foodpanda ရဲ့ ငွေပေးချေမှုဆိုင်ရာ ဦးစားပေး မိတ်ဖက်ပါတနာ WavePay နဲ့ အဆင်ပြေလွယ်ကူစွာမှာယူလိုက်ပါ
ဗိုက်ဆာနေပြီလား?
မှာယူဖို့အဆင်သင့်ပဲလား?
သင်ကြိုက်နှစ်သက်ရာ အစားအသောက်အစုံကို အမိုက်ဆုံး စားသောက်ဆိုင်ပေါင်း ၁၀,၀၀၀ ကျော်ကနေ အခုပဲမှာလိုက်တော့နော်!
အမေးများသော မေးခွန်းများအတွက် အဖြေများ
အော်ဒါဘယ်လိုမှာယူမလဲ?
ဒီစာမျက်နှာမှာလည်း အော်ဒါဘယ်လိုမှာယူရမလဲနဲ့ ပတ်သတ်ပြီး အသေးစိတ်ဖော်ပြထားတာဖြစ်လို့ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဘောက်ချာကုတ်တွေ ဘယ်လိုယူလို့ရမလဲ?
"foodpanda deals" စာမျက်နှာမှာ ဘောက်ချာကုတ်နဲ့ ပတ်သတ်ပြီး အသေးစိတ်ဖော်ပြထားမှာဖြစ်လို့ မကြာခဏ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ Facebook ၊ Instagram နှင့် အက်ပ်မှာလည်း ပုံမှန်ကြေညာပေးမှာဖြစ်လို့ လက်မလွတ်ရလေအောင် Like နဲ့ Follow လုပ်ထားပါနော်။
အစားအသောက်ပို့ဆောင်မှုအတွက် ဘယ်လိုငွေပေးချေရမလဲ?
အိမ်အရောက်ငွေပေးချေမှု (သို့မဟုတ်) အွန်လိုင်းဖြင့်ငွေပေးချေမှုကို မိမိအဆင်ပြေရာ ရွေးချယ်၍ အလွယ်တကူငွေပေးချေနိုင်ပါတယ်။
မှာဖူးပြီးသားမီနူးတွေကို ဘယ်လိုပြန်မှာမလဲ?
ဆက်တင်ထဲမှ "အော်ဒါများ"ကို နှိပ်ပါ။ မိမိပြန်လည်မှာယူလိုသည့်ဆိုင်မှ ယခင်ကအော်ဒါကိုတွေ့လျှင် "ပြန်လည်မှာယူရန်"ကိုနှိပ်ပါ။ မှာခဲ့ဖူးသည့်မီးနူးမှ အသစ်ထပ်မံဖြည့်လိုသည်ရော ဖြုတ်လိုသည်ကိုရော အော်ဒါမတင်မီ ပြန်လည်ပြင်ဆင်နိုင်ပါသေးတယ်။ အချိန်ကုန်သက်သာစေဖို့ ယခင်မှာဖူးပြီးသားမီးနူးတွေကို လွယ်လွယ်ထပ်မှာလိုက်ပါ။
ဘယ်လို ကြိုတင် အော်ဒါမှာမလဲ?
ပို့ဆောင်ပေးစေလိုတဲ့ နေရာကို ရွေးချယ်ပါ။ စားသောက်ဆိုင်နဲ့ သုံးဆောင်လိုသော မီနူးကို ရွေးချယ်ပြီးတဲ့အခါ "ပို့ဆောင်ချိန် ပြောင်းလဲမည်" ကိုရွေးပါ။ မိမိအဆင်ပြေမယ့် အချိန်ကိုရွေးပြီး "Update ပြုလုပ်ပါ"ကိုနှိပ်၍ အော်ဒါတင်လိုက်ပါ။ သတ်မှတ်ထားချိန်တွင် လူကြီးမင်းထံ အရောက်ပို့ဆောင်ပေးမှာပါ။