
- Thai
- Burmese
- Noodles
- Western Salads
- Tea & Coffee
အမရာ တီးဟောက်
အမရာ တီးဟောက် Reviews
V
2 days ago
ဒီတခေါက်perfectပါပဲ
Khin
3 days ago
ထုတ်ပိုးမှုလဲအဆင်ပြေတယ် အရသာလဲကြိုက်တယ်ရှင့် ကြာဇံကြော်သုတ်လေးအရမ်းကြိုက်တယ် မြေအိုးမြီးရှည်ကတော့မစားရသေးဘူးရှင့်
V
4 days ago
နန်းကြီးသုပ်တော်တော်ကောင်း။ မင်းဂတော်ထမင်းသုပ်ကအရသာတော့သိပ်မကောင်းပေမယ့်ပုစွန်တွေဘဲဥတွေနဲ့ယူထားတဲ့ဈေးကတန်ပါတယ်။ ရွှေတောင်ခေါက်ဆွဲကဒီတခေါက်တော်တော့်ကိုပေါ့တယ်။ တခြားစားစရာတွေလဲကောင်းပါတယ်။
22
5 days ago
ထမင်းကြော်ရယ်၊နန်းကြီးသုပ်ရယ်၊လက်ဖက်ရည်ရယ်ဝယ်တာတကယ်မဆိုးဘူး။လက်ဖက်ရည်ကပါဝင်တဲ့ပမာဏရောအရသာရောတကယ်မဆိုးဘူးစက္ကူဘူးနဲ့သေချာလေးထည့်ပေးတာ၊ထမင်းကြော်ရောနန်းကြီးသုပ်ရောတကယ်တန်တယ်၊မခိုမကပ်ဘူး၊ကြိုက်တယ်
V
1 week ago
ဒီတခေါက်လဲကောင်းနေတုန်းဗျာ အရသာရော သန့်ရှင်းမှုရော ဆီတော့နဲနဲများတယ် ဆီတော့နည်းနည်းလျှော့သုံးသင့်တယ်
V
1 week ago
မှာစားတာ3ခေါက်ရှိပြီ အရသာအတော်ကောင်းပါတယ် တခေါက်နဲ့တခေါက်မတူအောင်လဲအစုံမှာစားဖြစ်တယ် သန့်ရှင်းမှုလဲရှိတယ် ဈေးအနည်းငယ်ကြီးသလိုရှိပေမယ့် လက်ခံလို့ရပါတယ် qualityဆက်လက်ထိမ်းထားပါ phone number??
K
1 week ago
အရသာ/ထုပ်ပိုးမှု/ဈေးနှုန်းအစစအကုန်အဆင်ပြေပါတယ်
Kay
6 days ago
တူထည့်ဖို့မေ့သွားတာလားမသိ မပါလာပါ။ ဒင်းဆမ်းနဲ့လက်ဖက်ရည်တော့ကြိုက်၊ အီကြာကွေးကောင်းတယ်ညွှန်းကြလို့ရှာပေမဲ့မတွေ့လို့မစားရပါ။
Aye
6 days ago
ရှမ်းခေါက်ဆွဲမှာတာ ရှမ်းချဉ်လည်း မထည့်ပေးလိုက်ပါဘူး
junie
1 week ago
လက်ဖက်ရည်ကလည်း မှောက်လာတယ်။ အသုပ်မှာ တူလဲမပါလာဘူး။ အပြင်မှာစားဖို့အဆင်မပြေပါဘူး။ထုတ်ပိုးမှုလေး သတိထားပေးစေချင်တယ်။
V
3 days ago
တခြားမှာထားတာတွေကိုထည့်ပေးလိုက်တာကောင်းပါတယ် ဒါပေမယ့် အီကြာကွေးကိုထည့်ပေးလိုက်တာကအဆင်မပြေပါဘူး ဖော့ဗူးတွေပေါ်ဒီတိုင်းကြီးတင်ပေးလိုက်တယ် ပြီးတော့လဲအပေါ်ဘက်ကလဲမလုံဘူး။အရင်အခေါက်တွေလိုမဟုတ်တော့ပါလား
ခိုင်ခ ိုင်
3 days ago
စားလို့အဆင်ပြေပါတယ် အာလူးထမင်းနယ်က ကြက်သွန်ဖြူ ငရုတ်သီူကြော် ဂျူးမြစ် တို့ထည့်ပေးရင် ပိုအဆင်ပြေမယ် ခုဟာက ထမင်းသုပ်သီးသန့်ဖြစ်နေတယ် လဖက်ရည်တော့ အရမ်းအဆင်ပြေ
Zinmar
6 days ago
ပဲပြားအဆာသွပ်ကတလွဲကြီး အရသာလဲမကောင်း
La
Yesterday
ငါးဖယ်ကျန်ခဲ့ သတိထားစေချင်
Ei
2 days ago
ကြာဇံဆီချက်ကအချဉ်လဲမပါဘူးဟင်ကျိုလဲမပါဘူး😆

































































































