- Burmese
- Noodles
- Rice Dishes
- Curry
- Tea Shop
ရွှေကံကော် (Shwe Pyi Soe Street)
ရွှေကံကော် (Shwe Pyi Soe Street) Reviews
Zaw
2 weeks ago
နံရိုးမှာတာ အသီးရွက်က ဘာလို့ပါတာလဲ
War
6 months ago
ဆိုင်ကိုလာပို့ခိုင်းရင် နန်းကြီးသုတ်ကြက်သားနဲ့တပွဲ ၄၅၀၀ ပဲ foodpanda က တပွဲကို ၈,၀၀၀ ယူတယ် အံ့ဩစရာပဲ 😂
paing
8 months ago
ခေါက်ဆွဲကြော် ပေးရတဲ့စျေးနဲ့ စားရတဲ့ အရသာ အရမ်းတန်ပါတယ် အရသာ အရမ်းကောင်းပါတယ် အားလုံးအဆင်ပြေပါတယ် ဇွန်း တောင်းတာ မထည့်ပေးတယတခုပဲ motelထဲမို့ စားဖို့ အခက်ခဲဖြစ်လို့ ဇွန်းယူမယ် အမှန်ခြစ်ထားမထည့်ပေးဘူး
Than
9 months ago
နေမကောင်းနေတာ မှာစားတဲ့တုန်ယမ်းဟင်းဘေးအဆင်ပြေလို့ အရမ်းစိတ်ချမ်းသာသွားတယ် ရွှေကံ့ကော်မိသားစု ကြီးပွားတိုးတက်ပါစေ
- ကုန်းဘောင်ဟင်းပွဲMMK 7,500
- တုန်ယမ်းဟင်းချိုMMK 6,000
လီလီေလး
9 months ago
ပေးရတဲ့ဈေးနဲ့အရမ်းအဆင်ပြေလို့အမြဲမှာစားဖြစ်တဲ့ဆိုင်ပါ ခေါက်ဆွဲကြော်အရမ်းကောင်းပါတယ်မွှေးနေတာပဲ
- ခေါက်ဆွဲကြော်MMK 8,000
khin
10 months ago
ငှက်ပျောပလာတာ တကယ်ကြိုက်ပါတယ်
- ငှက်ပျောပလာတာMMK 4,000
Myat
10 months ago
Note မှာပြောလိုက်တဲ့အတိုင်းသေချာလေးလုပ်ပေးပြီး၊ အရသာလေးလည်းအဆင်ပြေပါတယ်။(eg. ဂေါ်ဖီမထည့်ပါလို့ ရေးပေးလိုက်ရင် ထမင်းကြော်အတွက်အချဉ်ကိုပါ ပဲတီချဉ်လေးစီစဉ်ပေးတာမျိုး)စေတနာပါပါ ပြင်ဆင်ပေးမှုအတွက်ကျေးဇူးပါ
Chilling
7 months ago
ထုပ်ပိုးမှုညံ့။ လက်ဖက်ရည်က လျှံကျ၊ တ၀က်ဘဲပါလာ
Hsu
8 months ago
မှတ်ချက်ရေးပေးတာကို အလေးထားပြီးဖတ်ပေးရင်ပိုကောင်းပါမယ်
Kyawzin
8 months ago
အချဉ် ပါမလာပါ
Myinzu
7 months ago
ထည့်ပေးတဲ့ အသားတုံး အရမ်းသေးပါတယ် အရသာကတော့ အဆင်ပြေပါတယ်
Nay
1 month ago
မာလာခေါက်ဆွဲတဖက်မှ မပါ အသားလဲလုံးဝမပါ ပဲသီး ခရမ်းချဉ်သီး ဥနီ ဆလပ်ရွက်ပဲပါတဲ့အပြင် ဖက်ထုပ်တခုကပါလာသေး တွေ့ကာပစ်ထည့်ထားတဲ့အတိုင်းပဲ စိတ်ပျက်
Luuzawluumaw
2 months ago
ဇွန်းမပါတော့ဘာနဲ့စားရမှာတုံး
Nandar
10 months ago
တော်တော်များပြီးအရမ်းစားကောင်းလို့၂ကြိမ်ခွဲစားရတယ်
- ပသျှူးထမင်းကြော်MMK 6,000
Sofi
6 months ago
ထမင်းသုပ်၂ ပဲပြုတ်ထမင်း ၁မှာတာ ထမင်းသုပ်၁ ပဲပြုတ်ထမင်း၂ မှားထည့်ပေးလိုက်ပါတယ် ပဲပြုတ်ကလဲ မနဲရှာရပါတယ် ပိုက်ဆံတော့ ၂ပွဲစာယူပါတယိ
Hnin
6 months ago
အာလူးပူရီကြက်သားမပါလာပါ
Hsu
8 months ago
၅၅၀၀တန်မလိုင်ပလာတာက မလိုင်လုံးဝမထည့်ပေးဘဲ ပလာတာတစ်ဖတ်ပဲပါတယ်
Myat
9 months ago
ပဲ တွေက အစိမ်းနံ့တောင်မပျောက်သေးဘူး
Yamin
9 months ago
ပဲပလာတာလိပ်ခုတ် ပဲကချည်ပြီးသိုးနေပါတယ်။တစ်ခါဝယ်စားပဲ။ ပုံကလည်းတင်ပြလို့မရ။
Thae
9 months ago
နေမကောင်းလို့ အားရှိအောင် ကြက်ပေါင်းစွပ်ပြုတ်မှာတာ စိတ်ကူးထဲမှာ ကြက်ပေါင်လေးကိုက်မယ်ပေါ့ ကြက်သားဖတ်ကလေး2တုံးနဲ့ ကြာဇံပြုတ်ရောက်လာတယ် ကြက်သားပေါင်းရမှာအဆင်မပြေရင် ဈေးတင်ပေါ့ အခုကျ ကြာဇံဖတ်နဲ့ဟင်းရည်
Khaing
9 months ago
သေချာမှာတာနော် ငါးဖယ်ဖိူးယူပြီး ငါးဖယိမထည့် ငရုတ်သီးမှုန့်ထည့်ခိုင်းတာမပါ စိတ်ပျက်စရာ
Bhone
10 months ago
ဆံပင်မွေးပါလာသည်ဂရူစိုက်ပါ
Su
10 months ago
လက်ဖက်ရည် အရသာ မရှိပါ ပေါင်မုန့်ကြက်ဥကြော်တူးနေပါတယ်
- ပသျှူးထမင်းကြော်MMK 6,000
Eain
11 months ago
အရသာ တော့နဲနဲအဆင်ပြေပါတယ် အရောင်ကိုမကြိုက်ပါ အချဉ်လဲမပေးပါ အရည်လဲ မပေးပါ
Nandar
11 months ago
ထမင်းကြော်မှာတာ ဇွန်းလဲမပါအချဉ်လဲမပါ မှတ်ချက်လေးတွေသေချာဖတ်ကြပါအုံးနော် အရသာလေးတွေကတော့မဆိုးဘူးကောင်းပါတယ်
- ပသျှူးထမင်းကြော်MMK 6,000
- အာလူးချောင်းကြော်MMK 5,000
Nyein
11 months ago
ကြက်ဥပလာတာနှစ်ပွဲမှာတာကို ဖော့ဘူးတစ်ဘူးတည်းနဲ့ပေါင်းထည့်ပေးလိုက်တယ်ဆိုပြီး အထဲမှာ တစ်ပွဲပလာတာတစ်ချပ်ပဲပေးလိုက်ပါတယ် 21.5.25 / 1:10 ကမှာတဲ့ order ပါ