Terms & Conditions - Food Reviewer Contest in Myanmar

Food Reviewer Contest
၏ စည်းကမ်းသတ်မှတ်ချက်များ

အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များသည် foodpanda Myanmar မှ ကြီးမှူးကျင်းပသည့် Food Reviewer Contest (“Contest”)တွင် အကျုံးဝင်မည်ဖြစ်ပါသည်။ ဤပြိုင်ပွဲသို့ဝင်ရောက်ခြင်းဖြင့် ပြိုင်ပွဲဝင်သူများသည် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့် နောင်လာမည့် ပြင်ဆင်ချက်များကိုပါ လိုက်နာရန်သဘောတူရမည်ဖြစ်သည်။

ပြိုင်ပွဲ ၏ အချိန်ကာလ

  • အစီအစဉ်ကာလမှာ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁ )ရက် နေ့ နံနက် (၀၀:၀၁) နာရီ မှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့အထိဖြစ်ပါသည်။ foodpanda Myanmar သည် ဤပြိုင်ပွဲကျင်းပမည့် နေ့ရက် သို့မဟုတ် ပြိုင်ပွဲပြီးဆုံးမည့်ရက် သို့မဟုတ် စည်းကမ်းချက်များကို ၎င်း၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ပိုင်ခွင့်ရှိပါသည်။
  • ဗီဒီယို/ဓါတ်ပုံ တင်သွင်းရန် နောက်ဆုံးနေ့ (အထက်တွင်ဖော်ပြထားသည့်အတိုင်း) ပြီးနောက် တင်သွင်းသည့်ပြိုင်ပွဲဝင် ဗီဒီယိုများအား foodpanda Myanmar မှ ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

ပြိုင်ပွဲအရည်အချင်းပြည့်မှီမှုနှင့် တင်သွင်းမှု

  • အစီအစဉ်တွင်ပါဝင်ရန်လုပ်ဆောင်ရမည့်အဆင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 
    • ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီရန်၊ ပြိုင်ပွဲ၀င်သူအားလုံးသည် အောက်ပါ အခြေအနေများနှင့် ကိုက်ညီရမည်။
    • ကြာမြင့်ချိန် အနည်းဆုံး စက္ကန့် ၃၀ နှင့်အထက် အစားအသောက် သုံးသပ်ချက် ဗီဒီယို (food review video) တစ်ခုကိုရိုက်ပါ။ (သို့မဟုတ်) ဓါတ်ပုံ ၄ ပုံပါဝင်သော အစားသောက် သုံးသပ်ချက် ဓါတ်ပုံများရိုက်ပါ။ 
    • ထို့နောက် #foodpandaနဲ့အလွယ်ဆုံးမှာ #Waveနဲ့ပဲမှာတိုင်းရှင်းတို့နှင့်အတူ မိမိကြိုက်နှစ်သက်ရာ အွန်လိုင်း ဆိုရှယ်မီဒီယာတွင် public နှင့်တင်ပါ။ 
    • ထိုဗီဒီယို/ဓါတ်ပုံ၏ လင့်ခ်ကို foodpanda Myanmar Facebook စာမျက်နှာတွင်တင်ထားသော အစီအစဉ် ကြေညာချက် ပို့စ်အောက်တွင် ကောမန့်ပေးပေးရပါမည်။ 
  • ပြိုင်ပွဲဝင်သူအနေဖြင့်လည်းကောင်း ဆုရရှိသူဖြစ်သော်လည်း သတ်မှတ်ထားသောစည်းကမ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိပါက အဆိုပြိုင်ပွဲဝင်သူ၏ ဗီဒီယို/ဓါတ်ပုံသည် အရည်အချင်းမပြည့်မီသည့် ဗီဒီယိုအဖြစ် သတ်မှတ်မည်ဖြစ်ပါသည်။ဆုရရှိသူဖြစ်ခဲ့သော် ထိုပြိုင်ပွဲဝင်သူသည် မိမိရရှိခဲ့သော ဆုများကို foodpanda Myanmar အား ပြန်လည်ပေးအပ်မည်ဖြစ်သည်။
  • ပြိုင်ပွဲဝင်သူများအနေဖြင့် ဤပြိုင်ပွဲအတွက် ဝင်ခွင့် ဗီဒီယို/ဓါတ်ပုံ (၁) ခုကိုသာ တင်သွင်းရမည်ဖြစ်သည်။

ဤပြိုင်ပွဲကို ဝင်ရောက်ခြင်းဖြင့် ပါဝင်သူတိုင်းသည် အောက်ဖော်ပြပါ အချက်များကို တာဝန်ယူ သဘောတူ၊ ကိုယ်စားပြုပြီး လက်ခံရပါမည်-

  • ပြိုင်ပွဲဝင်သူသည် အောက်ဖော်ပြပါ စည်းမျဥ်းစည်းကမ်းများအပြင် နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် လိုအပ်သလို ပြင်ဆင်မှုများကို ဖတ်ရှုနားလည်သဘောပေါက်ပြီး လိုက်နာရန် သဘောတူပါသည်။
  • ပြိုင်ပွဲဝင်သူ ဖန်တီးထားသည့် ဗီဒီယို/ဓါတ်ပုံကို တင်သွင်းရာ၌ အသုံးပြုသည့် ဆိုရှယ်မီဒီယာအကောင့်သည် ပြိုင်ပွဲဝင်သူကိုယ်တိုင်၏ အ‌ကောင့်ဖြစ်ရပါမည်။ 
  • ပြိုင်ပွဲဝင်သူ ဖန်တီးထားသည့် ဗီဒီယို/ဓါတ်ပုံသည် ပြိုင်ပွဲဝင်သူ ကိုယ်တိုင်ရိုက်ကူးထားသော မူရင်းလက်ရာဖြစ်ရပါမည်ဖြစ်ပြီး ပြိုင်ပွဲဝင်သူသာလျှင် အဆိုပါ ဗီဒီယို/ဓါတ်ပုံနှင့် ပက်သက်သော မူပိုင်ခွင့်နှင့် ပတ်သက်သော မူပိုင်ခွင့်အားလုံး၏ တစ်ဦးတည်းပိုင်ရှင်သာဖြစ်ပါသည်။
  • ပြိုင်ပွဲတွင် တင်သွင်းထားသည့် ဗီဒီယို/ဓါတ်ပုံအား ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ စီးပွား ဖြစ်ရည်ရွယ်ချက်အတွက် အသုံးပြုခြင်း သို့မဟုတ် အခြားပြိုင်ပွဲများတွင် ထပ်မံတင်သွင်းခြင်း မပြုရပါ။
  • ပြိုင်ပွဲဝင်သူ သို့မဟုတ် တင်သွင်းထားသည့် ဗီဒီယို/ဓါတ်ပုံသည် ဥပဒေအကြောင်းအရာအရဖြစ်စေ၊ စည်းမျဉ်းများ သို့မဟုတ် စာချုပ်များအရဖြစ်စေ ပြင်ပအဖွဲ့အစည်း၏ မူပိုင်ခွင့်၊ ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးနှင့် ကိုယ်ရေးကိုယ်တာအခွင့်အရေးများကို ချိုးဖောက်ထားခြင်းမရှိရပါ။
  • foodpanda Myanmar သည် ပြိုင်ပွဲဝင်သူ၏ ဗီဒီယို/ဓါတ်ပုံကို မည်သည့်အချိန်တွင်မဆို မည်သည့်မီဒီယာဖော်မတ်တွင်ဖြစ်စေ၊ မည်သည့်မီဒီယာချန်နယ်တွင်ဖြစ်စေ အသုံးပြုခြင်း၊ ပြန်လည်ထုတ်လုပ်ရန် အသုံးပြုခြင်း၊ ပုံစံပြောင်းလဲ ပြင်ဆင်ခြင်း၊ လိုက်လျောညီထွေဖြစ်အောင် ထုတ်ဝေခြင်း၊ ပြသခြင်း၊ ထုတ်လွှင့်ခြင်း၊ ဖန်သားပြင်တွင် ပြသခြင်း၊ ဖြန့်ဝေခြင်း၊ ဆက်သွယ်ခြင်း၊ စီပွားရေးအရ ပြန်လည်အသုံးပြုခြင်းတို့ကို လွတ်လပ်စွာ ထပ်ဆောင်းအခကြေးငွေပေးခြင်းမရှိဘဲ အသုံးပြုခွင့်ရရှိထားပါသည်။ 
  • ပြိုင်ပွဲ၀င်သူ တင်သွင်းထားသော ဗီဒီယို/ဓါတ်ပုံသည် မူပိုင်ခွင့်အနေဖြင့် ဗီဒီယို/ဓါတ်ပုံ၏ အစိတ်အပိုင်းတစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခုကို ပေါင်းစပ်ထည့်သွင်းထားသော်လည်း ပြိုင်ပွဲဝင်သူသည် ဗီဒီယို/ဓါတ်ပုံမှ ဆင်းသက်လာသော သို့မဟုတ် တီထွင်ဖန်တီးထားသည့် မူပိုင်ခွင့်များအတွက် မည်သည့်အခွင့်အရေး၊ ပိုင်ဆိုင်ခွင့် သို့မဟုတ် အကျိုးခံစားခွင့်မှမရှိစေရပါ။ 
  • ပြိုင်ပွဲ၀င်သူသည် ဖန်တီးသူအဖြစ် သတ်မှတ်ခံရပိုင်ခွင့်အပါအဝင် ပြိုင်ပွဲ၀င် ဗီဒီယို/ဓါတ်ပုံတွင် ၎င်း၏ ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးများကို ပြန်ရုတ်သိမ်းခြင်းမရှိဘဲ ချွင်းချက်မရှိ စွန့်လွှတ်ပါသည်။ 
  • အကယ်၍ ပြိုင်ပွဲ၀င်သူအား အနိုင်ရရှိသူအဖြစ် ရွေးချယ်ခံရပါက၊ အဆိုပါအနိုင်ရရှိသူသည် foodpanda Myanmar မှ လိုအပ်ချက်အရ ပြုလုပ်သော ဆက်စပ် လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။

သတ်မှတ်ချက်များနှင့်ဆုများကိုအကဲဖြတ်ခြင်း

  • အနိုင်ရရှိသူများကို ရွေးချယ်ပြီးနောက် ဆုငွေများကို အောက်ပါ အတိုင်းပေးသွားမည်ဖြစ်ပါသည်။ 

ကဏ္ဍရွရွေးချယ်မှုစည်းမျဉ်းစည်းကမ်းများအနိုင်ရရှိသူအရေအတွက်အနိုင်ရရှိသူတစ်ယောက်ခြင်းစီအတွက် ဆု‌ငွေ
အစီအစဉ် အနိုင်ရရှိသူ: foodpanda Choice (ဗီဒီယို)foodpanda ၏ရွေးချယ်မှုအပေါ် အခြေခံ၍ ဖန်တီးမှု အကောင်းဆုံး နှင့် စိတ်ဝင်စားမှုအရှိဆုံး ဗီဒီယို၁ ဦးသိန်း ၂၀ WavePay e-money + ‘Panda Food Vlogger’ ဖြစ်ခွင့်
အစီအစဉ် အနိုင်ရရှိသူ: foodpanda Choice (ဓါတ်ပုံ)foodpanda ၏ရွေးချယ်မှုအပေါ် အခြေခံ၍ ဖန်တီးမှု အကောင်းဆုံး နှင့် စိတ်ဝင်စားမှုအရှိဆုံး ဓါတ်ပုံ၁ ဦးသိသိန်း ၂၀ WavePay e-money + ‘Panda Food Vlogger’ ဖြစ်ခွင့်
အစီအစဉ် အနိုင်ရရှိသူ: SerMal ChoiceSerMal ၏ရွေးချယ်မှုအပေါ် အခြေခံ၍ ဖန်တီးမှု အကောင်းဆုံး နှင့် စိတ်ဝင်စားမှုအရှိဆုံး ဗီဒီယို၁ ဦးသိန်း ၂၀ WavePay e-money + ‘Panda Food Vlogger’ ဖြစ်ခွင့်

* အနိုင်ရရှိသူများကို foodpanda Myanmar သို့မဟုတ် SerMal ၏ ဆုံးဖြတ်ချက်အရ အသီးသီး ရွေးချယ်မည်ဖြစ်သည်။


  • ဆု‌ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားကာ ‌ရွေးချယ်သွားမည်ဖြစ်ပါသည်။ 
    • တီထွင်ဖန်းတီမှု 
    • လူအများမှ စိတ်ဝင်စားမှု
    • ‌မိမိ ဖော်လိုဝါများနှင့် အဆက်အသွယ်ရှိမှု 
    • အစားအသောက်များကို ကောင်းစွာဖော်ပြနိုင်စွမ်းရှိမှု 
  • foodpanda Myanmar မှ အနိုင်ရရှိတစ်ဦးစီအား ၄င်းတို့ပြိုင်ပွဲ၀င် ဗီဒီယို/ဓါတ်ပုံ တင်သွင်းထားသော ဆိုရှယ်မီဒီယာချန်နယ်မှတစ်ဆင့် ဆက်သွယ်ပေးမည်ဖြစ်ပါသည်။
  • foodpanda Myanmar သည် ပြိုင်ပွဲကျင်းပမည့်ရက်စွဲ သို့မဟုတ် သတ်မှတ်ရက် သို့မဟုတ် စည်းကမ်းချက်များကို ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲပိုင်ခွင့်ရှိသည်။

Panda Food Vlogger

  • ပြိုင်ပွဲအနိုင်ရရှိသူ ("အနိုင်ရရှိသူ") ဖြစ်လာခြင်းဖြင့် အဆိုပါ အနိုင်ရရှိသူတစ်ဦးစီသည် foodpanda Myanmar နှင့် စာချုပ်ချုပ်ဆိုပြီး foodpanda Myanmar's Panda Food Vlogger အဖြစ် ခန့်အပ်ခြင်းခံရမည်ဖြစ်ပါသည်။ ပြိုင်ပွဲအနိုင်ရရှိသူတိုင်းသည် Panda Food Vlogger တစ်ဦးအနေဖြင့် အောက်ပါ လုပ်ငန်းစဥ် များအား ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။
    • အနိုင်ရရှိသူသည် တစ်လလျှင် အစားအသောက် သုံးသပ်ချက် ဗီဒီယို/ဓါတ်ပုံ (food review video) ၂ ကြိမ် ဖန်တီးရမည်ဖြစ်ပြီး ဆိုရှယ်မီဒီယာတွင် public setting ဖြင့် တင်ပေးရန် လိုအပ်ပါသည်။ 
    • ဗီဒီယို/ဓါတ်ပုံများ၏ မူလအကြောင်းအရာမှာ foodpanda Myanmarမှ မှာယူထားသော အစားအသောက်အပေါ် ပြန်လည်သုံးသပ်ခြင်း ဗီဒီယို/ဓါတ်ပုံများ ဖြစ်ရမည်ဖြစ်ပြီး WavePay ဖြင့် ငွေပေးချေမှုကိုလည်း ယင်းဗီဒီယို/ဓါတ်ပုံထဲတွင် ပြသရန် လိုအပ်ပါသည်။
    • ဗီဒီယိုများသည် အနည်းဆုံး တစ်မိနစ်ကြာရန် လိုအပ်သည်။ ဓါတ်ပုံဖြစ်ခဲ့လျှင် အနည်းဆုံး ဓါတ်ပုံ (၄) ပုံပါဝင်ရပါမည်။
    • ဗီဒီယို/ဓါတ်ပုံအတွင်း ပြောပြသွားမည့် စားသောက်ဆိုင်နှင့် အသေးစိတ်အကြောင်းအရာများကို အနိုင်ရရှိသူနှင့် foodpanda ကြား ကြိုတင်ညှိနှိုင်းသ‌ဘောတူထားရမည်ဖြစ်ပါသည်။ 
    • အနိုင်ရရှိသူနှင့် foodpanda Myanmar တို့ကြားစာချူပ်ချုပ်ဆိုသည့်နေ့မှစ၍ ၆ လအတွင်း အခြားသော အစားအသောက် ပို့ဆောင်ရေး ပြိုင်ဖက်အမှတ်တံဆိပ်များနှင့် လက်တွဲ အလုပ်လုပ်ခြင်းမပြုရပါ။ 
    • အနိုင်ရရှိသူတစ်ဦးစီတိုင်းသည် ၎င်းတို့ ဖန်တီးထားသည့် Panda Food Vlogger ဗီဒီယို/ဓါတ်ပုံများနှင့် စပ်လျဉ်း၍ ရပိုင်ခွင့်များ၊ ပိုင်ဆိုင်ခွင့်များနှင့် အကျိုးစီးပွားများ (မူပိုင်ခွင့်အားလုံးနှင့် အခြားမူပိုင်ခွင့်အခွင့်အရေးများအပါအဝင် အကန့်အသတ်မရှိစေဘဲ) အားလုံးကို foodpanda Myanmar သို့ အတိအလင်း လွှဲပြောင်းပေးရမည်ကို သဘောတူပြီး အနိုင်ရရှိသူသည် ဤအခွင့်အရေးများကို foodpanda Myanmarသို့ အပ်နှံမှု ပြီးပြည့်စုံစေရန် လိုအပ်သမျှကို လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။
  • တစ်ဖန် foodpanda သည် Panda Food Vlogger တစ်ဦးစီအား အောက်ဖော်ပြပါ ခံစားခွင့်များကို ပေးသွားမည်ဖြစ်ပါသည်။
    • ၃ လတာအတွက် တစ်လလျှင် ၃ သိန်းကျပ်ဖြင့်၊ စုစုပေါင်း WavePay e-money ၉ သိန်းကျပ် ဆုအား ၎င်းတို့၏ အစားအသောက် သုံးသပ်ချက် ဗီဒီယို/ဓါတ်ပုံ (food review video) များအတွက် အစားအသောက်မှာယူရန် ဆုချီးမြှင့်မည်ဖြစ်ပါသည်။
    • foodpanda Myanmar ၏ တစ်ဦးတည်းဆုံးဖြတ်ချက်အရ အနိုင်ရရှိသူတစ်ဦးစီမှ တစ်လလျှင် ဗီဒီယို/ဓါတ်ပုံ ၁ခု အား foodpanda Myanmar ၏ Facebook တွင် ပြန်လည်တင်ပေးပါမည်။ 
  • အထက်ဖော်ပြပါ အခြေအနေများကို လိုက်နာပြီး အစီအစဉ်တွင် ပါဝင်ခြင်းဖြင့်၊ အနိုင်ရရှိသူသည် 'Panda Food Vlogger' အဖြစ်ခန့်အပ်ရန် စာချုပ်တွင်ပါဝင်သည့် လိုအပ်ချက်အပါအဝင် ဖြည့်ဆည်းပေးရမည့် အခြေအနေများနှင့် ကတိကဝတ်များကို အပြည့်အဝ နားလည်သဘောပေါက်ပြီး အသိအမှတ်ပြုကြောင်း အတည်ပြုပါသည်။ အနိုင်ရရှိသူသည် ဖော်ပြပါအခြေအနေများနှင့် ကတိကဝတ် ပြုထားသည့်အတိုင်း သဘောမတူပါက သို့မဟုတ် အနိုင်ရရှိသူသည် 'PandaFood Vlogger' ကို ခန့်အပ်ရန် foodpanda Myanmar နှင့် စာချုပ်ချုပ်ဆိုထားခြင်း မရှိပါက foodpanda Myanmar အနေဖြင့် အနိုင်ရရှိသူအား သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟု သတ်မှတ်နိုင်ပြီး အနိုင်ရသူအသစ်အား ထပ်မံ၍ ရွေးချယ်ပိုင်ခွင့် အပြည့်အဝရှိပါသည်။ 

အထွေထွေပြဌာန်းချက်များ

  • foodpanda Myanmar သည် ဤစည်းမျဥ်းစည်းကမ်းနှင့်သတ်မှတ်ချက်များကို ပြင်ဆင်ခွင့်ရှိသည်။ ထို့အပြင် ဤပြိုင်ပွဲအား ပြောင်းလဲခြင်း၊ ပြန်လည်စီစဉ်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ပြိုင်ပွဲ၀င်ဗီဒီယို/ဓါတ်ပုံများအား ပယ်ဖျက်ခြင်းတို့ကို ပြိုင်ပွဲဝင်များအား ကြိုတင်အသိပေးခြင်း နှင့် ပြိုင်ပွဲဝင်များအပေါ်တွင် ဖြစ်ပေါ်လာသော အခြေအနေများကို တာဝန်ယူမှုလိုအပ်ခြင်း မရှိစေဘဲ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အချိန်မရွေး ဆောင်ရွက်ခွင့်ရှိသည်။ တစ်ဦးချင်းပြိုင်ပွဲဝင်သည် ပြိုင်ပွဲတွင် ဆက်လက်ပါဝင်ခြင်းဖြင့် မည်သည့် ပြောင်းလဲမှုကိုမဆို လက်ခံပါသည်ဟု သဘောတူကြောင်း သတ်မှတ်ပါသည်။
  • မည်သည့်အချိန်တွင်မဆို အနိုင်ရရှိသူသည် အထက်တွင်ဖော်ပြထားသည့် လိုက်နာ ဖြည့်ဆည်းပေးရန်လိုအပ်သော အခြေအနေများကိုသ‌ဘောမတူပါက foodpanda Myanamar အနေဖြင့် အနိုင်ရရှိသူအား သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟု သတ်မှတ်ပိုင်ခွင့် အပြည့်အဝရှိပါသည်။
  • ဆုများကို လွှဲပြောင်းခြင်း သို့မဟုတ် လဲလှယ်ခြင်း မပြုရ။
  • အနိုင်ရရှိသူဘက်မှ သဘောတူညီချက်ပါဝင်ပြီး အနိုင်ရရှိသူသည် ဆုအားလက်ခံရရှိပြီးသည့်နောက် ဥပဒေအရအသုံးပြုရန်လိုအပ်သည့် နေရာမှလွဲ၍ ၎င်းတို့၏အမည်၊ ဓာတ်ပုံ၊ အသံနှင့် (သို့မဟုတ်) ရုပ်ပုံများအား foodpanda Myanmar ၏ ကြော်ငြာ၊ ပရိုမိုးရှင်း၊ စျေးကွက်ရှာဖွေရေးနှင့် (သို့မဟုတ်) ယင်းရည်ရွယ်ချက်များအတွက် နောက်ထပ် အခကြေးငွေမပါဝင်ဘဲ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ အကန့်အသတ်မရှိ အသုံးပြုခြင်းကို ခွင့်ပြုသည်ဟု မှတ်ယူပါသည်။
  • ဆုကို လက်ခံလိုက်သောအခါ အနိုင်ရသူသည် foodpanda Myanmar သို့ တောင်းဆိုမှုများ၊ နစ်နာမှုများ၊ ဆုံးရှုံးမှုများ၊ စရိတ်များ၊ ကုစားမှုများ၊ တာဝန်များနှင့် ကာကွယ်မှုများ (“တောင်းဆိုမှုများ”အဖြစ်သတ်မှတ်နိုင်သည်) တောင်းဆိုနိုင်ခွင့်ကို စွန့်လွှတ်ရန် သဘောတူညီပါသည်။ အနိုင်ရသူသည် foodpanda Myanmar၊ ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ၊ ဒါရိုက်တာများ၊ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအား ဤပြိုင်ပွဲမှ တိုက်ရိုက် (သို့မဟုတ်) စပ်လျဉ်း၍ ပေါ်ထွက်လာသော တောင်းဆိုမှုများမှ ကာကွယ်ပေးရန် နှင့် လိုအပ်သည်များကို ပေးလျော်ရန် သဘောတူညီပါသည်။
  • ဤအစီအစဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ အငြင်းပွားဖွယ်ဖြစ်လာပါက foodpanda Myanmar ကသာ နောက်ဆုံးဆုံးဖြတ်ချက်ကို ချပိုင်ခွင့်ရှိပါသည်။ 
  • foodpanda Myanmar နှင့် ၎င်း၏တွဲဖက်ကုမ္ပဏီများမှ ဝန်ထမ်းများ သည် ဤအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။
  • foodpanda Myanmar သည် ဤအစီအစဉ်နှင့် သက်ဆိုင်သော စည်းမျဥ်းစည်းကမ်းများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ရပ်စဲပိုင်ခွင့်ကို လက်ဝယ်ရှိပါသည်။
  • သက်ဆိုင်ရာစီရင်ပိုင်ခွင့်ရှိသော တရားရုံးမှ ဤစည်းမျဥ်းစည်းကမ်းပါ ပြဋ္ဌာန်းချက်များ၏ အလုံးစုံ သို့မဟုတ် တစိတ်တပိုင်းအား တရားမ၀င်ခြင်း သို့မဟုတ် မခိုင်လုံခြင်း သို့မဟုတ် အကျုံးမ၀င်ခြင်းဟု ဆုံးဖြတ်ချက်ချပါက အဆိုပါ ပြဋ္ဌာန်းချက်များကို ဤစည်းမျဥ်းစည်းကမ်းများမှ ပယ်ဖျက်မည်ဖြစ်ပြီး ဤစည်းမျဥ်းစည်းကမ်းများနှင့်လည်း တည်ဆဲအကျိုးသက်ရောက်မှု မရှိစေရပါ။ သို့ရာတွင် ကျန်ရှိသည့် ပြဋ္ဌာန်းချက်များသည် တည်ဆဲအကျိုးသက်ရောက်မှု ရှိပါသည်။