ပြင်ဆင်ထားပါသည်။ ကျွန်ုပ်တို့၏ ကွတ်ကီးများ၊ SDK များ နှင့် ဝက်ဘ်ခြေရာခံခြင်းမူဝါဒကို ဤနေရာတွင် တွေ့နိုင်ပါသည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – စက်ပစ္စည်းအချက်အလက်များနှင့် အသုံးပြုမှုအချက်အလက်များ ဃ။ ဘောနပ်စ်အစီအစဉ်များ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်သည်များ သစ္စာရှိမှုကို ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်များနှင့် အမှတ်များဖြင့် ဆုချီးမြှင့်လိုပါသည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့၏ ဖောက်သည်များအား ထိုကဲ့သို့သော ဘောနပ်စ်အစီအစဉ်များတွင် ပါဝင်ရန် အခွင့်အလမ်းပေးအပ်ပါသည်။ ဘောနပ်စ် အစီအစဉ်တစ်ခုတွင် ပါဝင်ရန် သဘောတူညီချက် လိုအပ်ပါသည်။ လူကြီးမင်းသည် လူကြီးမင်း၏ သဘောတူညီချက်ကို နောင်တွင်အကျိုးသက်ရောက်မှုရှိစေရန် မည်သည့်အချိန်တွင်မဆို ရုပ်သိမ်းနိုင် ပါသည်။ ဤရည်ရွယ်ချက်အတွက် dataprotection@foodpanda.com.mm သို့ အီးမေးလ်ပေးပို့ပါ။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) င။ ကံစမ်းမဲများ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖောက်သည်များအား ကျွန်ုပ်တို့၏ Platform နှင့်ပတ်သက်သော ဆုလက်ဆောင်များ (ဘောက်ချာတစ်ခု၊ အထူးကမ်းလှမ်းချက်တစ်ခု သို့မဟုတ် အခြားငွေကြေး တန်ဖိုးရှိသော ဆုတစ်ခု ဖြစ်နိုင်ပါသည်) ရရှိနိုင်ရန် အခွင့်အလမ်းပေးအပ်ရန် တစ်ခါတစ်ရံ ကံစမ်းမဲများ ပြုလုပ်လေ့ရှိပါသည်။ လူကြီးမင်း ပါဝင်မဲနှိုက်ခြင်းမပြုမီ လှုပ်ရှားမှုတွင် လူကြီးမင်းအား စာရင်းသွင်းရန်အတွက် လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို စီမံဆောင်ရွက်ရန် သဘောတူညီချက်ပေးရန် တောင်းဆိုပါမည်။ လူကြီးမင်းသည် သဘောတူညီချက်ပေးရန် ငြင်းဆိုပါက ကံစမ်းမဲတွင် ပါဝင်ရန် ကမ်းလှမ်း၍မရနိုင်ပါ။ လူကြီးမင်းသည် သဘောတူညီချက်ပေးပြီးဖြစ်ပြီး နောင်တွင် အကျိုးသက်ရောက်မှုရှိစေရန် ရုပ်သိမ်း လိုပါက မည်သည့်အချိန်တွင်မဆို dataprotection@foodpanda.com.mm သို့ အီးမေးလ်ပေးပို့၍ ဆောင်ရွက်နိုင်ပါသည်။ ထိုကဲ့သို့သော ကိစ္စတွင် ကျွန်ုပ်တို့သည် လူကြီးမင်းအား ကျွန်ုပ်တို့၏ ကံစမ်းမဲ များမှ ဖယ်ထုတ်ပေးမည်ဖြစ်ပြီး လူကြီးမင်းသည် ကံစမ်းမဲများအတွက် နောက်ထပ်ဖိတ်ခေါ်မှုများ လက်ခံရရှိတော့မည်မဟုတ်ပါ။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) စ။ စျေးကွက်သုတေသန ရည်ရွယ်ချက်များအတွက် အသုံးပြုသူ တွေ့ဆုံမေးမြန်းခြင်းများ ကျွန်ုပ်တို့သည် ထုတ်ကုန်အသစ်များကို အမြဲတီထွင်နေပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ဖောက်သည်များ၏ ဆန္ဒများနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းပါသည်။ ဤပြောင်းလဲမှုများ၏ ထိရောက်မှုကို တိုင်းတာရန် ကျွန်ုပ်တို့၏ အသုံးပြုသူ အတွေ့အကြုံအဖွဲ့နှင့် တွေ့ဆုံမေးမြန်းခြင်းများကို ပုံမှန်ကမ်းလှမ်းပါသည်။ ဤတွေ့ဆုံမေးမြန်းခြင်းများတွင် လူကြီးမင်း၏ အသုံးပြုမှုအပြုအမူကို မှတ်တမ်းတင်ပြီး ဖြစ်နိုင်ချေရှိသော အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် နိုင်မည့်နည်းလမ်းများကို မေးမြန်းပါသည်။ တွေ့ဆုံမေးမြန်းခြင်းများတွင် ပါဝင်ရန် လူကြီးမင်း၏ သဘောတူညီချက် လိုအပ်ပါသည်။ လူကြီးမင်း သည် သဘောတူညီချက်ပေးပြီးဖြစ်ပြီး နောင်တွင် အကျိုးသက်ရောက်မှုရှိစေရန် ရုပ်သိမ်းလိုပါက မည်သည့်အချိန်တွင်မဆို dataprotection@foodpanda.com.mm သို့ အီးမေးလ်ပေးပို့၍ ဆောင်ရွက်နိုင်ပါသည်။ ထိုကဲ့သို့သောကိစ္စတွင် ကျွန်ုပ်တို့သည် လူကြီးမင်းအား ကျွန်ုပ်တို့၏ တွေ့ဆုံ မေးမြန်းခြင်းများမှ ဖယ်ထုတ်ပေးမည်ဖြစ်ပြီး လူကြီးမင်းသည် ၎င်းတို့အတွက် နောက်ထပ် ဖိတ်ခေါ်မှုများ လက်ခံရရှိတော့မည်မဟုတ်ပါ။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ – ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) ပို့ဆောင်ရေးအချက်အလက်များ အော်ဒါမှတ်တမ်းအချက်အလက်များ ဆ။ ဘောက်ချာများ အကြောင်းများသည် အမျိုးမျိုး ကွဲပြားနိုင်ပါသည်။ ဤဘောက်ချာများ၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့၏ သစ္စာရှိသော ဖောက်သည်များကို ဆုချီးမြှင့်ရန်နှင့် ၎င်းတို့အား သစ္စာရှိစွာ ဆက်လက်ရှိနေစေရန် အားပေးရန်ဖြစ်ပါသည်။ ဘောက်ချာများ၏ အရေအတွက်၊ တန်ဖိုးနှင့် အသုံးပြုမှုကြိမ်နှုန်းကို စစ်ဆေးနိုင်ရန်သာမက ဤဘောက်ချာများ အလွဲသုံးစားပြုလုပ်ခြင်းကို ရှောင်ရှားရန်အတွက်လည်း အမျိုးမျိုးသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းပါ သည်။ ကိုယ်ရေးကိုယ်တာအချက်အလက် အမျိုးအစားများ: ပရိုဖိုင်အချက်အလက်များ (မူလအချက်အလက်များ) ဘောက်ချာအချက်အလက်များ ၅။ လူမှုကွန်ရက် ဝက်ဘ်ဆိုဒ်များ ကျွန်ုပ်တို့သည် ထုတ်ကုန်များကို ကြော်ငြာရန်နှင့် ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံရန် လူမှု ကွန်ရက်ပလက်ဖောင်းအမျိုးမျိုးတွင် ပရိုဖိုင်များ ရှိပါသည်။ Facebook နှင့် Instagram အပါအဝင် ထိုပလက်ဖောင်းများကို အခြားပုဂ္ဂိုလ်များမှ လည်ပတ်နေသောကြောင့် လူကြီးမင်းသည် ဤလူမှု ကွန်ရက်များကို ဝင်ရောက်ကြည့်ရှုသည့်အခါတိုင်း လူမှုကွန်ရက်ပလက်ဖောင်း လည်ပတ်သူများသည် လူကြီးမင်းထံမှ ကိုယ်ရေးအချက်အလက် အမျိုးမျိုးကို စုဆောင်းပါသည်။ Facebook နှင့် Instagram လူမှုကွန်ရက်ပလက်ဖောင်းများကို Facebook မှ လည်ပတ်ပါသည်။ က။ တာဝန်ဝတ္တရားများ ကျွန်ုပ်တို့နှင့် သက်ဆိုင်ရာ လူမှုကွန်ရက်ပလက်ဖောင်း လည်ပတ်သူများသည် ကျွန်ုပ်တို့၏ လူမှု ကွန်ရက်စာမျက်နှာများပေါ်တွင် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များ စုဆောင်းခြင်းနှင့် လူမှု ကွန်ရက်အသုံးပြုသူများ၏ ကျွန်ုပ်တို့လူမှုကွန်ရက်စာမျက်နှာများ အသုံးပြုမှုကို ခွဲခြမ်းစိတ်ဖြာခြင်း တို့နှင့်စပ်လျဉ်း၍ ပူးတွဲထိန်းချုပ်သူများအဖြစ် ဆောင်ရွက်ပါသည်။ ဤရည်ရွယ်ချက်အတွက် ကျွန်ုပ်တို့နှင့် Facebook သည် GDPR ၏ ပုဒ်မ ၂၆ နှင့်အညီ ပူးတွဲထိန်းချုပ်မှုဆိုင်ရာ သဘော တူညီချက်တစ်ခုကို သဘောတူထားပါသည်။ ထို့အပြင် လူမှုကွန်ရက်ပလက်ဖောင်း လည်ပတ်သူများသည် ၎င်းတို့၏ လူမှုကွန်ရက် ဝန်ဆောင်မှု များကို ယေဘုယျအသုံးပြုခြင်းနှင့် ကျွန်ုပ်တို့၏ ပရိုဖိုင်များနှင့် လူမှုကွန်ရက် စာမျက်နှာများ ပြင်ပရှိ အပြန်အလှန် ဆက်သွယ်မှုများအတွက် အချက်အလက် ထိန်းချုပ်သူများ ဖြစ်ပါသည်။ ဤတစ်ဦး တည်း တာဝန်ယူမှုသည် ကျွန်ုပ်တို့၏ လူမှုကွန်ရက် စာမျက်နှာများပေါ်ရှိ လှုပ်ရှားမှုကို ခွဲခြမ်းစိတ်ဖြာ ခြင်းမှလွဲ၍ အခြားရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ လူမှုကွန်ရက် ပရိုဖိုင်အချက်အလက် များကို မည်သည့်ဆောင်ရွက်မှုမဆိုနှင့်လည်း သက်ဆိုင်ပါသည်။ အောက်ပါလင့်ခ်များသည် သက်ဆိုင်ရာ လူမှုကွန်ရက် လည်ပတ်သူများမှ မည်သည့်အချက်အလက် များ စုဆောင်းသည်ကို အတိအကျပြသပါလိမ့်မည် - Facebook ၏ ကိုယ်ရေးအချက်အလက်မူဝါဒ Instagram ၏ ကိုယ်ရေးအချက်အလက်မူဝါဒ ခ။ အချက်အလက်ဆောင်ရွက်ခြင်း Facebook သည် ၎င်းတို့၏ စာမျက်နှာစီမံအုပ်ချုပ်သူများအနေဖြင့် ၎င်းတို့၏ စာမျက်နှာများပေါ်တွင် မည်သို့သောလုပ်ဆောင်ချက်များ ပြုလုပ်သည်ကို လူအများ နားလည်စေရန် စုစည်းထားသော စာရင်းအင်းများနှင့် ထိုးထွင်းသိမြင်မှုများ (“စာမျက်နှာထိုးထွင်းသိမြင်မှုများ”) ကို ပေးပါသည်။ ကျွန်ုပ်တို့သည် Facebook ထံမှ စုစည်းထားသော အသုံးပြုသူအစီရင်ခံစာများကိုသာ လက်ခံရရှိ ကြောင်း အသိပေးအပ်ပါသည်။ မည်သည့်အချိန်တွင်မျှ စာမျက်နှာလည်ပတ်မှု သို့မဟုတ် အခြား အပြန်အလှန်ဆက်သွယ်မှုတစ်ခုခုကို တစ်ဦးချင်းလူမှုကွန်ရက်ပရိုဖိုင်များနှင့် ဆက်စပ်၍မရပါ။ လူကြီးမင်းသည် ကျွန်ုပ်တို့၏ လူမှုကွန်ရက်စာမျက်နှာတစ်ခုခု သို့မဟုတ် ၎င်း၏အကြောင်းအရာကို လည်ပတ်ကြည့်ရှုသည့်အခါ သို့မဟုတ် အပြန်အလှန်ဆက်သွယ်သည့်အခါ စာမျက်နှာထိုးထွင်း သိမြင်မှုများ ဖန်တီးရန် အောက်ပါကဲ့သို့သော အချက်အလက်များကို စုဆောင်းပြီး အသုံးပြုနိုင် ပါသည်။ • စာမျက်နှာတစ်ခု သို့မဟုတ် စာမျက်နှာမှ ပို့စ် သို့မဟုတ် ဗီဒီယိုတစ်ခုကို ကြည့်ရှုခြင်း • စာမျက်နှာတစ်ခုကို Follow လုပ်ခြင်း သို့မဟုတ် Follow မလုပ်တော့ခြင်း • စာမျက်နှာ သို့မဟုတ် ပို့စ်တစ်ခုကို နှစ်သက်ခြင်း သို့မဟုတ် မနှစ်သက်တော့ခြင်း • ပို့စ် သို့မဟုတ် မှတ်ချက်တစ်ခုတွင် စာမျက်နှာတစ်ခုကို အကြံပြုခြင်း • စာမျက်နှာပို့စ်တစ်ခုကို မှတ်ချက်ရေးခြင်း၊ မျှဝေခြင်း သို့မဟုတ် တုံ့ပြန်ခြင်း (တုံ့ပြန်မှု အမျိုးအစား အပါအဝင်) • စာမျက်နှာ၏ ပို့စ်တစ်ခုကို ဖျောက်ထားခြင်း သို့မဟုတ် စပမ်းအဖြစ် တိုင်ကြားခြင်း • Facebook ပေါ်ရှိ အခြားစာမျက်နှာတစ်ခုမှ သို့မဟုတ် Facebook ပြင်ပရှိ ဝဘ်ဆိုဒ်တစ်ခုမှ စာမျက်နှာသို့ လင့်ခ်တစ်ခုကို နှိပ်ခြင်း • စာမျက်နှာ၏အကြောင်းအရာ အစမ်းကြည့်ရှုမှုတစ်ခုကို မြင်ရန် စာမျက်နှာ၏အမည် သို့မဟုတ် ပရိုဖိုင်ပုံပေါ်တွင် မောက်စ်ဖြင့်ထောက်ခြင်း • စာမျက်နှာပေါ်ရှိ ဝဘ်ဆိုဒ်၊ ဖုန်းနံပါတ်၊ လမ်းညွှန်ချက်ရယူရန်ခလုတ် သို့မဟုတ် အခြားခလုတ်တစ်ခုခုကို နှိပ်ခြင်း • စာမျက်နှာတစ်ခု သို့မဟုတ် ၎င်း၏အကြောင်းအရာကို လည်ပတ်ကြည့်ရှုသည့်အခါ သို့မဟုတ် အပြန်အလှန်ဆက်သွယ်သည့်အခါ လူကြီးမင်းသည် ကွန်ပျူတာ သို့မဟုတ် မိုဘိုင်း စက်ပစ္စည်းပေါ်တွင် ရှိ မရှိ ဂ။ လူကြီးမင်း၏ အချက်အလက်ဆိုင်ရာ အခွင့်အရေးများ Facebook နှင့် ကျွန်ုပ်တို့၏ သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ကျွန်ုပ်တို့၏ လူမှု ကွန်ရက်စာမျက်နှာများနှင့် စပ်လျဉ်း၍ စာမျက်နှာထိုးထွင်းသိမြင်မှု အချက်အလက်နှင့် ပတ်သက် သော အချက်အလက်ပေးပို့ရန် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရာတွင် Facebook သည် အဓိက တာဝန်ရှိကြောင်း ကျွန်ုပ်တို့ ဆုံးဖြတ်ထားပါသည်။ Facebook ပေါ်တွင် လူကြီးမင်း၏ အချက်အလက် ဆိုင်ရာ အခွင့်အရေးများအကြောင်း ပိုမိုသိရှိလိုပါက Facebook ၏ စာမျက်နှာထိုးထွင်းသိမြင်မှုများ ဆိုင်ရာ ကိုယ်ရေးအချက်အလက်မူဝါဒကို ကြည့်ပါ။ ၆။ ဖောက်သည်ဆက်ဆံရေး စီမံခန့်ခွဲမှု က။ လူကြီးမင်း၏တောင်းဆိုချက်များ လူကြီးမင်း၏ စိတ်ကျေနပ်မှုသည် ကျွန်ုပ်တို့၏ အကြီးမားဆုံး ရည်မှန်းချက်ပန်းတိုင် ဖြစ်ပါသည်။ ထို့ကြောင့် လူကြီးမင်း၏ မေးခွန်းအားလုံးအတွက် အဆင်သင့်ရှိနေရန်နှင့် ဖြေကြားပေးရန် ကျွန်ုပ်တို့ အလွန်စိတ်အား ထက်သန်ပါသည်။ ဤမေးခွန်းများကို ဖြေကြားနိုင်ရန်နှင့် ခြုံငုံပြဿနာကို နားလည် နိုင်ရန်အတွက် လူကြီးမင်းသည် ကျွန်ုပ်တို့ထံ ဆက်သွယ်သည့်အခါ စကားပြောဆိုမှု အကြောင်း အရာကို ကျွန်ုပ်တို့၏ ဖောက်သည်ဆက်ဆံရေး စီမံခန့်ခွဲမှုစနစ်တွင် သိမ်းဆည်းထားပါသည်။ ကျွန်ုပ်တို့ သိမ်းဆည်းသော အချက်အလက်များ၏ အကြောင်းအရာသည် ကျွန်ုပ်တို့၏ ဆက်သွယ် ပြောဆိုမှုများ၏ အစိတ်အပိုင်းအဖြစ် လူကြီးမင်းပေးအပ်သော အချက်အလက်များပေါ်တွင် မူတည် ပါသည်။ ကိုယ်ရေးအချက်အလက်အမျိုးအစားများ – ဆက်သွယ်ရန်အချက်အလက် အော်ဒါမှတ်တမ်းနှင့် အချက်အလက်များ ခ။ ဖုန်းခေါ်ဆိုမှုစင်တာ လူကြီးမင်းသည် ကျွန်ုပ်တို့ထံ ဖုန်းဖြင့်ဆက်သွယ်ပါက အရည်အသွေးအာမခံချက်ရှိစေရန် စကား ပြောဆိုမှုကို ကျွန်ုပ်တို့ သိမ်းဆည်းထားပါသည်။ တစ်ဦးချင်းအလိုက် ကိစ္စရပ်များတွင် ကျွန်ုပ်တို့သည် ဖောက်သည်ဝန်ဆောင်မှု၏ အရည်အသွေးမြှင့်တင်ရန်အတွက် အသံဖမ်းမှုများကိုလည်း အသုံးပြု ပါသည်၊ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့်အတူ လေ့ကျင့်သင်ကြားရေး (သင်တန်း) ရည်ရွယ်ချက်များအတွက် ဖြစ်ပါသည်။ ကျွန်ုပ်တို့ သိမ်းဆည်းသော အချက်အလက်များ၏ အကြောင်း အရာသည် ကျွန်ုပ်တို့၏ ဆက်သွယ်ပြောဆိုမှုများ၏ အစိတ်အပိုင်းအဖြစ် လူကြီးမင်းပေးအပ်သော အချက်အလက်များပေါ်တွင် မူတည်ပါသည်။ ကိုယ်ရေးအချက်အလက်အမျိုးအစားများ – ဆက်သွယ်ရန်အချက်အလက် အော်ဒါမှတ်တမ်းနှင့် အချက်အလက်များ ၇။ ကုမ္ပဏီပေါင်းစည်းခြင်းများနှင့် ဝယ်ယူခြင်းများ၊ ပိုင်ဆိုင်မှုပြောင်းလဲခြင်း အခြားကုမ္ပဏီတစ်ခုနှင့် ပေါင်းစည်းခြင်း သို့မဟုတ် ၎င်းမှဝယ်ယူခြင်း ဖြစ်ပေါ်လာပါက ကျွန်ုပ်တို့ သည် အချို့သော ကန့်သတ်ထားသည့် အချက်အလက်များကို ထိုကုမ္ပဏီသို့ ထုတ်ဖော်ပေးမည် ဖြစ်ပါသည်။ ထုတ်ဖော်ခြင်းမပြုမီ လက်ခံရရှိမည့် ကုမ္ပဏီသည် အီလက်ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေနှင့် ဤကိုယ်ရေးအချက်အလက် မူဝါဒအောက်တွင် နှိုင်းယှဉ်နိုင်သော စံနှုန်း တစ်ခုအထိ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် တာဝန်ယူကြောင်း၊ ထို့အပြင် ကုမ္ပဏီသည် သက်ဆိုင်ရာ အချက်အလက် ကာကွယ်ရေး ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာကြောင်း ကျွန်ုပ်တို့ သေချာအောင် ဆောင်ရွက်ပါမည်။ ဆောင်ရွက်မှုပြီးမြောက်ရန်အတွက် လိုအပ်သော အနည်းဆုံးပမာဏအထိသာ အခြားကုမ္ပဏီနှင့် မျှဝေသော အချက်အလက်များ၏ အတိုင်းအတာကို ထိန်းသိမ်းရန် ကျွန်ုပ်တို့ ကြိုးပမ်းပါမည်။ ကိုယ်ရေးအချက်အလက်အမျိုးအစားများ – ပို့ဆောင်ရေးအချက်အလက်များ တည်နေရာအချက်အလက်များ ပရိုဖိုင်အချက်အလက်များ (အဓိကအချက်အလက်များ) စက်ပစ္စည်းအချက်အလက်များနှင့် ဝင်ရောက်အသုံးပြုမှုအချက်အလက်များ အော်ဒါအချက်အလက်များ ဖောက်သည်စောင့်ရှောက်မှုအချက်အလက်များ စျေးကွက်ရှာဖွေရေးဆက်သွယ်မှုနှင့် ဆက်သွယ်ရေးအချက်အလက်များ ငွေပေးချေမှုအချက်အလက်များ ဘောက်ချာအချက်အလက်များ ၆။ လူကြီးမင်း၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ မည်သူတို့နှင့် မျှဝေသနည်း ကျွန်ုပ်တို့သည် လူကြီးမင်း၏အချက်အလက်များကို ခွင့်ပြုချက်မရှိသော တတိယပုဂ္ဂိုလ်များထံ မည်သည့်အခါမျှ မပေးပါ။ သို့သော် ကျွန်ုပ်တို့၏စီးပွားရေးကို ထိရောက်စွာ လည်ပတ်နိုင်ရန်အတွက် ရွေးချယ်ထားသော ဝန်ဆောင်မှုပေးသူများ၏ ဝန်ဆောင်မှုများကို ရယူပြီး ရည်ရွယ်ချက်များ ပြည့်မီစေရန် ကျွန်ုပ်တို့၏အချက်အလက်အချို့ကို ကန့်သတ်ထားပြီး တင်းကြပ်စွာ စောင့်ကြည့် ထားသော ဝင်ရောက်ခွင့်ကို ၎င်းတို့အား ပေးအပ်ပါသည်။ ကျွန်ုပ်တို့ကိုယ်စား ဆောင်ရွက်ရန်အတွက် ဤမိတ်ဖက်ကုမ္ပဏီများထံ ကိုယ်ရေးအချက်အလက်များကို မပေးပို့မီ ကုမ္ပဏီတစ်ခုချင်းစီသည် စာရင်းစစ်ဆေးမှုကို ခံယူရပါသည်။ အချက်အလက်လက်ခံရရှိသူအားလုံးသည် ဥပဒေဆိုင်ရာ အချက် အလက်ကာကွယ်ရေး လိုအပ်ချက်များကို ပြည့်မီရမည်ဖြစ်ပြီး အီလက်ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေနှင့် အခြားသက်ဆိုင်ရာ အချက်အလက် ကာကွယ်ရေး ဥပဒေများအောက်တွင် လိုအပ်သကဲ့သို့ နှိုင်းယှဉ်နိုင်သော စံနှုန်းတစ်ခုအထိ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် တာဝန်ယူရမည်ဖြစ်သည်။ က။ Delivery Hero အုပ်စုကုမ္ပဏီများ ကျွန်ုပ်တို့သည် ကမ္ဘာ့နေရာအများအပြားတွင် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများရှိသော နိုင်ငံတကာ ကုမ္ပဏီများအုပ်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ရုံးချုပ် တည်ရှိသော ကျွန်ုပ်တို့၏မိခင်ကုမ္ပဏီ Delivery Hero SE လည်း ပါဝင်ပါသည်။ အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုခြင်း၊ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းစဉ်များ ကောင်းမွန်စွာ လုပ်ဆောင်နေ ကြောင်း သေချာစေခြင်း၊ ဖောက်သည်ပံ့ပိုးမှု တောင်းဆိုချက်များကို ကူညီဖြေရှင်းခြင်း၊ ဥပဒေဆိုင်ရာ အကဲဖြတ်မှုများကို ဆောင်ရွက်ခြင်း သို့မဟုတ် IT နှင့် ပလက်ဖောင်းလုံခြုံရေးဆိုင်ရာ အစီအမံများကို အကောင်အထည်ဖော်ခြင်း အပါအဝင် အထက်ဖော်ပြပါ ရည်ရွယ်ချက်များကို ပြည့်မီစေရန်အတွက် လိုအပ်သလို Delivery Hero SE နှင့် အခြားအုပ်စုကုမ္ပဏီများနှင့် လူကြီးမင်း၏ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ မျှဝေနိုင်ပါသည်။ Delivery Hero အုပ်စုကုမ္ပဏီအားလုံးသည် သက်ဆိုင်ရာ အချက်အလက်ဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေများနှင့် အခြေခံမူများကို လိုက်နာသော တင်းကြပ်သည့် အုပ်စုအတွင်း အချက်အလက် လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူညီချက်များဖြင့် ချည်နှောင်ထားပြီး ယင်းသဘောတူညီချက်များ သည် လက်အောက်ခံကုမ္ပဏီများနှင့် ကိုယ်ရေးအချက်အလက်များကို မျှဝေသည့်အခါတိုင်း အကျုံး ဝင်ပါသည်။ ခ။ ဝန်ဆောင်မှုပေးသူများနှင့် အချက်အလက်ဆောင်ရွက်သူများ ကျွန်ုပ်တို့၏ နေ့စဉ်အချက်အလက်ဆောင်ရွက်ခြင်းလုပ်ငန်းများအတွက် ကျွန်ုပ်တို့သည် မတူညီသော ဝန်ဆောင်မှုပေးသူများနှင့် အချက်အလက် ဆောင်ရွက်သူများကို အသုံးပြုပါသည်။ ဤဝန်ဆောင်မှု ပေးသူများနှင့် အချက်အလက်ဆောင်ရွက်သူများသည် သက်ဆိုင်ရာ ပြည်တွင်းအချက်အလက် ကာကွယ်ရေး ဥပဒေများနှင့် လိုအပ်ချက်များနှင့်အညီ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ဆောင်ရွက်ပြီး ကျွန်ုပ်တို့၏ ညွှန်ကြားချက်များအရသာ ကိုယ်ရေးအချက်အလက်များကို ဆောင်ရွက်ရန် ခွင့်ပြုထားပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးသူများနှင့် အချက်အလက် ဆောင်ရွက်သူများတွင် ၎င်းတို့၏ ကိုယ်ပိုင်၊ လွတ်လပ်သော ရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ဆောင်ရွက်ရန် တောင်းဆိုခွင့်များ လုံးဝမရှိပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ် တို့၏ အချက်အလက် ဆောင်ရွက်သူများကိုလည်း စောင့်ကြည့်ပြီး ကျွန်ုပ်တို့၏ အချက်အလက် ကာကွယ်ရေး စံနှုန်းများကို ပြည့်မီသူများကိုသာ ထည့်သွင်းပါသည်။ လူကြီးမင်းသည် ဝန်ဆောင်မှုပေးသူများအဖြစ် ကျွန်ုပ်တို့ အသုံးပြုသော အဖွဲ့အချို့အကြောင်း အထက်တွင် လေ့လာခဲ့ပြီးဖြစ်ပြီး ကျွန်ုပ်တို့၏ ကွတ်ကီးများ၊ SDKS နှင့် ဝက်ဘ်ခြေရာခံမှု မူဝါဒတွင်လည်း အချက်အလက်လက်ခံရရှိသူများအကြောင်း အချက်အလက်များကို တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့၏ အသုံးပြုသူပလက်ဖောင်းများနှင့် ဒေတာဘေ့စ်များသည် Google နှင့် Amazon Web Services (AWS) ၏ EU လက်အောက်ခံကုမ္ပဏီများမှ ပေးအပ်သော Cloud အရင်းအမြစ်များပေါ်တွင် လည်ပတ်နေပါသည်။ ကျွန်ုပ်တို့သည် မတူညီသော အချက်အလက်ဆောင်ရွက်သူများကို အသုံးပြုပြီး တစ်ခါတစ်ရံ ၎င်းတို့ကို ပြောင်းလဲသောကြောင့် ဤကိုယ်ရေးအချက်အလက်မူဝါဒတွင် ကိုယ်ရေး အချက်အလက် လက်ခံရရှိသူတစ်ဦးချင်းစီကို ဖော်ထုတ်ရန် မဖြစ်နိုင်ပါ။ သို့သော် လူကြီးမင်း စိတ်ဝင်စားပါက တောင်းဆိုချက်အရ ထိုအချိန်တွင် အသုံးပြုနေသော အချက်အလက် ဆောင်ရွက်သူ (များ) ၏ အမည်ကို ကျွန်ုပ်တို့ ဝမ်းသာစွာ ထုတ်ဖော်ပြောကြားပေးပါမည်။ ဂ။ တတိယပုဂ္ဂိုလ်များ အချက်အလက် ဆောင်ရွက်သူများအပြင် ကျွန်ုပ်တို့၏ ညွှန်ကြားချက်များဖြင့် မချည်နှောင်ထား သော်လည်း ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ပေးပို့သော တတိယ ပုဂ္ဂိုလ်များနှင့်လည်း အလုပ်လုပ်ပါသည်။ ဥပမာအားဖြင့် သဘောတူညီချက်တစ်ခုအပေါ် အခြေခံ၍ ကျွန်ုပ်တို့ထံမှ လူကြီးမင်း၏ အချက်အလက်များကို လက်ခံရရှိပြီး ဥပဒေကြောင်းအရ သို့မဟုတ် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် လူကြီးမင်း၏ ကိုယ်ရေးအချက် အလက်များကို ဆောင်ရွက်သော ကျွန်ုပ်တို့၏ အကြံပေးများ၊ ရှေ့နေများ သို့မဟုတ် အခွန်အကြံပေး များအတွက် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို မည်သည့် အခြေအနေတွင်မဆို တတိယပုဂ္ဂိုလ်များထံ ရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်း မပြုလုပ်ပါ။ လူကြီးမင်းထံမှ အတိအလင်း၊ အသိပေးထားသော သဘောတူညီချက် မရှိဘဲ ဤသို့ မည်သည့်အခါမျှ ဖြစ်ပေါ်လာမည် မဟုတ်ပါ။ ဃ။ တရားစွဲဆိုရေးအာဏာပိုင်များ၊ တရားရုံးများနှင့် အခြားအစိုးရအဖွဲ့အစည်းများ ကံမကောင်းစွာပင် ကျွန်ုပ်တို့၏ ဖောက်သည်များနှင့် ဝန်ဆောင်မှုပေးသူအချို့သည် မျှတစွာ မပြုမူဘဲ ကျွန်ုပ်တို့ကို ထိခိုက်စေလိုသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဤကိစ္စရပ်များတွင် ကျွန်ုပ်တို့သည် ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများကြောင့် အစိုးရအာဏာပိုင်များထံ ကိုယ်ရေး အချက် အလက်များကို ပေးအပ်ရန် တာဝန်ရှိသည်သာမက ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ရန်နှင့် ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို အတည်ပြုရန်နှင့် မတရားတောင်းဆိုချက်များကို ငြင်းပယ်ရန် ကျွန်ုပ်တို့၏ အကျိုးစီးပွားထဲတွင်လည်း ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် စည်းမျဉ်းဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် အတွက် ဥပဒေစိုးမိုးရေးအေဂျင်စီများ၊ အစိုးရနှင့် စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့်လည်း လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို မျှဝေနိုင်ပါသည်။ ၇။ လူကြီးမင်း၏ အချက်အလက်များကို မည်မျှကြာကြာ သိမ်းဆည်းထားသနည်း ကျွန်ုပ်တို့သည် ရည်ရွယ်ချက်များ ပြည့်မီပြီးနောက် လူကြီးမင်း၏ အချက်အလက်များကို ယေဘုယျ အားဖြင့် ဖျက်ပစ်ပါသည်။ တိကျသော ဖျက်ပစ်ခြင်းဆိုင်ရာ စည်းမျဉ်းများကို ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ မူဝါဒများနှင့် ဒေသတွင်း သိမ်းဆည်းထားရှိမှု ဇယားများတွင် သတ်မှတ်ထားပါသည်။ အချက်အလက် ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်ပေါ်မူတည်၍ မတူညီသော ဖျက်ပစ်ခြင်းဆိုင်ရာ စည်းမျဉ်းများ အကျုံးဝင်ပါသည်။ ကျွန်ုပ်တို့၏ ဖျက်ပစ်ခြင်းဆိုင်ရာ သဘောတရားများအတွင်း မတူညီသော အချက်အလက် အမျိုးအစားများကို သတ်မှတ်ထားပြီး ပုံမှန်အများဆုံး သိမ်းဆည်း ထားရှိမှုနှင့် ဖျက်ပစ်ခြင်း ကာလများကို သတ်မှတ်ပေးထားပါသည်။ သိမ်းဆည်းထားရှိမှုကာလ ကုန်ဆုံးသောအခါ သိမ်းဆည်းထားသော အချက်အလက်များကို သက်ဆိုင်ရာအတိုင်း ဖျက်ပစ်မည် ဖြစ်ပါသည်။ လူကြီးမင်းသည် ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်ရှိ လူကြီးမင်း၏ အသုံးပြုသူအကောင့်ကို သုံးနှစ်ထက်ပိုသော ကာလတစ်ခုအတွင်း အသုံးမပြုခဲ့ပါက သိမ်းဆည်းထားရှိမှု ကန့်သတ်ချက်မူကို လိုက်နာရန် သေချာစေရန်အတွက် လူကြီးမင်း၏အကောင့်ကို ကျွန်ုပ်တို့ ဖျက်ပစ်မည်ဖြစ်ပါသည်။ ဤသို့မဖြစ်ပေါ်မီ လူကြီးမင်း၏ အသုံးပြုသူအကောင့်အတွက် မှတ်ပုံတင်ထားသော အီးမေးလ် လိပ်စာသို့ သီးခြားအကြောင်းကြားစာတစ်စောင်ကို လူကြီးမင်းက လက်ခံရရှိမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင် သတ်မှတ်ထားသော ဖျက်ပစ်ခြင်းဆိုင်ရာ စည်းမျဉ်းများအပြင် ကျွန်ုပ်တို့ လိုက်နာ ရမည့် အခြားဥပဒေဆိုင်ရာ သိမ်းဆည်းထားရှိမှုကာလများလည်း ရှိပါသည်။ ငွေတောင်းခံလွှာများ သို့မဟုတ် စီးပွားရေးဆိုင်ရာ စာများကဲ့သို့သော မတူညီသော ဥပဒေဆိုင်ရာ စာရွက်စာတမ်းများ အတွက် သက်ဆိုင်ရာဥပဒေများသည် အနည်းဆုံး သိမ်းဆည်းထားရှိမှုကာလများကို သတ်မှတ်ထားပါ သည်။ ဥပမာအားဖြင့် အခွန်အချက်အလက်များကို ခြောက်နှစ်မှ ဆယ်နှစ်အထိ သို့မဟုတ် အချို့ ကိစ္စရပ်များတွင် ထို့ထက်ပိုကြာအောင်ပင် ထိန်းသိမ်းထားရပါသည်။ ဤအထူး သိမ်းဆည်းထားရှိမှု ကာလများသည် ဒေသတွင်း ဥပဒေဆိုင်ရာ လိုအပ်ချက်များအရ ကွဲပြားခြားနားပါသည်။ ထို့အပြင် သက်ဆိုင်ရာ ဒေသတွင်းဥပဒေများနှင့်အညီ ကျွန်ုပ်တို့တွင် အခွင့်အရေးရှိပါက လူကြီးမင်း၏ အချက်အလက်များကို ဆက်လက်သိမ်းဆည်းထားမည်ဖြစ်ပါသည်။ ဤသည်မှာ အထူးသဖြင့် ဥပဒေ ဆိုင်ရာ တောင်းဆိုမှုများကို တည်ထောင်ရန်၊ ကျင့်သုံးရန် သို့မဟုတ် ခုခံကာကွယ်ရန်အတွက် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ လိုအပ်သည့်အခါ အကျုံးဝင်ပါသည်။ ၈။ အခြားပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်များ လူကြီးမင်းသည် ကျွန်ုပ်တို့၏ ပလက်ဖောင်းကို အသုံးပြုခြင်းမှတစ်ဆင့် အခြားပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးအပ်ပါက (ဥပမာ၊ လူကြီးမင်း၏ သူငယ်ချင်းအတွက် အစားအသောက်ပို့ဆောင်ရေးအော်ဒါတစ်ခု မှာယူသည့်အခါ လူကြီးမင်း၏ သူငယ်ချင်း၏ အမည်၊ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များနှင့် နေထိုင်ရာလိပ်စာကို ကျွန်ုပ်တို့ထံ ပေးအပ်ခြင်း သို့မဟုတ် pandago ကို အသုံးပြုခြင်းမှတစ်ဆင့် ပို့သူ/လက်ခံသူ၏ ပို့ဆောင်ရေးလိပ်စာနှင့် ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို ပေးအပ်ခြင်း) ဤပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက် အလက်များကို ကျွန်ုပ်တို့ထံ ထုတ်ဖော်ရန် ဤပုဂ္ဂိုလ်များက လူကြီးမင်းအား ခွင့်ပြုထားကြောင်းနှင့် ဤရည်ရွယ်ချက်များအတွက် ၎င်းတို့၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့မှ စုဆောင်းရန်၊ အသုံးပြုရန်နှင့် ထုတ်ဖော်ရန် ဤပုဂ္ဂိုလ်များက သဘောတူညီထားကြောင်း လူကြီးမင်းသည် ဤနေရာတွင် တာဝန်ယူပါသည်။ ၉။ ပြင်ဆင်ခွင့် အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ၂၀၀၄ (၂၀၁၄ နှင့် ၂၀၂၁ တွင် ပြင်ဆင်ထားသည့် အတိုင်း) အပါအဝင် သက်ဆိုင်ရာ ဥပဒေနှင့် ဥပဒေပြဌာန်းချက်များကို လိုက်နာမှုရှိစေရန် ဤကိုယ်ရေးအချက်အလက် အသိပေးချက်ကို ပြောင်းလဲခွင့်ကို ကျွန်ုပ်တို့ ရယူထားပါသည်။ အချက် အလက်ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်ပြောင်းလဲခြင်း သို့မဟုတ် ရည်ရွယ်ချက်အသစ်များ ကဲ့သို့သော သိသာထင်ရှားသော အပြောင်းအလဲများကို လူကြီးမင်းအား အသိပေးပါမည်။ နောက်ဆုံးပြင်ဆင်ချက် –၂၀၂၃ ခုနှစ် ဇန်နဝါရီလ