ထုတ်ဝေကာလ - နိုဝင်ဘာ ၂၀၁၉
စည်းမျဉ်းသတ်မှတ်ချက်များ
ဤစည်းမျဉ်းသတ်မှတ်ချက်များ ("စည်းမျဉ်းများ") က foodpanda (သို့မဟုတ် "ကျွန်ုပ်တို့") ဝန်ဆောင်မှုပေးနေသော ဝက်ဘ်ဆိုက်နှင့် မိုဘိုင်းအပလီကေးရှင်း (တစ်စုတစ်စည်းတည်းအားဖြင့် "ဝန်ဆောင်မှုပလက်ဖောင်းများ") ကို သင် အသုံးပြုခြင်းနှင့်ပတ်သက်၍ ထိန်းချုပ်ထားခြင်းဖြစ်ပါသည်။ အောက်ပါ စည်းမျဉ်းများကို ဂရုတစိုက် ဖတ်ရှုပေးပါ။ ဝန်ဆောင်မှုပလက်ဖောင်းများကို အသုံးပြုခြင်းဖြင့် သင်သည် ယင်းဝန်ဆောင်မှုပလက်ဖောင်းများတွင် သို့မဟုတ် တစ်ဆင့်ခံလင့်ခ်မှ ဖြစ်စေ ရည်ညွှန်းသော စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒများ အပါအဝင် စည်းမျဉ်းများကို ဖတ်ရှု၊ နားလည်၊ လက်ခံပြီးဖြစ်ကြောင်း အတည်ပြုပြီးဖြစ်ပါသည်။ ဤစည်းမျဉ်းများကို သဘောမတူခြင်း သို့မဟုတ် လိုက်နာနိုင်ခြင်း မရှိပါက ဝန်ဆောင်မှုပလက်ဖောင်းများကို အသုံးမပြုရန် တိုက်တွန်းပါသည်။
ဤဝန်ဆောင်မှုပလက်ဖောင်းများကို (၁) အသက် ၁၈ နှစ် ပြည့်ပြီးသူများနှင့် (၂) တရားဝင် တည်ထောင်ထားသည့် အဖွဲ့အစည်းများ ဥပမာ-ကုမ္ပဏီများက အသုံးပြုနိုင်ပါသည်။ ဤနေရာတွင် ဖော်ပြထားသကဲ့သို့ စည်းမျဉ်းများတွင် နိုင်ငံအလိုက် ပြဋ္ဌာန်းချက်များကိုလည်း သင့်လျော်သလို ထည့်သွင်းသတ်မှတ်ထားနိုင်ပါသည်။
အသက် ၁၈ နှစ် မပြည့်သေးသူများအနေဖြင့် ဤစည်းမျဉ်းများကို သိရှိ သဘောတူပြီးဖြစ်ကြောင်း၊ ဤဝန်ဆောင်မှုပလက်ဖောင်းများကို အသုံးပြုမှု နှင့်/သို့မဟုတ် ပစ္စည်းများ ဝယ်ယူမှုနှင့် စပ်လျဉ်း၍ သင်၏လုပ်ဆောင်ချက်များအပေါ် အခကြေးငွေများကို တာဝန်ခံပေးမည့် မိဘ(များ) သို့မဟုတ် တရားဝင် အုပ်ထိန်းသူ(များ) ၏ သဘောတူညီချက် ရယူရပါမည်။ သင့် မိဘ(များ) သို့မဟုတ် တရားဝင် အုပ်ထိန်းသူ(များ) ၏ သဘောတူ ခွင့်ပြုချက် မရရှိပါက ဤဝန်ဆောင်မှုပလက်ဖောင်းအား အသုံးပြုနေမှုကို ချက်ချင်း ရပ်ဆိုင်းပါ။
foodpanda အနေဖြင့် ဤစည်းမျဉ်းများ (ဤစည်းမျဉ်းများနှင့် ဆက်စပ်သည့် မူဝါဒများ အပါအဝင်) ကို အချိန်မရွေး ပြုပြင် သို့မဟုတ် ပြောင်းလဲပိုင်ခွင့် ရှိပါသည်။ ဤစည်းမျဉ်းများကို ပုံမှန် ဝင်ရောက်ဖတ်ရှုရန် အထူးပင် တိုက်တွန်းအပ်ပါသည်။ ပြင်ဆင်ပြောင်းလဲထားသည့် စည်းမျဉ်းများကို ဖော်ပြခဲ့သည့် နေ့ရက် နောက်ပိုင်းတွင် ဤဝန်ဆောင်မှုပလက်ဖောင်းများကို သင်က ဆက်လက် အသုံးပြုနေသေးလျှင် ပြင်ဆင်ပြောင်းလဲလိုက်သည့် စည်းမျဉ်းများကို သင်က လက်ခံ သဘောတူသည်ဟု ယူဆသွားပါမည်။
၁။ foodpanda
၁.၁ ကျွန်ုပ်တို့အကြောင်း
သင် ရယူအသုံးပြုသည့် ဝန်ဆောင်မှုပလက်ဖောင်းအပေါ် မူတည်၍ ဤစည်းမျဉ်းများက သင်နှင့် အောက်ပါ foodpanda လုပ်ငန်းများအကြား သဘောတူညီချက်အဖြစ် တည်ရှိပါမည်။
၁။ Foodpanda Bangladesh (www.foodpanda.bd)
၂။ Foodpanda Cambodia (www.foodpanda.kh)
၃။ Foodpanda Hong Kong (www.foodpanda.hk)
၄။ Foodpanda Laos (www.foodpanda.la)
၅။ Foodpanda Malaysia (www.foodpanda.my)
၆။ Foodpanda Myanmar (www.foodpanda.mm)
၇။ Foodpanda Pakistan (www.foodpanda.pk)
၈။ Foodpanda Philippines (www.foodpanda.ph)
၉။ Foodpanda Taiwan (www.foodpanda.tw)
၁၀။ Foodpanda Thailand (www.foodpanda.th)
၁၁။ Foodpanda Singapore (www.foodpanda.sg)
၁.၂ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများ
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပလက်ဖောင်းများမှတစ်ဆင့် foodpanda က သင့်ကို ဈေးဆိုင်များ ("ဈေးဆိုင်များ") နှင့် ချိတ်ဆက်ပေး၍ ပြင်ဆင်ချက်ပြုတ်ပြီးသား ဟင်းလျာများ၊ မချက်ပြုတ်ထားသော အစားအစာများနှင့် အစားအသောက်မဟုတ်သော ပစ္စည်းများ (ဤနေရာမှစ၍ "ကုန်စည်များ" ဟု တစ်စုတစ်စည်းတည်း သုံးနှုန်းမည်) အပါအဝင် သင် မှာယူလိုသော ကုန်စည်များကို သင့်ထံ ပို့ဆောင်ပေးမည် ဖြစ်သည်။ သင်က ကုန်စည်များကို ကျွန်ုပ်တို့၏ ဈေးဆိုင်များထံမှ မှာယူလိုက်သည့်အခါ ("မှာယူမှု") foodpanda က ယင်းဈေးဆိုင်၏ ကိုယ်စားလှယ်အနေဖြင့် ကူညီ၊ စီမံ၊ ဆောင်ရွက်၍ ကျွန်ုပ်တို့က ဖြစ်စေ၊ ဈေးဆိုင်ကဖြစ်စေ သင်၏ မှာယူမှုကို သင့်ထံ ပို့ဆောင်ပေးသွားမည် ဖြစ်သည်။ ဈေးဆိုင်များသည် တတိယအဖွဲ့အစည်း တစ်ခုခုက သို့မဟုတ် ကျွန်ုပ်တို့နှင့် ဆက်စပ်သည့် လုပ်ငန်းများက ပိုင်ဆိုင် လုပ်ကိုင်နေသည့် ဈေးဆိုင်များ ဖြစ်နိုင်ပါသည်။
၁.၃ ကျွန်ုပ်တို့အား ဆက်သွယ်ရန်
ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သင့်အနေဖြင့် အီးမေးလ်ဖြင့် ဖြစ်စေ၊ အက်ပ်ထဲရှိ ဖောက်သည်ဝန်ဆောင်မှု ချက်ဘောက်မှ ဖြစ်စေ ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။
၂။ ဝန်ဆောင်မှုပလက်ဖောင်းများနှင့် foodpanda အကောင့် အသုံးပြုပုံ
၂.၁ သင့်အနေဖြင့် ဝန်ဆောင်မှုပလက်ဖောင်းကို အသုံးပြုရန် foodpanda အကောင့်တစ်ခု မှတ်ပုံတင်ရန် လိုအပ်ပါမည်။ သင့်အနေဖြင့် foodpanda အကောင့်တစ်ခု မှတ်ပုံတင်သည့်အခါ သင်၏အီးမေးလ်၊ နေရပ်လိပ်စာ၊ မိုဘိုင်းဖုန်းနံပါတ်နှင့် သီးခြားစကားဝှက်တစ်ခုတို့ အပါအဝင် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ဖြည့်သွင်းရန် တောင်းဆိုမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ One-Time Pin (“OTP”) ကို Short Message Service (“SMS”) မှတစ်ဆင့် သို့မဟုတ် WhatsApp ကဲ့သို့သော messaging platform များနှင့် အလားတူ ဆက်သွယ်ရေး application များမှတစ်ဆင့် ပေးပို့နိုင်သည့် အခွင့်အရေးကို ထိန်းသိမ်းထားပါသည်။ မှာယူမှုတစ်ခုပြုလုပ်ရန် သင် ရွေးချယ်လိုက်သော ငွေပေးချေမှုနည်းလမ်းအပေါ်မူတည်၍ သင့်အကြွေးဝယ်ကဒ် အချက်အလက်များကို ထည့်သွင်းရနိုင်ပါသည်။ သင်၏ သီးခြားစကားဝှက်ကို မည်သူ့ကိုမျှ မျှဝေပေးမှု မပြုဘဲ အမြဲတမ်း လျှို့ဝှက်ထားရန် လိုအပ်ပါသည်။ သင့်စကားဝှက်ကို လုံခြုံစွာ ထိန်းသိမ်းရန် သင့်တွင်သာ အပြည့်အဝ တာဝန်ရှိပါသည်။ သင့်အမှားကြောင့် မဟုတ်သော မသမာမှု သို့မဟုတ် လွဲမှားမှုများ ဖြေရှင်းနိုင်ရန် သင့် foodpanda အကောင့်ကိုအသုံးပြုထားသည့် မှာယူမှု အားလုံးအတွက် သင့်တွင်သာ အပြည့်အဝ တာဝန်ရှိကြောင်း လက်ခံ သဘောတူရပါမည်။
၂.၂ သင်က အချက်အလက် ဖြည့်သွင်းရာတွင် မပြည့်စုံ၊ မမှန်ကန် သို့မဟုတ် လိုအပ်ချက် ရှိနေမှုကြောင့် ပို့ဆောင်ရာတွင် ပြဿနာ ရှိလာခဲ့ပါက ယင်းမှာယူမှုများအတွက် foodpanda က တာဝန်ယူမည် မဟုတ်ပါ။ မှာယူမှုများကို မှန်ကန်စွာ ဝန်ဆောင်ပေးနိုင်ရန်အတွက် သင်၏ ပေးပို့ရမည့် လိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များ အပါအဝင် အချက်အလက်များကို ပြည့်စုံ၊ တိကျ မှန်ကန်စွာ ဖြည့်သွင်းရန် သင့်တွင် တာဝန်ရှိပါသည်။
၂.၃ သင့် foodpanda အကောင့်ကို ဖျက်သိမ်းလိုပါက ထိုသို့ ပြုလုပ်ပေးရန် ကျွန်ုပ်တို့ထံ အီးမေးလ်ပေးပို့ ဆက်သွယ်ပေးပါ။ ကျွန်ုပ်တို့အနေဖြင့် အောက်ပါအကြောင်းအရာ တစ်ခုခုကြောင့်ဖြစ်သည်ဟု ယုံကြည်ရလောက်သော အကြောင်းရင်း တွေ့လျှင် သင်၏ foodpanda အကောင့် နှင့်/သို့မဟုတ် ဝန်ဆောင်မှုပလက်ဖောင်းများ အသုံးပြုခွင့်ကို ကန့်သတ်၊ ဆိုင်းငံ့ သို့မဟုတ် ရုပ်သိမ်းနိုင်ပါသည်။
၂.၃.၁ သင် မဟုတ်သော အခြားသူ တစ်ဦးဦးက သင့် foodpanda အကောင့်ကို သုံးနေခြင်း။
၂.၃.၂ ဤစည်းမျဉ်းများ၊ ကျွန်ုပ်တို့၏ မူဝါဒများနှင့် လမ်းညွှန်ချက်များကို ချိုးဖောက်သည့် လုပ်ဆောင်မှု သို့မဟုတ် ဖြစ်စဉ်တစ်ခုခုတွင် သို့မဟုတ် ဝန်ဆောင်မှုပလက်ဖောင်းများကို မလျော်ကန်စွာ အသုံးချသည်ဟု ကျွန်ုပ်တို့ဘက်က သတ်မှတ်ထားသော လုပ်ဆောင်မှု သို့မဟုတ် ဖြစ်စဉ်တစ်ခုခုတွင် သင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိခြင်း သို့မဟုတ် ဖော်ထုတ်တွေ့ရှိခြင်း။
၃။ တားမြစ်ချက်များ
၃.၁ ဝန်ဆောင်မှုပလက်ဖောင်းများတွင် တားမြစ်ထားသည်များ
အောက်ပါတို့သည် ဝန်ဆောင်မှုပလက်ဖောင်းများတွင် တရားမဝင်ကြောင်း သို့မဟုတ် မပြုလုပ်ရန် ကျွန်ုပ်တို့ သတ်မှတ်ထားသည့် လုပ်ဆောင်မှု အမျိုးအစား အချို့၏ စာရင်းဖြစ်သည်။ တားမြစ်ထားသည့် လုပ်ဆောင်မှုများအား ပါဝင်ပတ်သက်သည့် မည်သူ့ကိုမဆို foodpanda အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စုံစမ်းစစ်ဆေး၍ သင့်လျော်သည့် ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့် ရှိသည်။ တားမြစ်ထားသော လုပ်ဆောင်ချက်များတွင် အောက်ပါတို့ ပါဝင်သော်လည်း ယင်းတို့မျှကိုသာ ဆိုလိုခြင်းတော့ မဟုတ်ပါ။
၃.၁.၁ ဝန်ဆောင်မှုပလက်ဖောင်းများအား ဒေသန္တရ၊ တိုင်း/ပြည်နယ် သို့မဟုတ် ပြည်ထောင်စု ဥပဒေများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရန်အတွက် အသုံးပြုခြင်း၊
၃.၁.၂ ဉာဏမူပိုင်ခွင့်များ၊ ပုဂ္ဂလိကလွတ်လပ်ခွင့်များ၊ အများပြည်သူဆိုင်ရာ အခွင့်အရေးများ၊ ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ပိုင်ခွင့်များ သို့မဟုတ် လူတစ်ဖက်သား၏ အခြားသောအခွင့်အရေးများကို ချိုးဖောက်သည့် အကြောင်းအရာများ တင်ခြင်း၊
၃.၁.၃ ဥပဒေနှင့် မညီသော၊ ညစ်ညမ်းသော၊ တစ်စုံတစ်ဦးကို အသရေပျက်စေသော၊ ခြိမ်းခြောက်သော၊ အနှောင့်အယှက်ဖြစ်စေသော၊ စော်ကားသော၊ ထိခိုက်နစ်နာစေသော၊ မုန်းတီးစေသော သို့မဟုတ် ကသိကအောက်ဖြစ်စေသော အကြောင်းအရာများကို တင်သည်ဟု foodpanda ၏ ကိုယ်ပိုင် သတ်မှတ်ထားချက် သို့မဟုတ် ဒေသခံ အဖွဲ့အစည်း စံနှုန်းများအရ မှတ်ယူခံရခြင်း၊
၃.၁.၄ အွန်လိုင်းမှ အနိုင်ကျင့်ခြင်းနှင့် ဆက်စပ်သည့် အကြောင်းအရာများ တင်သည်ဟု foodpanda ၏ ကိုယ်ပိုင် သုံးသပ်ချက်အရ မှတ်ယူခံရခြင်း၊
၃.၁.၅ အန္တရာယ်ရှိသော၊ အသက်အန္တရာယ်ခြိမ်းခြောက်သော သို့မဟုတ် အခြား ဘေးဖြစ်စေနိုင်သော အကြောင်းအရာများကို တင်ခြင်း၊
၃.၁.၆ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ဖုန်းနံပါတ်၊ လိပ်စာ သို့မဟုတ် မိသားစုအမည်တို့ကို တင်ခြင်း၊
၃.၁.၇ ပြင်ပဝက်ဘ်ဆိုက်များကို ချိတ်ဆက်သည့် URL များ သို့မဟုတ် HTML သို့မဟုတ် ပရိုဂရမ်ကုဒ်များ တင်ခြင်း၊
၃.၁.၈ foodpanda ၏ ကိုယ်ပိုင်သုံးသပ်ချက်အရ "မလိုလားအပ်သည်များ" ဟု ယူဆနိုင်သည့် အရာများ တင်ခြင်း၊
၃.၁.၉ အကြောင်းအရာများတင်သည့်အခါ အခြားသူ တစ်ဦးတစ်ယောက်အဖြစ် အယောင်ဆောင်ခြင်း၊
၃.၁.၁၀ အီးမေးလ်လိပ်စာများ အပါအဝင် အခြားသူများ၏ အချက်အလက်များကို ၎င်းတို့၏ ဆန္ဒမပါဘဲ ရယူခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် စုဆောင်းခြင်း၊
၃.၁.၁၁ အခြားသူ တစ်ဦးဦး သို့မဟုတ် တစ်ဖွဲ့တစ်ခုခုအား သင်၏ သက်သေခံအချက်အလက်ကို အသုံးပြု၍ စာတင်ခြင်း သို့မဟုတ် မှတ်ချက်များ ကြည့်ရှုခြင်းတို့ကို ပြုလုပ်ခွင့်ပြုခြင်း၊
၃.၁.၁၂ ဝန်ဆောင်မှုပလက်ဖောင်းများပေါ်ရှိ အခြားပုဂ္ဂိုလ်များအား အနှောက်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ နောက်ယောင်ခံ စောင့်ကြည့်ခြင်း သို့မဟုတ် စော်ကားမော်ကားပြုလုပ်ခြင်း၊
၃.၁.၁၃ အခြားသူများအား ဝက်ဘ်ဆိုက်များ အသုံးပြု၍ မရအောင် တားမြစ် သို့မဟုတ် ဟန့်တားခြင်း၊ သို့တည်းမဟုတ် foodpanda သို့မဟုတ် ၎င်း၏ ဖောက်သည်များ၊ ကုန်ပစ္စည်းထောက်ပံ့သူများ သို့မဟုတ် အခြားအဖွဲ့အစည်းများအား ထိခိုက်နစ်နာစေသည့် မည်သည့် အပြုအမူကိုမဆို ပြုမူခြင်း၊
၃.၁.၁၄ ဤနေရာတွင် ဖော်ပြထားသည့် တားမြစ်ချက် တစ်ခုခုအား တခြားသူ တစ်ဦးက ချိုးဖောက်ရန် တိုက်တွန်း အားပေးခြင်း၊
၃.၂ foodpanda အနေဖြင့် အောက်ပါ လုပ်ဆောင်ချက် တစ်ခုခုကို ပြုလုပ်ပိုင်ခွင့် ရှိသော်လည်း မဖြစ်မနေ လုပ်ဆောင်ရန်တော့ တာဝန် မရှိပါ။
၃.၂.၁ ဝန်ဆောင်မှုပလက်ဖောင်းများတွင် တင်ထားသည့် အကြောင်းအရာတစ်ခုခုသည် ဤစည်းမျဉ်းများနှင့် မညီကြောင်း စွပ်စွဲလာမှုကို စုံစမ်းစစ်ဆေးခြင်းနှင့် ယင်းအကြောင်းအရာကို ဖယ်ရှားခြင်း သို့မဟုတ် ဖယ်ရှားပေးရန် တောင်းဆိုခြင်းကို ပြုရန် ကိုယ်ပိုင်သုံးသပ်ချက်ဖြင့် ဆုံးဖြတ်ခြင်း၊
၃.၂.၂ စော်ကားသော၊ တရားမဝင်သော သို့မဟုတ် ဖျက်လိုဖျက်ဆီးလုပ်လိုသော အကြောင်းအရာများ သို့မဟုတ် ဤစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်သော အကြောင်းအရာများကို ဖယ်ရှားခြင်း၊
၃.၂.၃ ဤစည်းမျဉ်းများကို ချိုးဖောက်သည့် အသုံးပြုသူများ၏ ဝန်ဆောင်မှုပလက်ဖောင်းများ အသုံးပြုခွင့် သို့မဟုတ် ၎င်းတို့၏ foodpanda အကောင့်ကို ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊
၃.၂.၄ ဝန်ဆောင်မှုပလက်ဖောင်းပေါ်ရှိ မည်သည့် အကြောင်းအရာကို မဆို စောင့်ကြည့်၊ တည်းဖြတ် သို့မဟုတ် ထုတ်ဖော်ပြခြင်းနှင့်
၃.၂.၅ ဤစံနှုန်းများသတ်မှတ်ချက်များကို ချိုးဖောက်သည်ဖြစ်စေ၊ မချိုးဖောက်သည် ဖြစ်စေ ဝန်ဆောင်မှုပလက်ဖောင်းများပေါ်တွင် တင်ထားသည့် မည်သည့် အကြောင်းအရာကိုမဆို တည်းဖြတ်ခြင်း သို့မဟုတ် ပယ်ဖျက်ပစ်ခြင်း၊
၄။ ဉာဏမူပိုင်ခွင့်
ဝန်ဆောင်မှုပလက်ဖောင်းများတွင် သို့မဟုတ် ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေး အသုံးအဆောင်များတွင် ဖော်ပြထားသည့် ဤစည်းမျဉ်းများအပါအဝင် ကုန်သွယ်မှုအမှတ်တံဆိပ်များ၊ ကုန်အမှတ်တံဆိပ်များ၊ ရုပ်ပုံများနှင့် ဝန်ဆောင်မှု သင်္ကေတများသည် မှတ်ပုံတင်ထားသည် ဖြစ်စေ၊ မတင်ထားသည် ဖြစ်စေ (တစ်စုတစ်စည်းတည်းဖြင့် "ကုန်သွယ်မှု အမှတ်တံဆိပ်များ") တို့သည် foodpanda နှင့်/သို့မဟုတ် ကျွန်ုပ်တို့အား အသုံးပြုရန် ခွင့်ပြုထားသည့် တတိယအဖွဲ့အစည်းများ၏ ဉာဏမူပိုင်ခွင့်ပစ္စည်းများ ဖြစ်သည်။ ယင်း ကုန်သွယ်မှုအမှတ်တံဆိပ်များကို ကျွန်ုပ်တို့ထံမှ စာဖြင့်ရေးသားထားသော တင်ကြိုခွင့်ပြုချက် မပါရှိဘဲ အသုံးပြုခြင်း၊ ကူးယူခြင်း၊ ပြန်လည်ဖန်တီးခြင်း၊ တစ်ဆင့်ပြန်လည်ဖော်ပြခြင်း၊ တင်ပို့ခြင်း၊ ဖော်ပြခြင်း၊ ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် ပြုပြင်ခြင်း ပြုလုပ်ခွင့် မရှိပါ။ ကျွန်ုပ်တို့၏ ခွင့်ပြုချက် မပါဘဲ အခြားသော ဝက်ဘ်ဆိုက်များတွင် foodpanda ၏ ကုန်သွယ်မှုအမှတ်တံဆိပ်များကို အသုံးပြုခြင်းအား တင်းကြပ်စွာ တားမြစ်သည်။ foodpanda အနေဖြင့် မိမိ၏ ဉာဏဆိုင်ရာမူပိုင်ခွင့် အခွင့်အရေးများကို ရာဇဝတ်မှု တရားစီရင်ခြင်း အပါအဝင် ဥပဒေကြောင်းအရ အပြည့်အဝ ပြင်းပြင်းထန်ထန် တုံ့ပြန် အရေးယူသွားမည် ဖြစ်သည်။ foodpanda အနေဖြင့် ဝန်ဆောင်မှုပလက်ဖောင်းပေါ်တွင် သင်အသုံးပြုသည့် အရာများသည့် foodpanda က မပိုင်ဆိုင်သော သို့မဟုတ် foodpanda နှင့် ဆက်နွယ် ချိတ်ဆက်ခြင်း မရှိသည့် တတိယအဖွဲ့အစည်းများ၏ အခွင့်အရေးများကို ချိုးဖောက်ခြင်း ရှိ မရှိကို အာမခံပေးခြင်း သို့မဟုတ် ကိုယ်စားပြု တာဝန်ခံပေးခြင်း ပြုမည် မဟုတ်ပါ။ ဝန်ဆောင်မှုပလက်ဖောင်းများပေါ်တွင် မည်သည့်အရာကိုမဆို အသုံးပြုမှုသည့် သင်၏ တာဝန်သက်သက်မျှသာ ဖြစ်သည်။
၅။ ကုန်ပစ္စည်းများကို တားမြစ်ခြင်း
၅.၁ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပလက်ဖောင်းများပေါ်တွင် ရနိုင်သော အချို့ ကုန်ပစ္စည်းများသည် သင်ဝယ်ယူသော နိုင်ငံ၏ ဆိုင်ရာ ဥပဒေများအလိုက် ဝယ်ယူခြင်းမှ ကန့်သတ်ထားခြင်း ("ကန့်သတ်ကုန်စည်များ") ရှိနိုင်ပါသည်။ ဤကန့်သတ်ချက် များတွင် အရက်/ယမကာကုန်စည်များနှင့် အခြားကုန်စည်များအတွက် အနိမ့်ဆုံး ရှိရမည့် အသက်လိုအပ်ချက်လည်းပါဝင်ပြီး သင်မှာယူသည့်အချိန်တွင် ကျင့်သုံးနေသော သက်ဆိုင်ရာဥပဒေလိုအပ်ချက် အပေါ် မူတည်ကာ ကျွန်ုပ်တို့တွင် သင့်အား ပို့ဆောင်ခြင်း မပြုဘဲ ငြင်းဆိုပိုင်ခွင့် ရှိပါသည်။
၅.၂ အရက် / ယမကာကုန်စည်များ (““ အရက်””)
အရက် ဝယ်ယူရန် သင့်အနေဖြင့် ဥပဒေက သတ်မှတ်ထားသော အသက် ပြည့်မီရန် လိုအပ်ပါသည်။ foodpanda၊ ဈေးဆိုင်နှင့် မုန့်ပို့သည့် စက်ဘီးသမားများတွင် အောက်ပါတို့ကို ပြုလုပ်၍ ချင့်ချိန်ဆုံးဖြတ်ပိုင်ခွင့် ရှိပါသည်။
၅.၂.၁ အရက်ပို့ဆောင်ခြင်း မပြုမီ မည်သူ့ကိုမဆို အသက်နှင့်ပတ်သက်သည့် အထောက်အထား (ဥပမာ - မှတ်ပုံတင်) တောင်းယူကြည့်ရှုခြင်း၊
၅.၂.၂ သင်သည် ဥပဒေကသတ်မှတ်ထားသော အသက်ပြည့်မီကြောင်း အထောက်အထား မပြနိုင်ပါက ကုန်ပစ္စည်းပေးအပ်ရန် ငြင်းဆိုခြင်း၊
၅.၂.၃ မည်သည့် အကြောင်းကြောင့်ဖြစ်စေ မည်သူ့ကိုမဆို ကုန်ပစ္စည်း ပို့ဆောင်ပေးရန် ငြင်းဆိုခြင်း၊
၅.၃ စီးကရက် / ဆေးရွက်ကြီးပါသည့်ပစ္စည်းများ ("ဆေးရွက်ကြီးထုတ်ကုန်")
၅.၃.၁ ဥပဒေက ခွင့်ပြုခဲ့လျှင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပလက်ဖောင်းအချို့တွင် ဆေးရွက်ကြီးထုတ်ကုန်များ ရရှိကောင်း ရရှိနိုင်ပါသည်။ ဆေးရွက်ကြီးထုတ်ကုန်များကို ဝန်ဆောင်မှုပလက်ဖောင်းများတွင် ရောင်းချပေးခြင်းသည် ဆေးရွက်ကြီးထုတ်ကုန်များအား တစ်နည်းနည်းဖြင့် ဝယ်ယူ သို့မဟုတ် သုံးစွဲရန် ကြော်ငြာပေးခြင်း၊ လူသိများစေခြင်း သို့မဟုတ် အားပေးအားမြောက်ပြုခြင်း မဟုတ်ပါ။
၅.၃.၂ ဆေးရွက်ကြီးထုတ်ကုန် ဝယ်ယူရန် သင့်အနေဖြင့် ဥပဒေက သတ်မှတ်ထားသော အသက် ပြည့်မီရန် လိုအပ်ပါသည်။ foodpanda၊ ဈေးဆိုင်နှင့် မုန့်ပို့သည့် စက်ဘီးသမားများတွင် အောက်ပါတို့ကို ပြုလုပ်၍ ချင့်ချိန်ဆုံးဖြတ်ပိုင်ခွင့် ရှိပါသည်။
(၁) ဆေးရွက်ကြီးထုတ်ကုန် ပို့ဆောင်ခြင်း မပြုမီ မည်သူ့ကိုမဆို အသက်နှင့် ပတ်သက်သည့် အထောက်အထား (ဥပမာ - မှတ်ပုံတင်) တောင်းယူကြည့်ရှုခြင်း၊
(၂) သင်သည် ဥပဒေကသတ်မှတ်ထားသော အသက်ပြည့်မီကြောင်း အထောက်အထားမပြနိုင်ပါက ကုန်ပစ္စည်းပေးအပ်ရန် ငြင်းဆိုခြင်း၊
(၃) မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သူ့ကိုမဆို ကုန်ပစ္စည်းပို့ဆောင်ပေးရန် ငြင်းဆိုခြင်း၊
၅.၄ ဥပဒေကတားမြစ်ခဲ့လျှင် ဝန်ဆောင်မှုပလက်ဖောင်းများပေါ်တွင် မည်သည့်အရက်နှင့် ဆေးရွက်ကြီးထုတ်ကုန်ကို မဆို ရောင်းချနေခြင်းအား ရုတ်သိမ်းသွားမည် ဖြစ်သည်။
၆။ မှာယူမှုများ
၆.၁ သင်က foodpanda တွင် မှာယူမှုတစ်ခု ပြုလုပ်သည့်အခါ foodpanda က မှာယူမှုလက်ခံစာ ပါဝင်သည့် အတည်ပြု အီးမေးလ်တစ်စောင် သင့်ထံပေးပို့ခြင်းဖြင့် မှာယူမှုကို အတည်ပြုပါမည်။ မှာယူမှုများတွင် အခြေအနေပေါ် မူတည်၍ ပို့ဆောင်ခနှင့် ဆိုင်ရာ အခွန်အခ (ဥပမာ - ကုန်စည်နှင့် ဝန်ဆောင်မှုခွန်၊ တန်ဖိုးတိုးခွန် စသည်) တို့ ပါဝင် ပါလိမ့်မည်။
၆.၂ အနည်းဆုံးမှာယူမှုတန်ဖိုး - ကျွန်ုပ်တို့၏ အချို့ဈေးဆိုင်များသည် သတ်မှတ် အနည်းဆုံးမှာယူမှုတန်ဖိုး ("MOV") ပြည့်မီမှ သင့်ထံ ပို့ဆောင်ပေးရန် မှာယူမှု ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ပြုလုပ်လိုက်သော မှာယူမှုသည် MOV ပြည့်မီခြင်း မရှိပါက သင့်အနေဖြင့် MOV ပြည့်ရန် လိုအပ်သော ငွေပမာဏကို ပေးခြင်း သို့မဟုတ် မှာယူသည့် ကုန်ပစ္စည်းပမာဏ ထပ်တိုးခြင်း တစ်ခုခုကို ရွေးချယ်နိုင်ပါသည်။
၆.၃ အထူးညွှန်ကြားမှုများ - foodpanda နှင့် ဈေးဆိုင်များ (၎င်းတို့ကမူ အမြဲတမ်း မဖြစ်နိုင်ပါ) အနေဖြင့် မှာယူမှု တစ်ခုအတွက် သင်၏ အထူးညွှန်ကြားမှုများကို လိုက်နာနိုင်အောင် တတ်နိုင်သမျှ ကြိုးစားပါမည်။ သို့သော်လည်း အချို့သော မဖြစ်နိုင်သည့် သို့မဟုတ် စီးပွားရေးအရ အဆင်မပြေသည့် အခြေအနေမျိုးတွင် foodpanda နှင့်/သို့မဟုတ် ဈေးဆိုင်သည် ယင်း၏ ပုံမှန်လုပ်ထုံးလုပ်နည်းနှင့်အညီသာ မှာယူမှုကို ပြင်ဆင်ပေးရန် အခွင့်အရေး ရှိပါသည်။ သင်၏ အထူးညွှန်ကြားမှုနှင့် မကိုက်ညီသည့် မှာယူမှုတစ်ခုအတွက် အစားထိုးပေးခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်း ပြုလုပ်ရန် foodpanda နှင့် ဈေးဆိုင်တို့တွင် တာဝန်မရှိပါ။
၆.၄ ဓာတ်မတည့်မှုများ - ဝန်ဆောင်မှုပလက်ဖောင်းများတွင် ပါဝင်ပစ္စည်းများ သို့မဟုတ် ဓာတ်မတည့်မှုဆိုင်ရာ အချက်အလက်များကို ဖော်ပြပေးရန် foodpanda တွင် တာဝန်မရှိပါ။ ထို့ပြင် ဈေးဆိုင်များက ရောင်းချသည့် ကုန်ပစ္စည်းများတွင် ဓာတ်မတည့်ပစ္စည်းများ ကင်းစင်ကြောင်း foodpanda က အာမ မခံပါ။ သင့်တွင် မတည့်သည့် အစားအစာ၊ ဓာတ်မတည့်မှု သို့မဟုတ် အစားရှောင်မှုတို့ ရှိပါက ဝန်ဆောင်မှုပလက်ဖောင်းများတွင် မှာယူမှု မပြုလုပ်မီ ဈေးဆိုင်သို့ ဆက်သွယ်မေးမြန်းပေးပါ။
၆.၅ သင့် မှာယူမှုသည် ဈေးဆိုင်က သတ်မှတ်ထားသော အခြား စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းနေမှုမျိုးလည်း ရှိကောင်း ရှိနေနိုင်ပါသည်။
၆.၆ မှာယူမှု မပြုလုပ်မီတွင်
၆.၆.၁ သင့်အနီးအနားတွင် ရှိသော ဈေးဆိုင်များအား ပြသနိုင်ရန်အတွက် ဝန်ဆောင်မှုပလက်ဖောင်းတွင် ပေးပို့ရမည့် သင့် လိပ်စာကို ထည့်သွင်းပေးရန် လိုအပ်ပါသည်။
၆.၆.၂ ဈေးဆိုင် ရွေးချယ်ပြီးပါက ယင်းဈေးဆိုင်၏ မီနူးစာမျက်နှာသို့ ရောက်ရှိသွားပြီး ကုန်ပစ္စည်းများအား ဈေးခြင်းထဲသို့ ရွေးချယ်ထည့်သွင်းနိုင်ပါမည်။
၆.၇ မှာယူမှု ပြုလုပ်ခြင်း
မှာယူမှုတစ်ခု ပြုလုပ်ရန် 'ငွေပေးချေခြင်း' ကို နှိပ်ပြီးနောက် ပေါ်လာသည့် လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင် သွားရပါမည်။ သင့် မှာယူမှု အပြီးသတ် လုပ်ဆောင်ရန် ထပ်တိုး အချက်အလက်များ ဖြည့်ပေးရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။ သင့်အနေဖြင့် "အမှာစာတင်မည်" ကို မနှိပ်မီ ပမာဏ၊ ပို့ဆောင်ရမည့်လိပ်စာ အသေးစိတ်၊ သင့်အကြောင်းအရာ၊ ငွေပေးချေမှု အချက်အလက်နှင့် ဘောင်ချာကုဒ်များ (ရှိပါက) အပါအဝင် သင် ဖြည့်သွင်းလိုက်သည့် အချက်အလက်များ မှန်ကန်၊ တိကျ၊ ပြည့်စုံမှု ရှိမရှိ ပြန်လည်စိစစ်၍ အတည်ပြုရန် လိုအပ်ပါသည်။ သင့်အနေဖြင့် ကျွန်ုပ်တို့ထံမှ သင့်မှာယူမှုကို လက်ခံရရှိကြောင်း ပါဝင်သည့် အတည်ပြု အီးမေးလ်တစ်စောင် လက်ခံရရှိသည့်အခါ မှာယူမှုအောင်မြင်ပြီဖြစ်သည်။
၆.၈ မှာယူမှု ပယ်ဖျက်ခြင်း
၆.၈.၁ သင့်အနေဖြင့် မှာယူမှု ပြုလုပ်ပြီးမှ ပယ်ဖျက်လိုသည့်အခါ ကျွန်ုပ်တို့၏ အက်ပ်အတွင်း ဖောက်သည် ဝန်ဆောင်မှု ချက်ဘောက်မှ ချက်ချင်း ဆက်သွယ်ပေးပါ။ ဈေးဆိုင်အနေဖြင့် သင့် မှာယူမှုကို လက်ခံရခြင်း မရှိသေးလျှင် သင့်မှာယူမှုကို ပယ်ဖျက်ခွင့် ရှိပါသည်။
၆.၈.၂ ငွေပြန်အမ်းခြင်း
(၁) အွန်လိုင်းမှ ငွေပေးချေခြင်းဖြင့် မှာယူမှုများ
ဈေးဆိုင်က သင့်မှာယူမှုကို လက်မခံရသေးမှသာ မှာယူမှုပယ်ဖျက်ခြင်းအတွက် ငွေပေးချေမှု တောင်းခံပိုင်ခွင့် ရှိပါသည်။ ဈေးဆိုင်က မှာယူမှု လက်ခံပြီးနောက်တွင် သင့်မှာယူမှုကို ပယ်ဖျက်ရန် ဆုံးဖြတ်ပါက သင့်အနေဖြင့် (အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း) ငွေပြန်အမ်းမှု ရရှိမည် မဟုတ်သလို သင် ပယ်ဖျက်လိုက်သည့် မှာယူမှုကိုလည်း လက်လွှတ်ရမည် ဖြစ်သည်။
(၂) အိမ်ရောက်မှ ငွေပေးချေခြင်းဖြင့် မှာယူမှုများ nbsp;
ဈေးဆိုင်က သင့်မှာယူမှုကို လက်မခံရသေးမှသာ မှာယူမှု ပယ်ဖျက်ခြင်းအတွက် ငွေပေးချေမှု တောင်းခံပိုင်ခွင့် ရှိပါသည်။ ဈေးဆိုင်က မှာယူမှု လက်ခံပြီးနောက်တွင် သင့်မှာယူမှုကို ပယ်ဖျက်ရန် ဆုံးဖြတ်ပါက သင့်အနေဖြင့် သင် ပယ်ဖျက်လိုက်သည့် မှာယူမှုကို လက်ခံရရှိတော့မည် မဟုတ်သလို နောင်တွင် အိမ်အရောက်ငွေချေမှုဖြင့် မှာယူနိုင်မှုကိုပါ ဆုံးရှုံးသွားမည် ဖြစ်သည်။
၆.၉ Foodpanda အနေဖြင့် သင့် foodpanda အကောင့် နှင့်/သို့မဟုတ် သင့်မှာယူမှုသည် လိမ်လည်လှည့်ဖျားသည့် အမူအကျင့် သို့မဟုတ် လုပ်ဆောင်မှု တစ်ခုခုနှင့် ဆက်စပ်နေသည်ဟု လုံလောက်သော သံသယရှိမှု သို့မဟုတ် တွေ့ရှိသည်ဟု ဆုံးဖြတ်လျှင် သင့် မှာယူမှုကို ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ဆိုင်းငံ့ခြင်း၊ သင့် foodpanda အကောင့်ကို ခဏပိတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုလုပ်နိုင်ခွင့် ရှိသည်။
၇။ ဈေးနှုန်းများနှင့် ငွေပေးချေမှုများ
၇.၁ ဝန်ဆောင်မှုပလက်ဖောင်းတွင် ဖော်ပြထားသည့် ဈေးနှုန်းသည် သက်ဆိုင်ရာ နိုင်ငံ၏ ပြည်တွင်းသုံး ငွေကြေးနှင့် ပြသခြင်း ဖြစ်ပြီး သက်ဆိုင်ရာ အခွန် ကျသင့်မှု ရှိနိုင်ပါသည်။ ဝန်ဆောင်မှုပလက်ဖောင်းများတွင် ဖော်ပြထားသည့် ဈေးနှုန်းနှင့် ကုန်ပစ္စည်းများသည် ယင်းဈေးဆိုင်၏ (ကိုယ်ပိုင်ဝက်ဘ်ဆိုက်များ၊ မိုဘိုင်းအက်ပ်များ၊ သို့မဟုတ် ၎င်းတို့၏ ပြင်ပဆိုင်များ) တွင် ရောင်းချနေသည်နှင့် ကွဲလွဲနိုင်ပြီး ယင်းအချက်ကို သင်က လက်ခံပြီး ဖြစ်ပါသည်။
၇.၂ ကျွန်ုပ်တို့ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ဖော်ပြပုံသည် ဈေးဆိုင်အလိုက် ကွဲပြားနိုင်ပြီး ဝန်ဆောင်မှုပလက်ဖောင်းများတွင် ဖော်ပြသည့် ဈေးနှုန်းများတွင်
၇.၂.၁ GST၊ VAT သို့မဟုတ် ထိုကဲ့သို့သောအခြား အခွန်အခများ ပါဝင်သည် သို့မဟုတ်
၇.၂.၂ GST၊ VAT သို့မဟုတ် ထိုကဲ့သို့သောအခြား အခွန်အခများ မပါဝင်ပါ။ ဈေးနှုန်းနှင့် ထပ်တိုး အခကြေးငွေများကို ငွေပေးချေခြင်း မနှိပ်မီ ဖော်ပြပေးပါသည်။ သင့်အနေဖြင့် မှာယူမှု ပြုသည့်အခါ သင့်ကို ဖော်ပြပေးထားသော ပမာဏအားလုံး၊ ထပ်တိုး အခကြေးငွေများနှင့် နောက်ဆုံး 'စုစုပေါင်း' ပမာဏကို သဘောတူရမည်။
၇.၃ အောက်ပါအခြေအနေများ မဟုတ်လျှင် မှာယူမှု အားလုံးအတွက် ပို့ဆောင်ခ ကောက်ခံနိုင်ပါသည်။
၇.၃.၁ သင့် မှာယူမှုကို ဈေးဆိုင်တွင် ကိုယ်တိုင် သွားယူရန် ရွေးချယ်ခြင်း ("ကိုယ်တိုင်ယူ")၊
၇.၃.၂ သင့်တွင် အကျုံးဝင်သေးသည့် ပရိုမိုးရှင်း သို့မဟုတ် လျှော့ဈေး ဘောင်ချာရှိပြီး ငွေပေးချေသည့်အချိန် ထည့်သွင်းထားခြင်း သို့မဟုတ်
၇.၃.၃ အခြား အထူးဖော်ပြထားခြင်း
၇.၄ ဝန်ဆောင်မှုပလက်ဖောင်းများတွင် ဖော်ပြထားသည့် ဈေးနှုန်းများသည် မှာယူမှုပြုသည့် အချိန်အတွက်သာ ဖြစ်ပြီး အချိန်အလိုက် ပြောင်းလဲနိုင်ပါသည်။
၇.၅ သင့်အနေဖြင့် မှာယူမှုတစ်ခုအတွက် ငွေပေးချေရန် ဝန်ဆောင်မှုပလက်ဖောင်းများတွင် အောက်ပါ ငွေပေးချေမှု ပုံစံ အမျိုးမျိုးကို ရွေးချယ်နိုင်သည်။
၇.၅.၁ ကျွန်ုပ်တို့၏ ငွေပေးချေဝန်ဆောင်မှု မိတ်ဖက်များ Visa, Mastercard, American Express, Google Pay, PayPal, Apple Pay;
၇.၅.၂ အိမ်အရောက် ငွေချေမှု သို့မဟုတ်
၇.၅.၃ အချိန်ကာလအလိုက် ရနိုင်သော အခြား ငွေပေးချေမှု နည်းလမ်းများ
၇.၆ သင့် foodpanda အကောင့်တွင် လက်ကျန်ငွေ ရှိသေးလျှင် သို့မဟုတ် ပရိုမိုးရှင်း သို့မဟုတ် လျှော့ဈေး ဘောင်ချာများ ရှိလျှင် သင့်မှာယူမှု အချို့ သို့မဟုတ် အားလုံးအတွက် ယင်းတို့ကို အသုံးပြုနိုင်သည်။
၇.၇ မှာယူမှုကို အောင်မြင်စွာ ပြုလုပ်ပြီးပါက သင့်မှာယူမှုကို လက်ခံရရှိကြောင်း ကျွန်ုပ်တို့ထံမှ အတည်ပြု အီးမေးလ် တစ်စောင်ကို သင် ရရှိပါမည်။ သင် ကိုယ်တိုင်လာယူရန် ရွေးချယ်ထားပါက သင့် မှာယူမှုလက်ခံစာတွင် ပို့ဆောင်ခ ပါရှိမည် မဟုတ်ပါ။
၇.၈ ငွေပေးချေမှု နည်းလမ်းများ
foodpanda သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်အားဖြင့် ငွေပေးချေမှု နည်းလမ်းသစ်များ ထပ်မံ ထည့်သွင်းခြင်း နှင့်/သို့မဟုတ် ရှိပြီး ငွေပေးချေမှုနည်းလမ်းများကို ပယ်ဖြုတ်ခြင်းတို့ကို ပြုလုပ်ပိုင်ခွင့် ရှိပါသည်။ သင့်အနေဖြင့် အွန်လိုင်းမှ ပေးချေမှုနည်းလမ်းကို ရွေးချယ်ထားပါက ငွေပေးချေမှုကို ကျွန်ုပ်တို့၏ ငွေပေးချေခြင်း ဝန်ဆောင်မှု မိတ်ဖက် တတိယအဖွဲ့အစည်း(များ)မှတစ်ဆင့် လက်ခံဆောင်ရွက်ပါမည်။ သင့် အကြွေးဝယ်ကဒ်/ ငွေပေးချေမှု အချက်အလက်များကို ကျွန်ုပ်တို့၏ ငွေပေးချေခြင်း ဝန်ဆောင်မှုမိတ်ဖက် တတိယအဖွဲ့အစည်း(များ)က နောင်တွင် ထပ်မံမှာယူမှုများအတွက် သင်၏ သဘောတူညီချက်ဖြင့် မှတ်သား သိမ်းဆည်းထားပါလိမ့်မည်။ foodpanda အနေဖြင့် သင့် အကြွေးဝယ်ကဒ် သို့မဟုတ် ငွေပေးချေမှု အချက်အလက်များကို မှတ်သား သိမ်းဆည်းထားခြင်း မပြုလုပ်ပါ။
၇.၉ သင့်အနေဖြင့် မှာယူမှု တစ်ခုအတွက် ငွေပေးချေမှု မပြုမီ သင့် အကြွေးဝယ်ကဒ် သို့မဟုတ် ကြိုတင်ငွေဖြည့်ကဒ်တွင် လုံလောက်သော ငွေပမာဏ ရှိနေကြောင်း သေချာရန် လိုအပ်ပါသည်။ လိုအပ်လျှင် ဤစည်းမျဉ်းများနှင့် သင့်လျော်၊ မှန်ကန်၊ ကိုက်ညီမှု ရှိပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပလက်ဖောင်းများပေါ်တွင် ပြုလုပ်ခဲ့သော ငွေပေးချေမှုများအတွက် ငွေပြန်အမ်းခြင်း၊ ထပ်ဆင့်ကောက်ခံခြင်း၊ ပယ်ဖျက်ခြင်းနှင့် အငြင်းပွားမှုများ ဖြေရှင်းရာတွင် foodpanda က တာဝန်ယူ ဆောင်ရွက်ပေးပါမည်။
၈။ ပို့ဆောင်ပေးခြင်း၊ ကိုယ်တိုင်ယူခြင်းနှင့် ဈေးဆိုင်က ပို့ပေးခြင်း
၈.၁ ပို့ဆောင်ပေးသည့် ဧရိယာများ
ကျွန်ုပ်တို့၏ ဈေးဆိုင်များ အနေဖြင့် သတ်မှတ်ထားသော ပို့ဆောင်ပေးသည့် ဧရိယာများအတွင်းသာ ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး ဈေးဆိုင်များသည် ပို့ဆောင်ပေးသည့် ဧရိယာအလိုက် ကွဲပြားနိုင်ကြောင်း သင့်အနေဖြင့် သိရှိ နားလည်ထားရပါမည်။ ဝန်ဆောင်မှုပလက်ဖောင်းများတွင် သင့်ထံ ပို့ဆောင်ရမည့် လိပ်စာကို ဖြည့်သွင်းခြင်းဖြင့် ထိုအချိန်တွင် သင့်အား ဝန်ဆောင်မှုပေးနိုင်သည့် ဈေးဆိုင်များကို သင် မြင်တွေ့ရပါမည်။ ပို့ဆောင်ပေးသည့် ဧရိယာသည် ရာသီဥတုနှင့် ယာဉ်လမ်းကြောအခြေအနေများနှင့် မရှောင်လွှဲနိုင်သည့် အခြေအနေများကြောင့် ပိုကျယ်ပြန့်လာ၊ ကျဉ်းမြောင်းသွား သို့မဟုတ် ပြောင်းလဲသွားခြင်း ရှိကောင်းရှိနိုင်ပါသည်။
၈.၂ ပို့ဆောင်ပေးချိန်
၈.၂.၁ foodpanda သည် သင် ဖြည့်သွင်းထားသော ပို့ဆောင်ရမည့်လိပ်စာသို့ သင့် မှာယူမှုကို ပို့ဆောင်ပေးပါမည်။ သင့်အနေဖြင့် သင့်မှာယူမှုကို "ချက်ခြင်း" သို့မဟုတ် အချိန်ကာလ တစ်ခုတွင် ပို့ဆောင်ပေးရန် ရွေးချယ်နိုင် ပါသည်။ သင့်ထံ ပေးပို့သည့် အတည်ပြု အီးမေးလ်တွင် ခန့်မှန်း ပို့ဆောင်ပေးမည့်အချိန်ကို ဖော်ပြထားမည် ဖြစ်သော်လည်း ပို့ဆောင်ပေးချိန်သည် ကျွန်ုပ်တို့ ထိန်းချုပ်နိုင်ခြင်းမရှိသည့် အခြေအနေများ (ဥပမာ - မှာယူမှုပမာဏ၊ အကွာအဝေး၊ အချိန်အခါ (မှာယူမှု များပြားချိန်များ)၊ ရာသီဥတုအခြေအနေများ၊ ယာဉ်လမ်းကြောင်းအခြေအနေ စသည်) အပေါ် များစွာ မူတည်နေပါသည်။ သင့်အနေဖြင့် ဝန်ဆောင်မှုပလက်ဖောင်းများပေါ်ရှိ 'ကျွန်ုပ်၏အော်ဒါများ' ကို နှိပ်၍ မှာယူမှုတစ်ခု၏ ကျန်ရှိသော ပို့ဆောင်ချိန်ကို ကြည့်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့ ဖော်ပြသည့် ပို့ဆောင်ချိန်သည် ခန့်မှန်းမှုမျှသာ ဖြစ်ပြီး မှာယူမှုများသည် ထို့ထက် စောလျင်၍ သို့မဟုတ် နောက်ကျ၍ ရောက်ရှိနိုင်သည်ကို သတိပြု နားလည်ပေးရပါမည်။ မှာယူမှုကို ပို့ဆောင်ပေးသည့်အခါ လွဲချော်မှု မဖြစ်စေရန်အတွက် မှာယူမှု ပြုပြီးသည့်နှင့် ပို့ဆောင်ရမည့်နေရာတွင် သင် သို့မဟုတ် အခြားတစ်ဦးဦးက မှာယူမှုကို လက်ခံရယူရန်ရှိနေဖို့ လိုအပ်ပါသည်။ သင့်မှာယူမှုတွင် အရက် သို့မဟုတ် ဆေးရွက်ကြီးထုတ်ကုန် (ရှိပါက) ပါရှိပြီး သင် သို့မဟုတ် လက်ခံရန်ရှိနေသူသည် ဥပဒေက သတ်မှတ်ထားသည့် အသက် မပြည့်မီသေးခြင်း သို့မဟုတ် ပြည့်မီသည်ဟု မထင်ရခြင်း သို့မဟုတ် တရားဝင်မှတ်ပုံတင် အထောက်အထားမပြနိုင်ခြင်းဖြစ်ခဲ့ပါက foodpanda အနေဖြင့် သင့်မှာယူမှုအား သင့်အား ပေးအပ်ခြင်း မပြုရန် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။
၈.၃ ပို့ဆောင်မှုအတွက် ရွေးချယ်စရာများ
foodpanda သည် အောက်ပါ ပေးပို့မှု ရွေးချယ်စရာများကို ပေးဆောင်သည် ။
(၁) စံချိန်စံညွှန်း ပေးပို့ခြင်း။
ပုံမှန်ပို့ဆောင်မှုကို ရွေးချယ်ပါက၊ သင့်မှာယူမှုအတွက် ခန့်မှန်းခြေပေးပို့ချိန်ကို ပြသပါမည်။ သို့သော်လည်း၊ ကျွန်ုပ်တို့သည် သင်၏အမှာစာကို တတ်နိုင်သမျှအမြန်ဆုံးပေးပို့ရန် ကြိုးပမ်းမည်ဖြစ်ပြီး၊ ထို့ကြောင့် သင်အမှာစာတင်သည့်အချိန်မှစ၍ ပေးပို့မှုကို လက်ခံနိုင်ရပါမည်။
(၂) ချွေတာပြီး ပို့ဆောင်ခြင်း။
သက်သာသော ပို့ဆောင်မှုအစီအစဉ် (“Saver Delivery”) သည် သင့်အား ခရီးစဉ်တစ်ခုတွင် မတူညီသော စျေးသည်များထံ နှစ်ခု သို့မဟုတ် ထို့ထက်ပိုသော အမှာစာများ မှာယူခွင့်ပြုခြင်းဖြင့် သင့်အား ပို့ဆောင်ခ ပိုသက်သာသော ပို့ဆောင်ခကို ပေးဆောင်ပါသည်။ ဆိုလိုသည်မှာ သင်၏အမှာစာသည် ကျွန်ုပ်တို့၏စီးနင်းသူ၏လမ်းကြောင်းပေါ်ရှိ အခြားသူများနှင့် တွဲပေးမည်ဖြစ်သည်။ သင့်အစားအစာများကိုလတ်ဆတ်ပြီး အစားအသောက်ဘေးကင်းစေရန် သေချာစေရန်၊ အလွန်ပျက်စီးလွယ်သော ထုတ်ကုန်များကို ရောင်းချသည့် ရောင်းချသူများသည် ချွေတာသော ပို့ဆောင်မှုတွင် ပါဝင်ခြင်းမပြုရ။ သံသယကင်းဝေးစေရန်အတွက် foodpanda သည် မည်သည့်အခြေအနေမျိုးတွင်မဆို Saver Delivery သို့ရွေးချယ်သော ဝယ်ယူသူများထံမှ တောင်းဆိုမှုများ၊ ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုများအတွက် တာ၀န်ခံမည်မဟုတ်ပါ။
(၃)ဦးစားပေးပို့ဆောင်ခြင်း။
ဦးစားပေး ပို့ဆောင်မှု အစီအစဉ် (“ဦးစားပေး ပို့ဆောင်ခြင်း”) သည် သင်၏ မှာယူမှုကို သီးသန့် ပို့ဆောင်ရန် စီးနင်းသူ တစ်ဦးအား တာဝန်ပေးခြင်းဖြင့် သင်၏ မှာယူမှုကို ဦးစားပေးပါသည်။ ဆိုလိုသည်မှာ တာဝန်ပေးစီးနင်းသူသည် သင်၏ မှာယူမှုကိုသာ ပေးပို့မည်ဖြစ်သည်။ Saver Delivery နှင့် Priority Delivery နှင့် စပ်လျဉ်း၍ သင့် Order သည် ခန့်မှန်းချိန်ထက် နောက်ကျပါက foodpanda သည် ၎င်း၏ တစ်ဦးတည်းသော ဆုံးဖြတ်ချက်အရ ဘောက်ချာများကို သင့်အား လျော်ကြေးပေးနိုင်ပါသည်။
၈.၄ ပြီးမြောက်အောင်မြင်မှုမရှိသော သို့မဟုတ် မအောင်မြင်သော ပို့ဆောင်မှုများ
၈.၄.၁ ဤစည်းမျဥ်းများပါ အခြားအပိုဒ်များကို ထိခိုက်စေခြင်းမရှိဘဲ၊ အကယ်၍ မှာယူမှုတစ်ခုအား ကျွန်ုပ်တို့က ပို့ဆောင်ရန်ကြိုးပမ်းရာတွင် သင့်ကြောင့် ဖြစ်ပေါ်သည့် အောက်ပါအကြောင်းအရင်း တစ်ခုခုကြောင့် ပို့ဆောင်နိုင်မည်မဟုတ်ပါ။ (ပို့ဆောင်နိုင်ခြင်း မရှိခဲ့ပါက)
(၁) အော်ဒါကိုလက်ခံရရှိရန် မည်သူမျှရှိနေခြင်း သို့မဟုတ် လက်ခံနိုင်မှုမရှိနိုင်ခြင်း။
(၂) ပို့ဆောင်သူသည် ပေးထားသော ဖုန်းနံပါတ်မှတစ်ဆင့် ဝယ်ယူသူထံ ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍မရခြင်း။
(၃) အော်ဒါကို အောင်မြင်စွာ ပေးပို့ရန် ပေးပို့ရမည့်လိပ်စာသို့ရောက်အောင် သင့်လျော်သော ဝင်ရောက်ခွင့်မရှိခြင်း။
(၄) အော်ဒါအားထားခဲ့ရန် သင့်လျော်သော သို့မဟုတ် လုံခြုံသောနေရာမရှိခြင်း၊ သို့မဟုတ်။
(၅) ကန့်သတ်ကုန်စည်ကိစ္စတွင်၊ ဝယ်ယူသူသည် ပြဌာန်းထားသော အသက်အရွယ် သတ်မှတ်ချက်များနှင့် မကိုက်ညီပါက သို့မဟုတ် ပေးပို့ခြင်းသည် ကန့်သတ်ထားသောကုန်ပစ္စည်းကို လက်ခံရရှိရန် ဝယ်ယူသူအတွက် ဘေးကင်းကြောင်း သို့မဟုတ် သင့်လျော်သည်ဟု ယူဆမှုမရှိခြင်း။
မအောင်မြင်သောပို့ဆောင်မှုနှင့် နောက်အဆင့်များကို အကြောင်းကြားရန်၊ ဖုန်းခေါ်ဆိုမှု သို့မဟုတ် မက်ဆေ့ချ် သို့မဟုတ် အီးမေးလ်မှတစ်ဆင့် သင့်ထံ ဆက်သွယ်ပါမည်။ ထိုသို့သောအခြေအနေမျိုးတွင်၊ foodpanda သည် သင့်အား ပြန်အမ်းငွေ သို့မဟုတ် ကုစားခြင်းမရှိဘဲ မှာယူမှုကို ပယ်ဖျက်ပိုင်ခွင့်ရှိသည်။
၈.၅ အော်ဒါမှားယွင်းခြင်း၊ ပစ္စည်းများပျောက်ဆုံးခြင်း၊ ချွတ်ယွင်းသောကုန်ပစ္စည်းများ
သင့်အော်ဒါကို လက်ခံရရှိသည့်အခါ၊ သင့်အော်ဒါတွင် ပြဿနာများရှိနေပါက (ဥပမာ မှားယွင်းသောမှာယူမှု၊ ချွတ်ယွင်းနေသောမှာယူမှု သို့မဟုတ် ပျောက်ဆုံးနေသောပစ္စည်းများ) ကိုတွေ့ရှိပါက အထက်အပိုဒ် 1.3 တွင်ဖော်ပြထားသည့်နည်းလမ်းများထဲမှ ဖောက်သည်အကူအညီကို ချက်ချင်းဆက်သွယ်ပါ။ အချို့ကိစ္စများတွင်၊ foodpanda သည် သင့်မှာယူမှုနှင့်ပတ်သက်ပြီး ပြဿနာကို ကောင်းစွာစုံစမ်းစစ်ဆေးရန်အတွက် ဓာတ်ပုံအထောက်အထားနှင့်/သို့မဟုတ် အပိုအချက်အလက်များကို တောင်းဆိုနိုင်ပါသည်။ သင်လက်ခံရရှိသော အမှာစာနှင့်/သို့မဟုတ် ကုန်ပစ္စည်းများသည် ကျေနပ်ဖွယ်အခြေအနေ သို့မဟုတ် အရည်အသွေးမဟုတ်ကြောင်း ကျွန်ုပ်တို့ ဆုံးဖြတ်ပါက၊ သင့်မှာယူမှု သို့မဟုတ် သင့်မှာယူမှု၏ အစိတ်အပိုင်းများအတွက် သင့်အား လျော်ကြေးပေးပါမည်။
၈.၆ ထုတ်ယူခြင်း။
၈.၆.၁ ရရှိနိုင်ပါက၊ သင့်ထံ မှာယူမှုကို ပေးပို့မည့်အစား စျေးရောင်းသူ၏ ပရဝုဏ်အတွင်းမှ သင့်မှာယူမှုကို လူကိုယ်တိုင် စုဆောင်းရန် ရွေးချယ်ခွင့်ရှိပါမည်။ သင်၏အီးမေးလ်အတည်ပြုချက်သည် အမှာစာလက်ခံမည့်အချိန် (“စုဆောင်းချိန်”) ကိုဖော်ပြပါမည်။ ရောင်းချသူသည် စုဆောင်းချိန်ဖြင့် အမှာစာကို ပြင်ဆင်ပါမည်။ အချို့ကိစ္စများတွင် ကျိုးကြောင်းဆီလျော်သော နှောင့်နှေးမှုကို မျှော်လင့်နိုင်သည်။ ရောင်းချသူသည် စုဆောင်းချိန် (“ကိုင်ဆောင်ချိန်”) မှ မိနစ်နှစ်ဆယ် (“ကိုင်ဆောင်ချိန်”) ထက် မပိုသော သင့်လျော်သောအချိန်အတွင်း စျေးရောင်းသူ၏ ဥပစာတွင် သင့်အတွက် အမှာစာကို ကိုင်ဆောင်ရန် သဘောတူပြီး ကိုင်ဆောင်ထားချိန်အတွင်း သင့်အမှာစာကို လက်ခံရန် ပျက်ကွက်ပါက သင့်အား အမိန့်ကို ပေးဆောင်ရန် တာဝန်မရှိပါ။
၈.၆.၂ သင့်ကြောင့် လာယူခြင်းတွင် ကျိုးကြောင်းဆီလျော်မှုမရှိသော နှောင့်နှေးမှုများ ဖြစ်ပေါ်သောအခါ၊ သင်သည် ကုန်ပစ္စည်းပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးခြင်း သို့မဟုတ် ကုန်ပစ္စည်း၏ အရည်အသွေး သို့မဟုတ် အခြေအနေပြောင်းလဲမှု (ဥပမာ - စားသုံးရန်သင့်လျော်သော အပူချိန်ပြောင်းလဲမှုများ) ၏အန္တရာယ်ကို ရင်ဆိုင်ရမည်။ ဤကိစ္စတွင်၊ သင်သည် ကုန်ပစ္စည်းကို အစားထိုးခြင်း၊ ပြန်အမ်းငွေ သို့မဟုတ် အစားထိုးလဲလှယ်ခွင့်ကို ခံစားခွင့်မရှိပါ။ သင့်အမိန့်ကို ကောက်ယူသည့်အခါ ကုန်ပစ္စည်း/အမှာစာကို စစ်ဆေးရန် သင်တစ်ဦးတည်းတွင် တာဝန်ရှိပြီး ပြဿနာများနှင့်/သို့မဟုတ် ချို့ယွင်းချက်များအား စျေးရောင်းသူ၏ဥပစာမှ မထွက်ခွာမီ စျေးရောင်းသူထံ အစီရင်ခံရမည်။
၈.၇ ရောင်းချသူ အရောက်ပို့ခြင်း။
အချို့ကိစ္စများတွင်၊ ကျွန်ုပ်တို့၏ရောင်းချသူများသည် သင့်ထံသို့ မှာယူမှုကို ပေးပို့ပါမည် (“ရောင်းချသူ ပို့ဆောင်ခြင်း”)။ Vendor Delivery တွင် သင့်အား ကြိုတင်သတိပေးချက်ပေးရန် ကျိုးကြောင်းဆီလျော်သော အားထုတ်မှုများကို အသုံးပြုသော်လည်း၊ ၎င်းသည် အမြဲတမ်း မဖြစ်နိုင်ပါ။ Vendor Delivery တွင် အကျုံးဝင်သည့်နေရာ၊ သင်၏ပေးပို့မှုတွင် ပြဿနာများ သို့မဟုတ် နှောင့်နှေးမှုများဖြစ်ပေါ်ပါက ရောင်းချသူကို တိုက်ရိုက်ဆက်သွယ်ရန် သင့်အား တောင်းဆိုနိုင်ပါသည်။ foodpanda သည် ရောင်းချသူများမှ ပို့ဆောင်ပေးသော အမှာစာများ သို့မဟုတ် ကုန်ပစ္စည်းများအတွက် မည်သည့်နည်းနှင့်မျှ တာဝန်ယူမည်မဟုတ်ပါ။
၉.၁။ အချိန်ကာလအားဖြင့်၊ foodpanda သည်စျေးကွက်ရှာဖွေရေး နှင့် အရောင်းမြှင့်တင်ရေးများလုပ်ဆောင်ရာတွင် ဘောက်ချာကုတ်များ ၊ အထူးလျှော့စျေးများနှင့် အခြားကြောငြာခြင်းများကို foodpanda အက်ပ်တွင်ရှိသော (“ ဘောက်ချာများ”) တွင်အသုံးပြုနိုင်သည်။ ဘောက်ချာများတွင် အသုံးပြုရန် သက်တမ်းနှင့် ပြန်လည် အသုံးပြုရန်သတ်မှတ်ထားသော အချိန်ကာလများ အပြင် အချို့တို့တွင် တစ်ကြိမ်သာအသုံးပြုနိုင်ပါသည်။
၉.၂။ အခြားအရောင်းမြှင့်တင်မှုများ၊ အထူးလျှော့စျေးများနှင့် အခြားဘောက်ချာများနှင့်တွဲ ဖက်အသုံးပြုသော အခါဘောက်ချာများကိုအသုံးမပြုနိုင်ပါ။ ပိုမိုသောစည်းကမ်းသတ်မှတ်ချက်များ ပါဝင်နိုင်သည်။
၉.၃။အခြားအခြေအနေများတွင်ဖော်ပြထားခြင်းမရှိပါကဘောက်ချာများကိုကျွန်ုပ်တို့၏ပလက်ဖောင်းများတွင်သာအသုံးပြုနိုင်သည်။
၉.၄။ ဘောက်ချာများကိုငွေသားဖြင့်လဲလှယ်မရပါ။
၉.၅။ foodpanda သည် ဘောက်ချာများ အသုံးပြုမှုကိုကြိုတင်အကြောင်းကြားခြင်းမရှိပဲပယ်ဖျက်ပိုင်ခွင့်၊ ရပ်ဆိုင်းခြင်းသို့မဟုတ်ငြင်းပယ်ပိုင်ခွင့်ရှိသည်။
၉.၆။ကျွန်ုပ်တို့သည်အချို့သောရောင်းချသူများကိုကြိုတင်အကြောင်းကြားခြင်းမရှိဘဲအချိန်မရွေးဘောက်ချာအသုံးပြုခြင်းမှဖယ်ထုတ်နိုင်သည်။
၉.၇။ foodpanda သည် ကြိုတင်အသိပေးခြင်းမရှိဘဲ စည်းကမ်းသတ်မှတ်ချက်များ ကိုပြောင်းလဲခြင်း သို့မဟုတ်မည်သည့်အချိန်တွင်မဆိုမည်သည့်ပရိုမိုးရှင်းအစီအစဉ်ကိုမဆိုဖျက်သိမ်းပိုင်ခွင့်ရှိသည်
၉.၈။ foodpanda သည် ဘောက်ချာများ၊ အထူးလျှော့စျေးများ ၊ ခရက်ဒစ်များ၊ ငွေများ နှင့် အစရှိသည့် အစားထိုးပေးလျော်ခြင်းများကို မပြုလုပ်ပေးပါ။ ထိုအပြင် အောက်ပါအချက်များကို လျော်ပေးသွားမည်။
က) ဘောက်ချာကိုရပ်ဆိုင်းခြင်းသို့မဟုတ်ဖျက်သိမ်းခြင်း၊
ခ) ဘောက်ချာကိုမတော်လျော်စွာအသုံးပြုခြင်းသို့မဟုတ်မရွေးနိုင်ခြင်း၊ သို့မဟုတ်
ဂ) နည်းပညာဆိုင်ရာပြသနာများကြောင့်ဘောက်ချာကိုမရွေးနိုင်ခြင်း။
၉.၉။ Foodpanda သည်အောက်ပါအချက်များအပါအ၀င်အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် Vouchers ကိုပြန်လည်ရုပ်သိမ်းရန်အခွင့်အရေးရှိသည်။
က) သံသယဖြစ်ဖွယ်သို့မဟုတ်လိမ်လည်မှုဝယ်ယူမှုသို့မဟုတ်ဘောက်ချာအသုံးပြုခြင်း;
(ခ) အကောင့်မျိုးစုံအသုံးပြုခြင်းသို့မဟုတ်ဖောက်သည်တစ် ဦး တည်းသို့မဟုတ်ဖောက်သည်တစ်စုတည်းနှင့်သက်ဆိုင်သောအကြိမ်များစွာကုန်ပစ္စည်းများအပါအ၀င်ဘောက်ချာအလွဲသုံးစားမှု၊ သို့မဟုတ်
(ဂ) မကောင်းသောသဘောဖြင့်အသုံးပြုသောဘောက်ချာ (ပြန်လည်ရောင်းချခြင်းအတွက်ထုတ်ကုန်များဝယ်ယူသူများဖောက်သည်များမှပြန်လည်ရောင်းချသောဘောက်ချာသို့မဟုတ်ဘောက်ချာများအသုံးပြုခြင်းအပါအဝင်)
၂၇ ဦးစားပေးပို့ဆောင်ခြင်း
၂၇.၁ ဦးဆောင်ပေးပို့ဆောင်ခြင်း အစီအစဥ် (“program”)သည် သင်၏မှာယူမှုကို သီးသန့်ပို့ဆောင်ပေးရန် ပို့ဆောင်သူတစ်ဦးကို တာဝန်ပေးခြင်းဖြင့် သင်၏မှာယူမှုကို ဦးစားပေးခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ တာဝန်ပေးခံရသော ပို့ဆောင်သူသည် သင်၏မှာယူမှု တစ်ခုတည်းကိုသာ ပို့ဆောင်မည်ဖြစ်ပါသည်။ ပလပ်ဖောင်းပေါ်တွင် ပြသထားသည့် ပို့ဆောင်ချိန်သည် ခန့်မှန်းချိန်သာဖြစ်ပြီး အာမခံထားသည့် အချိန်မဟုတ်ကြောင်းကို သတိပြုပါ။
၂၇.၂ ဤအစီအစဥ်ကို သင်၏ဆန္ဒအရပါဝင်လာခြင်းဖြစ်သဖြင့် သင့်ထံမှ ပေါ်ပေါက်လာသော တောင်းဆိုမှု၊ ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုများအတွက် foodpandaတွင် တာဝန်မရှိပါ။
၂၇.၃ foodpandaသည် သင့်အား ကြိုတင်အသိပေးခြင်းမရှိဘဲ အစီအစဥ်ပြောင်းလဲခြင်း၊ ရုတ်သိမ်းခြင်း သို့မဟုတ် ရပ်စဲခြင်းများ ပြုလုပ်နိုင်ပါသည်။
၂၇ အသုံးပြုသူဖန်တီးသော အကြောင်းအရာများ (User-Generated Content)၊ အတည်ပြုခြင်းနှင့် ပွင့်လင်းမြင်သာမှု
၂၇.၁ အသုံးပြုသူဖန်တီးသော အကြောင်းအရာ Feature များ မိတ်ဆက်ခြင်း
Review များ၊ Rating များ သို့မဟုတ် Photo များတင်နိုင်သော functionality များကို မိတ်ဆက်ခြင်းသည် service ၏ feature အသစ်တစ်ခုအဖြစ် သတ်မှတ်ပါသည်။ ထို functionality ကို စတင်အသုံးပြုနိုင်သည့်နေ့မှစ၍ အသုံးပြုသူများတင်သွင်းသော အကြောင်းအရာများ၏ တင်သွင်းမှု၊ စီမံဆောင်ရွက်မှု၊ စစ်ဆေးထိန်းချုပ်မှု (moderation) နှင့် ထုတ်ပြန်မှုများကို ဤစည်းကမ်းချက်များနှင့် သက်ဆိုင်ရာ ဒေသဆိုင်ရာဥပဒေများအရ စီမံခန့်ခွဲမည်ဖြစ်ပါသည်။ ဒေသဆိုင်ရာဥပဒေများအရ လိုအပ်သည့်နေရာများတွင် အသုံးပြုသူများအား ထို functionality အသစ်များ မိတ်ဆက်ကြောင်း သင့်လျော်စွာ အသိပေးမည်ဖြစ်ပါသည်။
၂၇.၂ အကြောင်းအရာ တင်သွင်းခြင်း
Review၊ Rating၊ Comment သို့မဟုတ် Photo တစ်ခုခု (စုစုပေါင်း “Content”) ကို တင်သွင်းခြင်းဖြင့် သင်သည် ထို Content သည် သက်ဆိုင်ရာ product သို့မဟုတ် service နှင့်ပတ်သက်သော သင်၏ အမှန်တကယ်နှင့် တိုက်ရိုက်အတွေ့အကြုံကို ဖော်ပြထားကြောင်း အတည်ပြုပါသည်။ ကျွန်ုပ်တို့သည် consumer protection law များအပါအဝင် review များ၏ မူရင်းနှင့် ကိုင်တွယ်ဆောင်ရွက်ပုံဆိုင်ရာ transparency obligation များနှင့်အညီ Content များကို စီမံဆောင်ရွက်ပြီး ဖော်ပြပါသည်။
၂၇.၃ Review များကို အတည်ပြုခြင်း
Review များသည် သက်ဆိုင်ရာ product သို့မဟုတ် service ကို အမှန်တကယ် အသုံးပြုခဲ့သော သို့မဟုတ် ဝယ်ယူခဲ့သော customer များထံမှ ဖြစ်ကြောင်း စစ်ဆေးရန် ကျွန်ုပ်တို့သည် သင့်လျော်ပြီး အချိုးကျသော လုပ်ဆောင်မှုများကို ပြုလုပ်ပါသည်။ လိုအပ်သည့်နေရာများတွင် confirmed order နှင့် ချိတ်ဆက်ထားသော review များကို “Verified Reviews” ဟု ဖော်ပြမည်ဖြစ်သည်။ Confirmed order နှင့် မချိတ်ဆက်ထားသော review များကိုလည်း ထုတ်ပြန်နိုင်သော်လည်း verified အဖြစ် သတ်မှတ်မည်မဟုတ်ပါ။ အထူးဖော်ပြထားခြင်းမရှိပါက ထုတ်ပြန်ထားသော review အားလုံးကို verified ဖြစ်သည်ဟု ကျွန်ုပ်တို့ မဖော်ပြပါ။
၂၇.၄ စစ်ဆေးထိန်းချုပ်မှုနှင့် ထုတ်ပြန်ခြင်း စံနှုန်းများ
Content များကို ထုတ်ပြန်မီနှင့်/သို့မဟုတ် ထုတ်ပြန်ပြီးနောက် moderation ပြုလုပ်ရန် automated tools များနှင့် လူမှ စစ်ဆေးခြင်းကို ပေါင်းစပ်အသုံးပြုပါသည်။ အောက်ပါအခြေအနေများတွင် Content များကို ငြင်းပယ်ခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် မထုတ်ပြန်ခြင်းများ ပြုလုပ်နိုင်ပါသည် — (i) ကိုယ်ရေးအချက်အလက်များ (PPI) သို့မဟုတ် ဥပဒေမဲ့၊ အသရေဖျက်မှုရှိသော၊ ခွဲခြားဆက်ဆံမှုရှိသော သို့မဟုတ် မသင့်လျော်သော အကြောင်းအရာများ ပါဝင်ခြင်း၊ (ii) သက်ဆိုင်ရာ product သို့မဟုတ် service နှင့် မသက်ဆိုင်ခြင်း၊ (iii) ဤစည်းကမ်းချက်များကို ချိုးဖောက်ခြင်း၊ သို့မဟုတ် (iv) သက်ဆိုင်ရာဥပဒေအရ တားမြစ်ထားခြင်း။ Moderation ဆိုင်ရာ ဆုံးဖြတ်ချက်များကို တူညီပြီး ခွဲခြားဆက်ဆံမှုမရှိသော နည်းလမ်းဖြင့် ဆောင်ရွက်ပါသည်။
၂၇.၅ Review များ၏ ယုံကြည်စိတ်ချရမှု
ကျွန်ုပ်တို့သည် အသုံးပြုသူ review များ၏ အဓိကအကြောင်းအရာ သို့မဟုတ် အမြင်သဘောထားကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုလုပ်ပါ။ Content သည် ကျွန်ုပ်တို့၏ policy များ သို့မဟုတ် သက်ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ပါက review system ၏ ယုံကြည်စိတ်ချရမှုနှင့် မှန်ကန်မှုကို ကာကွယ်ရန် ထို Content ကို အပြည့်အစုံ ဖယ်ရှားနိုင်ပါသည်။